ကိုယ်နဲ့ရင်းနှီးတဲ့သူ ခင်မင်တဲ့သူကပဲ ကိုယ့်ကိုအများဆုံး ဒုက္ခပေးနိုင်တာနော်။ ကိုယ့်ကိုတခါမှ မမြင်ဘူးတဲ့သူ တခါမှမကြားဖူးတဲ့သူက ကိုယ့်ကိုစိတ်ဆင်းရဲအောင် လုပ်ပါတယ်ဆိုတာ ဘယ်နှစ်ခါကြုံဖူးသလဲ။ အင်မတန် ရှားပါတယ်။ အဲဒီလူအားလုံးကို နားလည်ပြီးတော့ ခွင့်လွှတ်ဖို့ လိုတယ်။ ကိုယ့်ကို တစ်နည်းနည်းနဲ့ စိတ်ဆင်းရဲအောင် လုပ်မိတာတွေထဲမှာ ဘယ်နှစ်နည်းနဲ့ စိတ်ဆင်းရဲအောင် လုပ်လို့ရသလဲ။ လုပ်မိတတ်သလဲ။ မှတ်ထားတာ ၉-မျိုးတွေ့တယ်။ ကိုယ့်ဟာကိုလည်း နောက်ထပ်ဖြည့်ပြီးတော့ စဉ်းစားပါနော်…
ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူလိုက်တာလည်း မဟုတ်ဘူး။ အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။ အထက်စီးက နေတာလည်း မဟုတ်ဘူး။ အောက်ကျို့တာလည်း မဟုတ်ဘူး။ ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို လွတ်လပ်မှု ပေးလိုက်တာပဲ။ ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့် ပေးလိုက်တာပဲ။
ခွင့်လွှတ်တယ်ဆိုတာ ဘေးလူမြင်ကောင်း ကြားကောင်အောင် လုပ်တဲ့အလုပ် မဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာတကယ် လွတ်လပ်မှု ရသွားအောင် တကယ် ငြိမ်းချမ်းသွားအောင် လုပ်တဲ့အလုပ် ဖြစ်တယ်။
ရန်ငြိုးဖွဲ့နေရတာ မုန်တီးနေရတာ မကျက်သေးတဲ့ဒဏ်ရာဟောင်းတွေကို ပြုစုနေရတာနဲ့ ကုန်နေရတဲ့အင်အားတွေကို ပိုပြီးတော့ ကောင်းတဲ့နေရာမှာ အသုံးပြုနိုင်အောင် လွတ်လပ်အောင် လုပ်တာဟာ ခွင့်လွှတ်တာပဲ။
ခွင့်လွှတ်နိုင်တာဟာ အလွန်ကြီးမားတဲ့ စွမ်းအားတစ်မျိုး ဖြစ်တယ်၊ ကြီးမားတဲ့စွမ်းအင် ဖြစ်တယ်။ ခွင့်လွှတ်တယ်ဆိုတာ စိတ်ဓာတ်ရောအသိဥာဏ်ပါ ကြီးမားတဲ့သူရဲ့ လုပ်ရပ်ဖြစ်တယ်။ ခွင့်မလွှတ်နိုင်တာဟာ စိတ်ဓာတ်အင်အား အသိဥာဏ်အင်အား နည်းသေးတဲ့သူရဲ့ အလုပ်ဖြစ်တယ်။
ခွင့်လွှတ်တယ်ဆိုတာ စာရင်းဟောင်းတွေကို ရှင်းပစ်လိုက်တာဘဲ။ ငါ ဒီခွင့်မလွှတ်နိုင်ခြင်းဆိုတဲ့ ခံစားမှုထဲမှာ ထောင်ကျခံပြီးတော့ မနေတော့ဘူး။ ကိုယ့်ကိုယ်ကို ကိုယ် ထောင်ချထားတာပဲ ဆိုတာကို မြင်ဖို့လိုတယ်။ အဲဒီလို မြင်ပြီးတော့ ကိုယ့်ထောင်တံခါးကိုကိုယ် ဖွင့်ပြစ်လိုက်တာပဲ။
ဒီဒေါသစိတ်ကလေးဟာ မကျေနပ်တဲ့ အတွေးကလေးပဲ ဒေါသစိတ်ကလေးဟာ ငါ မဟုတ်ဘူး သူသဘာဝနဲ့သူပဲ။ အဲဒီလိုစိတ်ကလေးကို ငါ မဟုတ်တဲ့စိတ်ကလေးအနေနဲ့ ဒေါသစိတ်ကလေးအနေနဲ့ မြင်တတ်သွားပြီဆိုရင် ခွင့်လွတ်ရတာ ပိုလွယ်သွားတယ်။
You are more available to other people.
ကိုယ်က စိတ်ငြိမ်းချမ်းမှု ရှိနေတဲ့အခါမှာ ကိုယ့်ကိုယ်ကို သူများအတွက် ပိုပေးနိုင်တယ်။ သူများကို ပိုပြီး အာရုံပြုနိုင်တယ်။ အကူညီပေးနိုင်တယ်။ ကိုယ်ချင်းစာနိုင်တယ်။ သူတို့ပြောတာတွေကို သေသေချာချာ နားလည်နိုင်အောင် နားထောင်နိုင်တယ်။ စဉ်းစားနိုင်တယ်။
To error is human. But to forgive devine.
လူဆိုတာမှားတတ်ပါတယ်။ ဒါပေမယ့် ခွင့်လွှတ်ခြင်းဟာ မြင့်မြတ်ပါတယ်။ တကယ်တော့ သူများကို ဒုက္ခရောက်အောင် မလုပ်ဘူးတဲ့သူဟာ မရှိပါဘူး။ ခွင့်လွှတ်တယ်ဆိုတာ အင်မတန်နက်နဲ ပါတယ်။ အပြစ်မတင်တော့ဘူးဆိုရင် ခွင့်လွှတ်နေဖို့လည်း မလိုတော့ဘူးနော်။ ခွင့်လွှတ်စရာ မလိုတော့ဘူးဆိုရင် ဘယ်လောက် လွတ်လပ်ပြီးတော့ ဘယ်လောက်အေးချမ်းသွားမလဲ နော်။
ကိုယ်လုပ်ခဲ့သမျှကို ပြန်ကြည့်ပြီးတော့ မှားတာကိုတော့မှားပါတယ်လို့ ရိုးရိုးသားသား တိတိကျကျ ဝန်ခံဖို့လိုတယ်။ ပြီးရင် ငါ့ကိုယ်လည်းငါ ခွင့်လွှတ်လိုက်မယ်။ ရှေ့လျှောက် ငါကောင်းတာတွေ လုပ်တော့မယ်။ နောင်တရပြီးတော့ တစ်နေ့တစ်နေ့ အချိန်မကုန်ချင်တော့ဘူး။ ငါ ဘယ်သူ့အပေါ်မှာမှ မကျေနပ်မှုမရှိဘူး။ ဘယ်သူ့ကိုမှ ရန်ငြိုးလည်း မထားဘူး။ ကလဲ့စားလည်း မချေဘူး။ ငါအပေါ်မှာလည်း ဘယ်သူကမှ မုန်းတီးနေတာ ရန်ငြိုးထားနေတာ နာကျည်းနေတာ မရှိဘူးဆိုတာလေး သိသွားရရင် တော်တော်ကောင်းမှာဘဲနော်…
ဆရာတော်ဦးဇောတိက
http://www.sainoomkhay.tk/ မှကူးယူဖော်ပြပါသည်။
|
Sunday, July 10, 2011
ဝါဆိုဝါကပ်ကြရန်မြတ်စွာဘုရားသည်...
ဝါဆို ၀ါကပ်ခြင်း
ဗိမ္ဗိသာရမင်းသည် ဘုရားရှင်ကို ဘုရားမဖြစ်ခင်ကပင် လေးစားကြည်ညိုသူဖြစ်၏၊ ဘုရားမဖြစ်ခင် ကပိလ ၀တ် မင်းနေပြည်တော်ကို စွန့်၍ တောထွက်လာရာ ဝေဘာရတောင်ခြေ ခေတ္တနားနေခိုက် သူ့နိုင်ငံကို တစ် ၀က် ခွဲပေးမည်ဟု မင်းစည်းစိမ်ခြင့် ဖိတ်မာန်ခဲ့ဘူး၏ဘုရားအလောင်းတော်က မင်းစည်းစိမ် မမက်၍ ဘုရားဖြစ်ရန် တောထွက်လာခဲ့သည်ဟုပြန်လည် ဖြေကြားသောအခါ ဗိမ္ဗိသာရ ဘုရင်မင်းမြတ်က “ သမ္မာသမ္ဗုဒ္ဓ - ဘုရား ” ဖြစ်လျှင်သူ့နိုင်ငံ သူတိုင်းပြည်သို့ အရင်ဆုံးကြွရောက် ချီးမြှောက်တော်မူ ပါရန် လျှောက်ထားလိုက်၏
သူ့နိုင်ငံ သူ့တိုင်းပြည်ဟူသည် “ ဝေဘာရတောင် ဝေပုလ္လတောင် ပဏ္ဍ၀တောင် ဂိဇ္ဈကူဋ တောင် ဣသိဂိလိတောင် ” ဟူသော တောင်ငါးလုံး ၀န်းရံနေသည့် ရာဇဂဟခေါ် ရာဇဂြိုဟ်မည် မင်းနေပြည်ဖြစ်ပါ၏
မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစားကြွေးရာဖြစ်သော ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးမူနေခိုက်ဖြစ်၏၊ ထိုအချိန်က ရဟန်းတော်များ ၀ါဆိုရန် သတ်မှတ်ချက် ပညတ်ချက် မရှိသေးပေ။ ထို့ကြောင့် ရဟန်းတော်များသည် ဥတုသုံးလီ ဒေသစာရီ ကြွချီတော် မူကြ၏၊
မိုးရာသီ မိုးဥတုသည် တောင်သူဦးကြီးများ ကောက်ပဲသီးနှံစုံ အဓိကအားထား၍ စိုက်ပျိုးရာ အချိန်ဖြစ်၏၊ ရဟန်းတော်များသည် တောင်သူဦးကြီးများကို စိုက်ခင်းများကို ဖြတ်ကျော်၍ ခရီးသွားရ၏၊ ထိုအခါ မျက်ပင် များ အပြင် သီးနှံပင်လေးများ နင်းမိ၍ ကြေမွကုန်သည်လည်း ရှိ၏။သစ်ပင်များသည် သိတတ်သည့် နာမ် သက်မရှိသော်လည်း ရုပ်သက်ကား ရှိ၏ဟု တစ်ချို့ လူများက ထင်မြင်ယူဆကြ၏၊
ရဟန်းတော်များ သွားလာ၍ မြက်သစ်ပင် ကောက်ပင် သီးနှံ ပင်များ ပျက်စီးသည်ကို မြင်သော အခါ “ သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် အဘယ့်ကြောင့် ဆောင်း နွေ မိုး ဥတုသုံး ပါးလုံး စိမ်းရှင်သော မြက်သစ်ပင်တို့ကို နင်းချေကုန်လျှက် အသက်ဟု ဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲက သေးငယ်သည့် များစွာသော သတ္တ၀ါတို့ကို ပျက်စီးခြင်းသို့ရောက်စေ၍ ဒေသစာရီ လှည့်လည် ကုန်ဘိသနည်း၊ မကောင်းသဖြင့် ဟောအပ်သော တရားရှိသော သာသနာတော်မှ တစ်ပါးသောအယူရှိသော တိတ္ထိတို့သော်မှ လည်း မိုးလတို့ပတ်လုံး ကြောင့်ကြမဲ့ (တစ်နေရာထည်း၌ ) စွဲမြဲစွာ နေကြကုန်သေး၏၊ ငှက်တို့သော်မှလည်း သစ်ပင်ဖျားတို့၌ အသိုက်ပြုကာ မိုးလတို့ပတ်လုံးကြောင့်ကြမဲ့ စွဲမြဲစွာ နေကြ ကုန်သေး ၏၊ ဤသာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတော်တို့သည် ကား ဆောင်း နွေ မိုး ဥတုသုံး ပါးလုံး စိမ်းရှင်သော မြက်သစ်ပင်တို့ကို နင်းချေကုန်လျှက် အသက်ဟုဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲက သေးငယ်သည့် များစွာသော သတ္တ၀ါတို့ကို ပျက်စီးခြင်းသို့ရောက်စေ၍ ဒေသစာရီ လှည့်လည် ကုန်၏ ”ဟု ကဲ့ရဲ့ ရှုတ်ချ အပြစ်ကြောကြကုန်၏။
လူတို့၏ ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြောသောစကားကို ရဟန်းတော်များက ကြားကြ၍ မြတ်စွာဘုရား ရှင် ကို လျှောက်ထားကြ၏၊ ထိုအခါ မြတ်စွာဘုရားက တရားစကားများဟောကြားပြီး “ ရဟန်းတို့ကို ၀ါကပ် စိမ့်သောငှာ ( ၀ါဆိုဖို့ရန် ) ခွင့်ပြုတော်မူ၏။
ဘယ်လမှာ ၀ါကပ်ရမှန်း မသိကြ၍ ဘုရားရှင်အား ပြန်လည်လျှောက်ထားကြရာ မိုးလရာသီ၌၀ါကပ်ရန်မိန့်ေ တာ် မူ၏ ထို့နောက် ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ပုရိမ၀ါကပ်ရန်၊ ထိုနေ့၌ အကြောင်းအမျိုး မျိုးကြောင့် ၀ါမကပ်ဖြစ်ခဲ့သော ၀ါခေါင်လပြည့်ကျော် တစ်ရက်နေ့၌ ပစ္ဆိမ၀ါကပ်ရန် ခွင့်ပြုတော်မူ၏၊ ( ပစ္ဆိမ ၀ါကပ်သော ရဟန်းတော်တို့မှာ ကထိန်ရာသီကုန်မှ ၀ါကျွတ်ရ၍ ကထိန်ခံစားခွင့် မရရှိတော့ပေ )။
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ၀ါတွင်း၌လည်း ဒေသစာရီ ဆက်လက်ကြွချီနေကြရာ လူတို့က ကဲ့ရဲ့ကြသောကြောင့် ၀ါတွင်းကာလ ဒေသစာရီကြွလျှင် ဒုက္ကဋ်အာပါတ်သင့်စေဟု ၀ိနည်းပညတ်ချက်ထုတ်ပြန်တော်မူ၏။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ၀ါမကပ်လိုပဲ နေကြပြန်ရာ ၀ါမကပ်သောရဟန်းဒုက္ကဋ်အာပါတ်သင့်စေဟု ပညတ်ချက် ထုတ်ပြန်တော်မူ၏။ထို့နောက် ဗိမ္ဗိသာရ ဘုရင်မင်းမြတ်၏ လျှောက်ထားချက်အရ ၀ါထပ်သော် ဒုတိယ၀ါဆို၌ ၀ါကပ်ရန် ခွင့်ပြုတော်မူ၏။
မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီးတင်းသုံးနေတော်မူခိုက်ဖြစ်၏။ကောသလတိုင်း ဇနပုဒ်နေ ဥဒေန ဥပါသကာသည် သံဃာတော်များ သီတင်းသုံးရန် ကျောင်းဆောက်လုပ်၍ ပြီးသောအခါ ရဟန်းတော်များထံသို့ “ အရှင်ကောင်းတို့သည် ကြွလာတော်မူကြပါလော။ အလှူကိုပေးခြင်း တရားတော် ကို နာခြင်း ရဟန်းတို့ကို ဖူးမျှော်ခြင်းငှာ အလိုရှိပါ၏ ” ဟု တမန်ကို စေလွှတ်၍ လျှောက်ထားလေ၏
ရဟန်းတော်များသည် ၀ါတွင်းကာလ ဒေသစာရီမကြွရဟူသော ဘုရားရှင်၏ပညတ်ချက်ကြောင့် ၀ါကျွတ်ပြီး သည့် ကာလတိုင်အောင် စောင့်ဆိုင်းပါအုံး၊ အကယ်၍ အဆောတလျှင် ရှောင်တခင် ပြုဖွယ်ရှိလျှင်လည်း ထိုအရပ်အနီးအနားရှိ ရဟန်းတော်များကို ကျောင်းကို လှူဒါန်းပါစေ “ ဟု အကြောင်းပြန်လိုက်၏။ထိုအခါ ဥဒေန ဥပါသကာသည် “ အဘယ့်ကြောင့် အရှင်ကောင်းတို့သည် ငါသည် ပင့်ဖိတ်အပ်ပါလျှက် မကြွလာ ကုန်ဘိသနည်း၊ ငါသည် ပစ္စည်းလေးပါးကို ပေးလှူတတ်သော ဒါယကာတည်း၊ သံဃာ၏အမှုကြီးငယ် ကို ပြုလုပ်တတ်သူတည်း၊သံဃာ၏ အလုပ်အကြွေးတည်း ” ဟုကဲ့ရဲ့ ရှုတ်ချ အပြစ်ပြောဆိုလေတော့၏။
ထိုအခါ ရှင်တော်မြတ်ဘုရားက “ ရဟန်း ရဟန်းမ သိက္ခမာန် သာမဏေ သာမဏေမ ဥပါသကာ ဥပါသိ ကာမ ” ခုနှစ်ဦးတို့ ပင့်ဖိသည်ရှိသော် ခုနှစ်ရက်အတွင့်း ပြုဖွယ်ကိစ္စရှိက သွားနိုင်၏ခုနစ်ရက် အတွင်း ပြန်လာရမည်ဟု မိန့်တော်မူ၏
Tuesday, July 5, 2011
တမူးမြို့ အောင်တော်မူစာသင်တိုက်အတွင်းကျပ်သိန်းပေါင်း{1500}ဓမ္မာရုံကျောင်းတော်ကြီး
အပါယ်မကြောက်(၇)ယောက်{ဆောင် }တိသရဏ.ငါးသီလ.မဲချစာရေးတန်။
ပက္ခိကဆွမ်း.၀ါသင်္ကန်း.လှူဒါန်းသောက်ရေကန်.ကျောင်းလှူတ၀.နိဗဒ္ဒ ပုညရှိသူမှန်.
ပက္ခိကဆွမ်း.၀ါသင်္ကန်း.လှူဒါန်းသောက်ရေကန်.ကျောင်းလှူတ၀.နိဗဒ္ဒ ပုညရှိသူမှန်.
သောတာပန်လည်း.ထို့တူပဲ.သူလဲပါယ်မပြန်။။
(၁) သရဏဂုဏ်သုံးပါးတည်သည့်သူ
(၂)ငါးပါးသီလကိုခါးဝတ်ပုဆိုးကဲ့သို့မြဲသည့်သူ။
(၃)စာရေးတန်မဲလှူသည့်သူ။
(၄)လဆန်းပက္ခလဆုတ်ပက္ခဆွမ်းလှူဒါန်းသည့်သူ။
(၅)၀ါဆိုသင်္ကန်းလှူဒါန်းသည့်သူ။
(၆)သောက်ရေကန်လှူဒါန်းသည့်သူ။
(၇)ကျောင်းလှူဒါန်းသည့်သူ။
ဤ (၇)ယောက်သောသူတို့သည်အပါယ်သို့မကျရောက်တော့ပါ။
မိမိတို့သည်လည်း အပါယ်သို့မကျရောက်စေခြင်ဆိုရင် အထက်ပါ (၇)ပါးနှင့် ညီညွတ်အောင်နေထိုင်ကြပါလို့ စေတနာများစွာဖြင့်
ကျောင်းသားလေး..ဗာရာဏသီမြို့

တမူးခရိုင်၊တမူးမြို့၊အောင်တော်မူစာသင်တိုက်အတွင်း၊စာသင်စာချ ဥပုသ်သည် ယောဂီများ
စိတ်ချမ်းသာစွာအသုံးပြုနိုင်ရန် ကျပ်သိန်း(1500)ကျော် ကုန်ကျခံ တည်ဆောက်နေပြီဖြစ်
သော သဒ္ဓမ္မပဇ္ဇောတက စာချ ဓမ္မာရုံ ကျောင်းတော်ကြီးအတွက် (အောက်ပါအတိုင်း)
ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ---
ဘဒ္ဒ န္တဓမ္မာဝုဓ -ပဓာနနာယကဆရာတော်၊ အောင်တော်မူစာသင်တိုက်၊တမူးမြို့။စိတ်ချမ်းသာစွာအသုံးပြုနိုင်ရန် ကျပ်သိန်း(1500)ကျော် ကုန်ကျခံ တည်ဆောက်နေပြီဖြစ်
သော သဒ္ဓမ္မပဇ္ဇောတက စာချ ဓမ္မာရုံ ကျောင်းတော်ကြီးအတွက် (အောက်ပါအတိုင်း)
ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ---
ဖုန်း-073-40746 0949238834
ဘဒ္ဒ န္တကာရုဏိက (ဂဏ၀ါစကစာချ) အောင်တော်မူစာသင်တိုက်၊တမူးမြို့။
ဖုန်း-073-40746 0949239519
ဘဒ္ဒ န္တ၀ိမလာနန္ဒ (ဂဏ၀ါစကစာချ) အောင်တော်မူစာသင်တိုက်၊တမူးမြို့။
ဖုန်း-073-40746 0949238824
အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဟံ 073-40450
ဒုဥက္ကဋ္ဌ ဗိုလ်ကြီးမြင့်ကြိုင်(ငြိမ်း) 0947078638
အတွင်းရေးမှူး ဒေါက်တာဇော်မှိုင်းလွင် 096478114
တွဲ/မှူး ဦးသာအောင် (999စတိုး) 096478094
ဦးကျော်စိုး(ကျော်စိုးဝင်းစတိုး)096472198 ,07340254
ဦးမြင့်ဝင်း(မြင့်သန္တာဝင်းရွှေဆိုင်)
ဦးသိန်းဌေး-07340194,0949216040
ဦးတင်သိန်းဦး(နေလစတိုး)

မိမိသည် မြန်မာပြည်ကိုရောက်ခိုက် လွန်ခဲ့သောအနှစ် ၂၀ ခန့်ကဆရာတော်ခဲ့ဘူးသော မိမိနယ်သားအောင်တော်မူပရိယတ္တိစာသင်တိုက်ဦးစီးပဓာနနာယကဆရာတော်ဥူးဓမ္မာဝုဓ အား
သွားရောက်ကန်တော့ဖူးမြော်ရင်း ပဋ္ဌာန်းပွဲရွတ်ပွဲနှင့်
ကြုံကြိုက်လို့ ပဋ္ဌာန်းပွဲပါကုသိုလ်ပါဝင်ရွတ်ဆိုခဲ့တယ်ပေါ့..ဆရာတော်သည် ပရိယတ္တိစာပေပို့ချရင်း တဘက်တလမ်းမှဥပုသ်သည်များအား တရားဓမ္မချီးမြှင့်ခြင်းဖြင့် ကျမ္မားစွာသာသနာပြုနေတာတွေ့မိတော့
မိမိသည်ဝမ်းသာမိကြောင်း မိမိလည်း ဗာရာဏသီမှာကျောင်းတတ်နေကြောင်း ဆရာတော်သည်လည်း သံဝေဇနိယ လေးဋ္ဌာနရောက်ဘူးဖူးပြီးကြောင်းနှင့် မတွေ့ရတာကြာပြီဖြစ်တဲ့ဆရာတော်နှင့် ထွေရာလေးပါး
မမောနိုင်မပန်းနိုင်ပြောဆိုခဲ့ပါသည်။ဆရာတော်မှပရိယတ္တိကိုအားပေးကြောင်းဆရာတော်သည်လည်း
တပည့်တပန်းတို့အားလည်းတတ်စွမ်းသမျှ ၀ါဆိုသင်္ကန်း.ထီး.ဖိနပ်တို့ ၀ါဆိုမည့်နေ့တွင် အရောင်တူညီစွာဝတ်ရုံသုံးဆောင်နိုင်ရန်မန္တလေးမြို့မှမှာယူ၍ လှူဒါန်းကြောင်း ဆရာတော်၏တပည့်
သူငယ်ချင်းအရှင်ကာရုဏိက မှတဆင့်ပြောပြလို့သိခွင့်ရခဲ့သည်.။ဆရာတော်သည်ယခုအခါမှာလည်းကျမ္မာစွာ
ဖြင့် ဥပုသ်သည် ဒကာ/ဒကာမ တို့အား တရားဘာဝနာပွားများနိုင်ရန် ဓမ္မာရုံတော်ကြီးဆောက်လုပ်နေကြောင်း
တွေ့မြင်ခဲ့ရ၍ မိမိသည်မလှူနိုင်ခဲ့စေကာမူ ၀မ်းသာစွာဖြင့်သာဓုသည်သာ ခေါ်လာနိုင်ခဲ့၍
ဆရာတော်မှ မိမိအားလည်းပရိယတ္တိသင်အံလေ့ကျက်နေသည်ကို ထောက်ပန့်သည့်အနေနဲ့ သင်္ကန်း.မျက်နှာသုတ်ပုဝါ နှင့် ရူပီးငွေ (၂၅၀၀) လှူဒါန်းလိုက်ကြောင်း ဆရာတော်ကျမ္မာစွာဖြင့်သာသနာ့တာဝန်ကို ဆထက်ထမ်းပိုးသည်ပိုးနိုင်ပါစေလို့.
အဝေးရောက်တပည့်တပါးအနေနှင့် ဆန္ဒပြုပေးလိုက်ပါကြောင်း..

Wednesday, June 29, 2011
ဂယာလေယာဉ်ပေါ်ဝယ်
အမှတ်တရ (မြန်မာသင်္ကြန်အတတ်နေ့)တွင် ကျောင်းသားလေးသည် ဂယာ လေယာဉ်ဆိပ်ဝယ်.ကိုရွှေကုလားတို့နှင့် လေယာဉ်လက်မှတ်ကိစ္စအဆင်မပြေမှုဖြစ်ခဲ့ရတယ်ပေါ့အမိမြန်မာ
ပြည်မှ ဘုရားဖူးဒကာမတယောက်ကတော့ ပြောသံကြားလိုက်မိရဲ့ ဘုရားကိုကြည်ညိုလို့သာ ဘုရားဖူးခြင်လို့သာ
လာခဲ့ရတယ် နောက်တော့ တော်ပါပြီ ဆိုလား.ခုတော့..မဇ္ဈိမသားတို့ရဲ့ ဆက်ဆံရေးသည်ကား.
မိမိသည်လည်း ဗာရာဏသီရွှေမြို့တော်မှလေယာဉ်လက်မှတ်ဝယ်ယူလာခဲ့ရာမှ " မင်းလက်မှတ်က တရားမ၀င်ဘူး" ဆိုပြီး ဒါဏ်ငွေဆောင်ရမည်ဟု ပြောလာခဲ့တော့၏။
အော်. ဒုက္ခပါလား. အိန္ဒိယနိုင်ငံ ဘယ်မြို့ကပဲ ၀ယ်ဝယ် ဘယ်ကပဲစီးစီး ပြဿနာမရှိကြောင်းပြောတော့မှ
မင်းရဲ့ ကီလိုတွေအရမ်းများတယ် ဒါဏ်ငွေဆောင်ပါတဲ့ .ငါ ဟာ ကျောင်းသားတယောက်ပဲဆိုပြီးပြောသော်လည်း
မဇ္ဈိမသားတို့သည်ကားအလျှော့မပေးခဲ့ပါ ..ဆောင်လိုက်ရတော့၏.ဒေါ်လာ (၅၀) တဲ့
ဘေးနားမှ ဒကာမတယောက်မှ အရှင်ဘုရားလေယာဉ်ထွက်ခါနီးပြီတဲ့ ပေးလိုက်ပါ တပည့်တော်လှူပါ့မယ်ဆိုပြီး..
သို့သော် မိမိမှာတော့

အရှင်ဒေ၀ဒတ်အကြောင်းအဆုံးသတ်ပြီ..
ထိုအခါ မဟာပထ၀ီ မြေကြီးသည် အရှင်ဒေ၀ဒတ်ကို ရှေ့သို့ ဆက်လက်မသွားနိုင်ရန် . ဆုပ် ကိုင်၍ ဆွဲယူလိုက်သကဲ့သို့ မလှုပ်နိုင် မရှားနိုင် မသွားနိုင် တော့ပဲ မြေကြီးထဲသို့ နစ်၍ နစ်၍သာ သွားလေ တော့၏။ ချေမျက်စိ . ဒူးဆစ် . ခါး . ရင်ဘတ် . လည်ပင်း .. မေးရိုးအထိ အဆင့်ဆင့် နစ်၍ နစ်၍ သွားလေတော့၏။
အရှင်ဒေ၀ဒတ်သည် သူ့ကိုသူ သိလိုက်ပြီး ဖြစ်၏၊သူသည် ဒီဘ၀ ဒီခန္ဓာ ဒီအတ္တဘောဖြင့် နောင် တော်ကြီးဘုရားရှင်ကို ဖူးမျှော်ခွင့်ရတော့မည်မဟုတ်ပေ၊(အမှန်အားဖြင့် ဒီဘ၀တွင်သာ မဟုတ်၊ ဘယ် သောခါမှ ဘုရားရှင်ကို တစ်ဖန် ဖူးမျှော်ခွင့်ရတော့မည် မဟုတ်ပေ၊ ) သို့သော် ရင်ထဲမှာ ရှိနေ သော သိနေသော ဘုရားရှင်၏ ဂုဏ်ကျေးဇူးများကိုဖေါ်ထုတ်၍ ဘုရားရှင်ကို ဆည်းကပ် ကိုးကွယ် ကြောင်း ဤနေရာ ဤအရပ်မှသည် လျှောက်ထားချင်ပါသေး၏၊
မဟာကရုဏာရှင် ရှင်တော်မြတ်ဘုရား၊ ရှင်တော်မြတ်ဘုရား အထံပါးသို့ ခစားချဉ်းကပ် မဆည်း ကပ်နိုင်တော့သည် တပည့်မိုက် ရဟန်းမိုက် ညီတော်မိုက်၏ လျှောက်စကား အဝေးမှနေ ကြားနိုင်ပါစေသား ကြားပါစေသားဘုရား….။
ဣမေဟိ အဋ္ဌီဟိ တမဂ္ဂပုဂ္ဂလံ၊
ဒေ၀ါတိဒေ၀ံ နရဒမ္မသာရထိံ။
သမန္တစက္ခုံ သတပုညလက္ခဏံ၊
ပါဏေဟိ ဗုဒ္ဓံ သရဏံ ဥပေမိ
အဂ္ဂပုဂ္ဂလံ - ကမ္ဘာအလုံးတွင် အသာဆုံးပုဂ္ဂိုလ်လည်း ဖြစ်တော်မူပေထသော၊ဒေ၀ါတိဒေ၀ံ - နတ်အပေါင်းတို့၏ ဦးခေါင်းညွတ်လျိုး ခိုကိုးရာအစစ် နတ်မင်းလည်း ဖြစ်တော်မူပေထသော၊ နရဒမ္မသာရထိံ - ဆုံးမရန်ကြုံ များဗိုလ်ပုံကို စုံလင်စွာ သင်ပေးလျှက် ယဉ်ကျေးအောင် ဆုံးမ တော်မူပေထသော၊ သမန္တစက္ခုံ - ကြွင်းမဲ့ဥဿုံ အလုံးစုံကို အကုန်သိမြင် သဗ္ဗညုဥာဏ်ရှင် လည်း ဖြစ်တော်မူပေထသော၊ သတပုညလက္ခဏံ - ရာပေါင်းများစွာ ဘုန်းသမ္ဘာကြောင့် ကောင်းစွာမြင့်ကြွယ် တင့်တယ်သော လက္ခဏာတော်လည်း ရှိတော်မူပေထသော၊တံ ဗုဒ္ဓံ - တု၍ မနိုင် ပြိုင်၍မရ ကမ္ဘာ့ထိပ်ခေါင်ထိုနောင်တော် မြတ်ဘုရားကို၊ ဣမေဟိ အဋ္ဌီဟိ - အသားတွေပျောက် အရေခြောက်သဖြင့် မျက်မှောက်ထင်စွာ ဤသုံးရာသော အရိုးတို့ဖြင့်လည်း ကောင်း၊ ဣမေဟိ ပါဏေဟိ - မငြိမ်လှုပ်ယှက်ချုပ်ပျက်ခါနီးဖြစ်သော ဤအသက်တို့ဖြင့် လည်းကောင်း၊ သရဏံ - ဦးတင်ကျန ဖူးချင်လှလည်းမရတော့ပါ ကိုးကွယ်ရာဟူ၍သာလျှင် ၊ ဂတောသ္မိ - အပြစ်ရှိသမျှ သတိရသဖြင့်ံ အာမ၀န္တံ အကုန်ခံ၍ အတန်တန် ဆည်းကပ်ခဲ့ပါ သည်ဘုရား။ ၀ါ - ဂတောသ္မိ - အဝေးမှသည်စိတ်ဖြင့်ရည်လျှက် ယုံကြည်သဒ္ဓါ ထုံသီကာဖြင့် မှန်စွာစင်စစ် အားကိုးရာ ဖြစ်ပါပေ၏ဟူ၍သာလျှင် သိမှတ် ဆည်းကပ်ခဲ့ပါသည် မဟာ ကရုဏာရှင် ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ကြီးဘုရား။
ဤသို့ဖြင့် အရှင်ဒေ၀ဒတ်သည် . သူစိတ်ထဲ၌ အားအရဆုံးသော အထင်ရှားဆုံးသော အကြည် ညိုဆုံးသော “ အဂ္ဂပုဂ္ဂလ ဒေ၀ါတိဒေ၀ နရဓမ္မသာရထိ သမန္တစက္ခု သတပုညလက္ခဏ ” ဟူသောဂုဏ်တော်ငါးမျိုးတို့ဖြင့် ချီးမွမ်းခန်းဖွင့်၍ ဘုရားရှင်ကို ကိုးကွယ် ဆည်းကပ်သွားခဲ့ပါ၏။
“ မိုက်သောသူသည် မိမိ မိုက်သည်၏အဖြစ်ကို သိ၏၊ ထိုသိမှုကြောင့် ပညာရှိ ဖြစ်နိုင်သေး၏၊ မိုက် သောသူသည် ငါ ပညာရှိဟု မိမိကိုယ်ကို ထင်မှတ်နေပါမူကား ထိုသူကို စင်စစ်လူမိုက် ဟူ၍ဆိုအပ်၏၊ ” တဲ့။ အရှင်ဒေ၀ဒတ်သည် မိမိ မိုက်သည်၏အဖြစ်ကို သိသူ ဖြစ်သွားသော ကြောင့် ဤဒေသနာတော်အရ ပညာရှိအဖြစ်ဖြင့် သူ့ဘ၀ကို နိဂုံးချုပ်သွားသူ ဖြစ်ပါ၏။
အမှန်အားဖြင့် အရှင်ဒေ၀ဒတ်သည် ပါရမီဖြည့်ဆည်းထားသူလည်း ဖြစ်ပါ၏၊ အရှင်ဒေ၀ဒတ် သည် ဤဘဒ္ဒကမ္ဘာမှစ၍ရေတွက် ကမ္ဘာတစ်သိန်းထက်၌ အဋ္ဌိဿရ အမည်တော်ရသည့် ပစ္စေ ကဗုဒ္ဓ ဖြစ်တော်မူမည်ဟု မိန့်ဆိုထားပါ၏။ပစ္စေကဗုဒ္ဓ ဘုရားရှင်တို့သည် နှစ်သင်္ချေနှင့် ကမ္ဘာ တစ်သိန်း ပါရမီဖြည့်ကျင့်ရပါ၏၊ ယခု ဤအရှင် ဒေ၀ဒတ်ဝတ္ထု ( ဓမ္မပဒ ) ၌ ကမ္ဘာတစ်သိန်း ထက်၌ အဋ္ဌိဿရမည်သော ပစ္စေဗုဒ္ဓ ဘုရားဖြစ်မည် ဟု မိန့်ဆိုချက်ကို ထောက်ဆသော အားဖြင့် နှစ်သင်္ချေ ပါရမီဖြည့်ပြီးသူဟုဆိုခြင်းဖြစ်ပါ၏၊ ထို့ကြောင့် အရှင်ဒေ၀ဒတ်သည် ပါရမီ ဖြည့်ဆည်းထားသူဖြစ်ကြောင်း သိသာလှပါ၏၊

ရဟန်းရှင်လူ မည်သူမဆို မမိုက်မှားအောင် နေထိုင်နိုင်ကြပါစေ၊ အကယ်၍ မိုက်မှားခဲ့သည် ရှိ
အရှင်ဒေ၀ဒတ်အကြောင်း( ၃ )
အရှင်ဒေ၀ဒတ္တ . ၃
အရှင်ဒေ၀ဒတ်သည် မိုက်ရင်း မိုက်ရင်းမှ အမှားကို မြင်လာ၍ ပြင်လိုသူ ၀န်ချလိုသူ သူတော်
ကောင်းစိတ်ဓာတ် ရှိသူလည်း ဖြစ်ပါ၏၊
အရှင်ဒေ၀ဒတ်သည် ရှင်တော်မြတ်ဘုရားအား တပည့်ပရိသတ် သူ့ကိုလွှဲပေးရန် တောင်းခံခဲ့ဘူး ၏၊ သူ့သည် ဘုရားအရိုက်အရာကို ဆက်လက်ခံယူလိုသူ ဖြစ်၏၊ သို့သော် ဘုရားရှင်သည် သံဃာ့ ပရိသတ်ကို လွှဲမပေးခဲ့ချေ၊ ထိုမှ တဖန် “ ရဟန်းတော်များ - အသက်ထက်ဆုံး သက် သတ်လွတ် ဘုဉ်းပေးရန်၊ ပင့်ဆွမ်း ပို့ဆွမ်းမဘုဉ်းပေးပဲ ဆွမ်းခံ၍သာ ဘုဉ်းပေးရန်၊ ပံသုကူ သင်္ကန်းကိုသာ ၀တ်ရုံသုံးဆောင်ရန်၊ တောကျောင်း၌သာ သီတင်းသုံးရန်. သစ်ပင်ရင်း၌သာ သီတင်းသုံးနေထိုင်ရန် ” ဟူသော မူငါးချက်ကို ပညတ်ပေးပါရန် လျှောက်ထားလေ၏၊ဘုရားရှင် ခွင့်မပြုသောအခါ ခေါင်းပါးမှုကို ( သီလသမာဓိပညာ အကျင့်နှင့် ယှဉ် မယှဉ် မစဉ်းစားပဲ ) အထင်ကြီးသောသူများ သူ့ဘက်ပါလာစေရန် “ အနုနည်းသုံးကာ ” ပရိသတ်ကို ဆောင်ယူ သွား၏၊ ကျောက်မောင်းဆင်ခြင်း လေးသမားလွှတ်ခြင်း နာဠာဂီရိဆင်ဖြင့်တိုက်ခြင်း စသော အကြမ်းနည်းကို သုံးလျှက်လည်း ဘုရားရှင်ကို အန်တု ရန်ပြုခဲ့ပါ၏၊
ဤသို့ဖြင့် အသက်အရွယ်လေးလည်း ရလာပေပြီး၊ အခြံအရံနည်းပါး၍ဖြစ်သောစိတ်ဆင်းရဲ. တပည့်ကြီး ကောကာလိက၏ ဒူးနှင့်ရင်ဝတိုက်ချက်ကြောင့် ကိုယ်လည်း ဆင်းရဲလှပေပြီး၊ ကျန်း မာရေးမကောင်း၍ အိပ်ရာညောင်စောင်း လဲလျောင်းရသည်မှာလည်း ကိုးလခန့်ရှိပြီဖြစ်၏၊အရှင် ဒေ၀ဒတ်သည် အတိတ်ကို တွေးလိုက်သောအခါ သူ၏ တဖက်သတ်အမုန်းနှင့် ဘုရား၏မေတ္တာ ဓါတ် အပြုံးကို ရုပ်လုံးပေါ် မြင်လာရပေပြီ၊ စဉ်းစားလေ စဉ်းစားလေ ဘုရားရှင်၏ သနားကြင်နာ ခြင်း မဟာကရုဏာ၊ လောကကအကျိုးရှိဘို့ဆိုလျှင် ခရီးဝေးကိုပင် ဂရုမထား ချေလျှင်သွား၍ လည်း ဓမ္မကိုဖြန့်ဝေတော်မူသော ကြီးမားသည့် မေတ္တာတရား၊ ရန်ပြုသော သူ့အပေါ် တုန့်ပြန် လက်စားချေခြင်းလုံးဝမရှိ၊တည်ငြိမ်စွာ သိခံတော်မူသော မနှိုင်းယှဉ်သာသည့် ခန္တီတရား၊ သြော် .. အတုမဲ့ အဂ္ဂပုဂ္ဂလ . ဒေ၀ါတိဒေ၀ . သတပုညလက္ခဏ . သမန္တစက္ခု. စသည် စသည့် ဂုဏ်းပေါင်းစုသည့် ဘုရားရှင်ကိုမှ ငါ အပြစ်မှားကြီး ပြစ်မှားမိခဲ့လေပြီးတကား၊
အရှင်ဒေ၀ဒတ်သည် စိတ်အေးအေးထား၍ စဉ်းစားမိသောအခါ မိမိ၏ မကောင်းချက်နှင့် ဘုရား ရှင်၏ကောင်းကွက်များကို အထင်းသားမြင်ရလေတော့၏၊ ထိုအခါမှရှင်တော်ဘုရားကို လေးစား ကြည်ညိုစိတ်နှင့်အတူ မိမိ၏မိုက်ပြစ်ကို ၀န်ချတောင်းပန်လိုသောစိတ်များ တားမနိုင် ဆီးမရ ရင်ဝမှ ကြွ၍ ကြွ၍ လာပေတော့၏၊ ထိုအချိန်သည် ရှင်တော်မြတ်ဘုရား ဇေ၀တ၀န်ကျောင်း တော်၌ သီတင်းသုံး နေနေခိုက် ဖြစ်၏။
ထိုအခါ အရှင်ဒေ၀ဒတ်သည် သူ့တပည့်များကို သူအား ဘုရားရှင်ထံ ပို့ပေးဖို့ ပြောကြားလေ တော့၏၊ စွမ်းနိုင်စဉ်က အန်တု ရန်ပြုနေပြီး မစွမ်းနိုင်ခါမှ သွားချင် ဖူးမြင်ချင်ရသလားဟု အပြစ် တင်ကာသူ့တပည့်များက မပို့လိုကြ၊ သို့သော် ဆရာအရှင်ဒေ၀ဒတ်က “ င့ါကို ငါ့ဘ၀ကို မဖျက် ဆီးကြပါနဲ့၊ငါ ဘယ်လောက်ပဲ ( ဒေါသနှင့် ) မုန်းမုန်း၊ ဘုရားရှင်က ( အဒေါသ မေတ္တာနှင့် ) အပြုံးမပျက်ခဲ့ပါဘူး၊ ဆံချည်မျှင်မျှသော်လည်း ငါ့အပေါ် အမုန်းတရား အာဃာတတရား ရန်ငြိုး တရား မပွားခဲ့ မထားခဲ့ပါဘူး။
ရှင်တော်မြတ်ဘုရားဟာ “ သူ့ကို အန်တု ရန်ပြုတဲ့ ငါ့အပေါ်၊ လူပေါင်းများစွာတို့ကို ကြမ်းချင် တိုင်းကြမ်းပြီး လက်ညှိုးဖြတ် သတ်ခဲ့တဲ့ လူဆိုးကြီး အင်္ဂုလိမာလအပေါ်၊ အရက်အရှိန်နှင့် မုန် ယိုပြီး ဘုရားရှင်ကို နင်းဖြိုဖို့ ပြေးလာတဲ့ ဓနပါလခေါ် နာဠာဂီရိ ဆင်အပေါ်၊ သူ၏ရင်သွေး သား တော်လေး ရာဟုလာအပေါ် ” အားလုံးအပေါ် ထားတဲ့ မေတ္တာတရားဟာ ဘယ်သူ့ပေါ်မှ ပိုသည် မရှိ လိုသည်မရှိ ၊တပြေးညီထဲ ထားရှိကြောင်း ယခုကောင်းကောင်း သဘောပေါက်ပြီ ဖြစ်ပါ၏၊
အရှင်ဒေ၀ဒတ်၏ “ ဒေဿထ မေ ဘဂ၀န္တံ ” အတန်တန် တောင်းပန်သည့်အတွက် သူ၏ တပည့်များသည် ညောင်းစောင်းထမ်းစဉ်ဖြင့်ထမ်းကြလျှက် ဘုရားရှင်ထံသို့ခရီးထွက် ဆက်ကြ လေပြီတကား။အရှင်ဒေ၀ဒတ် အမြင်မှန်ရကာ ဘုရားရှင်ထံသို့ ဦးတင်ဖူးမြင်၍ တောင်းပန်ရန် လာရောက်ကြောင်းကို ရဟန်းတော်များက ဘုရားရှင်အား ကြိုတင်လျှောက်ထားကြ၏၊ ထိုအခါ ရှင်တော်မြတ်ဘုရားက “ ရဟန်းတို့ အရှင်ဒေ၀ဒတ်သည် လက်ရှိအတ္တဘော ကိုယ်ခန္ဓာဖြင့် ငါဘုရားကို ဖူးမြင်ခွင့် ရလိမ့်မဟုတ်ချေ ” ဟု နှုတ်တော်မှ မိန့်ချွေတော်မူလိုက်ပေ၏၊
အရှင်ဒေ၀ဒတ် မည်သည့်အရပ် ရောက်လာပါပြီ၊ စသည် စသည်ဖြင့် ရောက်သည့်အရပ်တိုင်းမှ
သတင်းစကား ကြားနေရပါ၏၊ တစ်ယူဇနာ. ယူဇနာဝက် တစ်ဂါဝုတ် ဇေ၀တန်ကျောင်းတိုက်ရှိ ရေကန်သို့ပင် ရောက်လာပေပြီး၊ခရီးလည်းပမ်း ကိုယ်လည်းနွမ်း၍ ထမ်းစဉ်ဖြင့် ထမ်းလာ ကြသော အရှင်ဒေ၀ဒတ်၏ တပည့်များ သည် ရေကန် ကန်ဘောင်ပေါ် ထမ်းစဉ်ကိုချ၍ ရေချိုး နေကြလေပြီ၊ အရှင်ဒေ၀ဒတ်သည်လည်းမြူမှုံ အညစ်အကြေး ချွေးတို့ဖြင့် ညစ်နွမ်းနေသော မိမိကိုယ်ကို သန့်ရှင်းရေးလုပ်ရန်အတွက် ညောင်းစောင်းမှ ထ၍ မြေသို့ ချေချလိုက်၏၊ ထိုအခါ
Subscribe to:
Posts (Atom)
ဆောက်လုပ်ရန်ကျောင်းဆောင်သစ်