အင်း ဘယ်လိုဖြစ်ပါလိမ့်နော်...
|
Sunday, January 18, 2015
Saturday, March 22, 2014
ဒီတခေါက် အိန္ဒိယသွားခြင်းသည်ကား..
အရင်အရင်သွားခြင်းတွေကတော့ PH.D(thesis)ရေးရင်းဖြင့် မသေခြာသေးသောကျောင်းသားဖြစ်ဘို့သွားလာခဲ့ရ ၂၀၁၂နှစ်ကုန်လောက်က ကာလကတ္တားမှာကျောင်းသားဖြစ်ခွင့်ရခဲ့တယ်ပေါ့။ မိမိတတ်ခဲ့သောဗာရာဏသီရွှေမြို့တော် ဆန်းစကရစ်တကက္ကသိုလ်ကြီးရဲ့ခေါင်းလောင်းသံကတော့ငြိမ်သက်လျက်မို့ တနေရာရာမှာ စူပါဗိုက်ဆာ ရဘို့ပြေးရလွှားရခဲ့တယ် အင်း..မလွယ်လှသော ဒေါက်တာဘွဲ့အတွက် ငွေတွေကုန်လူပင်ပန်းနဲ့ ဖြစ်နေစဉ်မှာ မထင်မှတ်ပဲ ရခဲ့သောကြောင့် ပျော်ရွှင်မှုအတည့်ဖြင့် ဖြစ်ခဲ့ရတယ်ပေါ့..။အော်...ခုတော့လည်း...
Tuesday, January 1, 2013
“HAPPY NEW YEAR”
“HAPPY
NEW YEAR”
I can’t writeed to my blogspot is too long cos I arrived to in Myanmar so I will write on
soon. Welcome to 2013 and I wish you a happy new years to all friends.
Wednesday, September 12, 2012
“အမိမြန်မာပြည်သို့ပြန်လည်ရောက်ရှိခြင်း”
အိန္ဒိယနိုင်ငံ ဗာရာဏသီရွှေမြို့တော်မှ ကာလကတ္တားသို့ ရထားဖြင့်သွားလာခဲ့ရသည်။ ရထားဆိုက်သည်နှင့် ကာလကတ္တားလေဆိပ်နှင့် နီးရာဟိုတည်တခုသို့ တညတာတည်းခိုပြီး အမိမြန်မာပြည်သို့ ပြန်လာခဲ့ရသည်။ ဟိုတည်မှာ တညတာတည်းခိုခ ရူပီး၉၅၀ ဖြင့် တည်းခိုခဲ့သည်။ လမ်းမနှင့်မနီးမဝေးတနေရာမို့ ကားသံများဖြင့်ဆူညံလျှက် နေ့လည်စာကို ထမင်းဆိုင်သို့ သွားလာခဲ့ရသည်မို့ အိန္ဒိယနိုင်ငံ၏ ထမင်းဆိုင်သည် သန့်ရှင့်သပ်ရပ်မှုနည်းပါးသည်ကိုတွေ့ခဲ့ရသည်။ အခြားဝိုင်းများကို အကဲခတ်ကြည့်မိ၏ မိမိစားဘို့အဆင်မပြေမှန်းသိခဲ့ရသည်။ ပုံပေးကာ ဇွန်းမပါသောစနစ်မို့ မစားလိုခဲ့၍ အများသူငါတို့စားနေကြသည်ကိုမြင်ရစဉ်မှာပဲ ထမင်းကြော်စီစဉ်ပေးလို့ရမလားဟု မေးကြည့်သည် ရပါတယ်ဟု ပြောဆို၍ ထမင်းကြော်ကြက်ဥဖြင့်မှာခဲ့သည်။ သို့သော် မိမိထင်သလိုမဖြစ်ခဲ့။ တဇွန်း နှစ်ဇွန်းစားပြီးသည်နှင့်အဆင်မပြေသည်မို့ ရူပီးငွေ ၁၃၀ ရှင်းပေးကာ ထွက်လာခဲ့တယ်။ တနေရာအရောက်ပူတီခေါ်သောကုလားမုန့်ကြော်နေသည်ကိုတွေ့ရ၍ ၂ချက်ဝယ်ကာ ဟိုတည်သို့ပြန်လာပြီး ဗာရာဏသီရွှေမြို့တော်မှ ညီမငယ်များလုပ်ပေးလိုက်ကြသော ပူရီဖြင့် ရောနှောကာ ရေဖြင့်မြှိုက်ချကာ နေ့လည်စာအဖြင့် ပြီးခဲ့ရသည်။ အခြားသော စင်္ကာပူနိုင်ငံ မလေးရှားနိုင်ငံ ထိုင်းနိုင်ငံ တို့မှာ မြန်မာအစားအစာအဆင်ပြေခဲ့ပေမဲ့ အိန္ဒိယနိုင်ငံမှာ ရွှေမြန်မာတို့အတွက် အဆင်မပြေခဲ့။ မိမိမှာ အစားအစာချေးများတတ်သည်မို့ ပို၍ သာ၍ ဆိုးခဲ့သည်။ ထိုနေ့အဖို့ ပူရီကို ရေဖြင့်မြှောချလို့နေ့လည်စာအဖြင့်ပြီးခဲ့ရသည်။ှ မနက်ဖြန်ကြမှ လေယာဉ်ပေါ်မှာ တ၀တပြဲကြီးစားမည်ဟု ကြံစီခဲ့ပြီး တည်းခိုခန်းမှာ အနားယူနေခဲ့သည်။ {တညလုံး ရထားပေါ်မှာ အအေးဒဏ်ကိုအံတုပြီး အပေါ်ထက်တနေရာမှာ စောင်ခြုံလို့ကွေးခဲ့ရသော်လည်း မိမိဆင်းမဲ့ကာလကတ္တားဘူတာကို ကျော်သွားမှာစိုး၍ အိပ်ချင်သော်လည်း မအိပ်နိုင်ပဲ အတွေးပေါင်းစုံဖြင့်အတွေးနယ်ချဲ့ခဲ့သည်။ ရထားပေါ်မှာတော့ ၀န်ဆောင်မှုအပြည့်နှင့်မို့ မကြာမကြာ လဘက်ရည် မုန့် ငှက်ပျောသီးများ ကျွေးမွေးသည်။ တဘူတာအရောက် ဘူတာထဲတွင်လူများဝိုင်းအုံလျက် ဘာဖြစ်နေကြသလဲဆိုတာတော့ မသိ မိမိလည်း မျက်နှာသစ်သွားတိုက်လုပ်နေစဉ် ဆူညံသံများရောနှောလျှက် ရှိခဲ့သည် မိမိသွားတိုက်နေစဉ် အပေါက်မှာချောင်းကြည့်သော်လည်း ရထားမှာတဘူတာတဘူတာမှာ ၅မိနစ်ခန့်သာရပ်တန့်ခြင်းကြောင့် ဘာကိုမှသဲသဲကွဲကွဲ မမြင်ခဲ့ရ။ မိမိသွားတိုက်နေစဉ် ပူရှိန်းရှိန်းဖြင့် အခံရခက်ခဲ့သည်။ ခဏတာသွားတိုက်ပြီး ကပျာကယာ အလျင်အမြန် ရောဖြင့်ပလုပ်ကျဉ်းပစ်လိုက်သည်။ ပါးစပ်ထဲမှာတော့ ပူရှိန်းရှိန်းအတွေ့က ခံနေရမြဲမို့ အိပ်ကိုဖွင့်လို့ကြည့်မိလိုက်စဉ်မှာပဲ လိမ်းဆေးနှင့် သွားတိုက်ဆေးခွဲခြားမရခဲ့တဲ့ အပြုမူကြောင့် သွားတိုက်ဆေးအထင်ဖြင့် တိုက်ခဲ့သည်ကို သတိရမိတော့သည်။ အမှန်မှာ ရထားပေါ်မှာ ရာသီဥတုပူသော်လည်း ရထား၏ ၀န်ဆောင်ကောင်းမှုတွေကြောင့် အအေးဒဏ်သက်သာစေရန် လိမ်းဆေးဆောင်လာသည်ကို အမှတ်မထားမိခဲ့ လွဲခဲ့ပေါ့တခါ။ အင်း မိမိသွားလေးတွေတော့ အညောင်းသက်သာစေပြီလား ပူလောင်မှုဝေဒနာ ခံစားလေမလား မပြောတတ် မိမိမှာတော့ သောက်ရေသန့်တပုလင်းခန့် ကုန်စေခဲ့သည် ပလုတ်ကျင်းလိုက် ထွေးထုတ်လိုက်ပေါ့။ တချိန်က သီတဂူဆရာတော်၏ မိမိတို့အိန္ဒိယနိုင်ငံကျောင်းသားများအားတနှစ်လျှင်ဒေါ်လာ၁၀၀ ဆီလှူဒါန်းအလာ သြ၀ါဒပေးခဲ့သည် ထိုသြ၀ါဒကိုနားမှပြန်လည်ကြားယောင်ရင်း မိမိတယောက်ထည်း ရထားအပေါ်ထပ်တနေရာတွင်ပြုံးနေမိခဲ့သည်။} မကြာခင်ကျရည်ခေါ်သော လဘက်ရည်နှင့်မုန့်များ လာရောက်ကျွေးမွေးသည်မို့ သက်သာရာရစေခဲ့သည်။ ပတ်ဝန်းကျဉ်ကြည့်မိပြန်တော့ ရထားကြီးက သူ့တာဝန်ကျေပြွန်အောင် ခုတ်မောင်းသွားလာနေဆဲ။ ရထားပေါ်မှ အလွဲလေးများကိုတွေးရင်း ခဏကြာအိပ်ပျော်သွားခဲ့သည်။ ပင်ပန်းမှုဒဏ်ကြောင့် အိပ်ပျော်ခဲ့သည်။ }မိမိ အိပ်ပျော်နေခိုက် အပြင်မှ တံခါးခေါက်သံကြောင့် လန့်နိုးခဲ့သည် ဘယ်သူပါလိမ့် ဆိုပြီး တံခါးကို ဖွင့်ပေးလိုက်စဉ် မိမိမနက်ဖြန် လေယာဉ်လက်မှတ်လာပေးသူ မြန်မာပြည်နွယ်ဖွား ဦးရှောင်ဒရီပေါ့။ လေယာဉ်ခသည် ရူပီးငွေ ၁၄၀၇၉ ရူပီးဖြစ်သည်မို့။ ပါလာသောရူပီးငွေမှာ မလောက်တော့ ဒေါ်လာ ၁၀၀ ဖြင့် ရူပီးငွေများပေးခဲ့ရသည်။ မနက်ဖြန်မနက်{ ၈ }နာရီကွင်းချိန်းဖြစ်သည်။ မိမိနေရာနှင့် ပေလမ်း ကူးပြီး ၅မိနစ်ခန့်လျှောက်ရမည် သို့သော်ပစ္စည်းများပါလာသည်မို့ ကားငှားရပေမည်။ ဒီလိုနှင့်ရေမိုးချိုးကာ ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေသည်များ ပျောက်သွားတော့၏။ တံခါးကိုပိတ်ပြီး ညနေမိုးချုပ်စပြုနေပြီဖြစ်သော ကာလကတ္တားမြို့၏ မီးရောင်စုံများအကြားဝယ် လမ်းလျှောက်ရင်း မနက်ဖြန်လေဆိပ်ကြိုရန် ဘယ်အချိန်လာရမည်ကို မပြောရသေးသည်မို့ ဖုန်းဆက်ရပေဦးမည် ဖုန်းထဲကြည့်ပြန်တော့ပိုက်ဆံအနည်းငယ်သာရှိနေသည်။ ဖုန်းဆိုင်လိုက်ရှာရပြန်သည် ခပ်ဝေးဝေးတနေရာမှာရှိနေသည် ကာလကတ္တားမြို့၏ မီးရောင်တွေနဲ့အတူ ဖုန်းထဲပိုက်ဆံထည့်ရန် လိုက်ရှာခဲ့ရပြန်သည်။ တွေ့လို့မေးကြည့်မိ၏။ UP ပြည်နယ်ကဒ်ထဲထည့်ရန်အဆင်ပြေလားမေးကြည့်မိသည်။ မိမိဆင်းကဒ်သည် UPပြည်နယ်ဆင်းကဒ်မို့ ရတာတော့ရမည်။ အပြည့်ဝ မခံစားရဟူ၏။ အိုကေ ရူပီး၃၀၀ ထည့်လိုက်သည်။ အဲယားဆဲကဒ်ထဲကိုတော့ နောင်တချိန်ပြန်လာလိုက အဆင်ပြေစေရန် ရူပီး၅၀ ထည့်ထားလိုက်၏။ ပက်ပ်စီ အအေးတပုလင်းဝယ်ကာ ဟိုတည်သို့ ပြန်လာခဲ့သည်။ မြန်မာပြည်ရာသီဥတုနှင့် တူညီသော ကာလကတ္တားမြို့၏ မိုဃ်းသည် မထင်မှတ်ပဲရွာချတော့၏။ ဖုန်းဆက်ခဲ့သည် မြန်မာပြည်ကို သို့သော် ရာသီဥတုအခြေနေကြောင့် အဆင်မပြေခဲ့ပါ။ တကြိမ်ဆက် အဆင်မပြေခဲ့။ နောက်တကြိမ်ပြန်ဆက်မိတော့ လူကြီးမင်းနဲ့တွေ့သဗျာ..။မကျေနပ်တာနဲ့ နောက်တကြိမ် ပြန်ခေါ်တော့ ဆက်သွယ်ရေးပြင်ပရောက်သွားပြန်တယ်..။ ဇွဲနပဲကြီးစွာနဲ့ ခေါ်ခဲ့မိတယ်ပေါ့။ မနက်ဖြန်ဆိုတဲ့အချိန်အတွင်းမှာ လေယာဉ်ကွင်းလာကြိုသူမရှိတော့ ယောင်ချာချာဖြစ်နေမှာစိုးလို့ အတူနေ မောင်သောဘိတ ဖုန်းဆက်မိခဲ့တယ် အကြိမ်များစွာဆက်မိတော့ မိမိအား သနားသွားလေရှာလေရော့သလားမသိ ဖုန်းဝင်သွားခဲ့တယ်ပေါ့လေ သို့သော် အသံကကြားတချက်မကြားတချက်မို့ အသံကုန်အော်ဟစ်ချင်ပေမဲ့လဲဘဲ မိမိသည် နိုင်ငံခြားသားဖြစ်သည်ကတကြောင်း နောက်ပြီး ဟိုတည်တနေရာမှာ အခြားသောသူများအား မနှောက်ယှက်စေလိုသောသောကြောင့်၎င်း ခပ်တိုးတိုးညင်သာစွာ ပြောဆိုခဲ့ရပေမဲ့ တဘက်သူရဲ့ နားမလည်မှုကြောင့် ခပ်ကြယ်ကြယ်လေးပြောဆိုလိုက်တော့မှ အရာအားလုံးသည် အဆင်ပြေခဲ့ရတော့သည်။ မနက်ဖြန်ဆိုတဲ့ အချိန်မှာ နွေးထွေးစေသော မိဘ(မွေးမေမေနဲ့နီးရာ)သို့ ပြန်ရတော့မည်မို့ ပင်ပန်းမှုကြောင့် အိပ်ချင်မှုဆန္ဒတွေကို မြိုသိပ်ကာ မနက်မိုးလင်းလို့ လေယာဉ်တတ်ရန် မနိုးမှာကိုစိုး၍ သတိ ၀ီရိယလေးထားလို့ ဟိုတည်၏ အေးစက်စက်မှုလေးအတူ မကြာခင်အချိန်မှာ လမ်းဘေးမှ ကားသံမှတပါး ဟိုတည်တခုလုံးတိတ်ဆိတ်ငြိမ်သက်လျှက်….
Sunday, August 26, 2012
“မလွမ်းဘယ်သူရှိပါ့မလဲ”
တိတ်ဆိတ်ငြိမ်သက်နေတဲ့ {LODGE OASIS} ဟိုတယ်ရဲ့ အခန်းတနေရာမှာ အတွေးပေါင်းများစွာနဲ့ ဗာရာဏသီရဲ့ လွမ်းမောဘွယ်ရာလေးကို တွေးရင်း အမိ မြန်မာပြည်ပြန်တော့မယ် ဆိုတော့ သူငယ်ချင်းတွေ လာရောက်နှုတ်ဆက်ကြတာလေးကို အတွေးထဲမှာထင်ဟပ်လို့ “အင်တာနက်အိမ်လေးရဲ့” စည်ကားပုံလေးကို ပြန်လည် အသက်ဝင်နေမိတယ်ပေါ့။ ခွဲရတော့မယ်ဆိုတဲ့ အသိတရားလေးတွေက ဟိုခပ်ဝေးဝေးမှ သံယောဇဉ် ကြီးတတ်သူတွေကလည်း လာရောက် နှုတ်ဆက်ခဲ့ကြတာလေးတွေကိုလည်း တွေးနေမိတယ် ။ အင်တာနေရှင်နယ်လေဆိပ်ရဲ့ လမ်းမကြီးမှ အဆက်မပြတ်ကားဟွန်းသီးသံကြောင့် အတွေးစကို ခဏနားပြီး တံခါးဖွင့်ကြည့်လိုက်မိခဲ့တယ်။ အိန္ဒိယနိုင်ငံရဲ့လူဦးရေ ထူထပ်ပေါများလှတဲ့နေရာတခုမှာ လူပေါင်းစုံလဲနေထိုင်သွားလာလှုပ်ရှားလို့ နေတာတွေ့ရတယ်။ ဘာရယ်တော့မဟုတ်။ ထုံးစံအတိုင်း ယဉ်ကြောလိုင်းများပိတ်ဆို့နေ၍ ကားဟွန်းသံသည် ငှက်ဆိုးထိုးသွအလား.ကျယ်လောင်စွာတီးလျှက်မို့ တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွင်းလိုက်သည်။ အပြင်ခဏထွက်လိုက်ချိန်မှာ ပြင်ပလေနုတချက်တိုးဝှေ့မှုနဲ့ ရာသီဥတုသည်လည်း အထက်ကောင်းကင်မှာညိုရောင်မှိုင်းလို့ မိုးရွာတော့မည်မို့ အထဲသို့ ပြန်ဝင်လာချိန်မှာ အခန်းတွင်းမှာလည်း အဲယားကွန်းရဲ့ မညီညာသောသံစုံတီးလုံးသံတို့မှတပါး တိတ်ဆိတ်ငြိမ်သက်လျှက် မိမိလည်း တွေးလက်စအတွေးကို ဆက်လက်တွေးနေမိသည်။ လူသားတိုင်းလူသားတိုင်းမှာ ခင်မင်မှုသံယောဇဉ်ရှိတတ်ကြစမြဲ အချိန်တန်ရင် လမ်းခွဲရမှာပါလားလို့ လမ်းခွဲရပေမဲ့လဲ တနေ့နေ့တချိန်ပြန်လည်ဆုံဆည်းခွင့်ဆိုတာ ရှိလာမှာပါပဲလေဆိုပြီး အဖြည့်တွေးတွေးပြီး မနက်ဖြန်ဆိုတဲ့အချိန်ဟာ အိန္ဒိယနိုင်ငံကနေ ထွက်ခွာခဲ့ရတော့မယ်လို့တွေးနေမိပါရဲ့..။ ဗာရာဏသီရဲ့ နှုတ်ဆက်စရာ ဦးတင်ချစရာ မိဂဒါဝုန်သို့အပြေးလွှားချီတတ်ပြီး အိပ်သို့ပြန်လာခဲ့သည်။ ခဏနေပြီး မိမိရဲ့ မိသားစုသဖွယ်ဖြစ်ခဲ့သည့် ညီမငယ်များကို နှုတ်ဆက်ရန်လည်း ကျန်ခဲ့သေးသည်မို့ သွားခဲ့ရသေးတယ်ပေါ့။ မိမိအတွက် ရထားပေါ် တရက်တိတိခံသော ပူတီများကို ညီမငယ်ဂျိုတီးဂျန်းမှ စားသောက်ရန် ပြုလုပ်ပေးထားသည်။ သေချာကျနစွာ ကြာရှည်ခံစေသော ငွေရောင်စက္ကူဖြင့် ထုတ်လို့ မိမိ၏ မြန်မာပြည်မယ်တော်ကြီးအတွက် ဆာရီစနှင့် ခြုံပုဝါတထည်လက်ဆောင်ပေးလို့ မိမိအတွက် ခြုံထည်တထည် မိသားစုမှ အမှတ်တရ အလှူတခု အိန္ဒိယနိုင်ငံမှာနေစဉ် မိသားစုရဲ့ အမှတ်တရလေးတွေ အကြိမ်များစွာရရှိခဲ့တယ်ပေါ့။ ထိုည(၂၅.၈.၂၀၁၂)ညတနာရီ၅၅ မိနစ်အချိန်သို့သော် (၂၆.၈.၂၀၁၂)သို့ရောက်ရှိခဲ့သည် ကာလကတ္တားမြို့သို့ ရထားဖြင့် ခရီးထွက်ရတော့မည်မို့ ထိုအိမ်မှာပဲ မွန်ဂိုစလိုက်ဘူတာသို့ လိုက်ပို့ပေးခဲ့သည်။ နာရီတို့သည် တစထက်တစ ဗာရာဏသီရွှေမြို့တော်ကြီးနဲ့ ခွဲခွာဘို့ နီးလာခဲ့ချေပြီ။ ည၁၂ နာရီကျော်သည်နှင့် ခရီးထွက်ရန်ပြင်ဆင်ရတော့၏ မကြာချေ ကားရောက်လာသည်။ ကားရောက်လာသည်နှင့် ဗာရာဏသီမြို့ကြီးနှင့်ခွဲခွာဘို့ တိုက်တွန်းနေသည့်အလား ခွဲခွာရတော့မှာမို့ ရင်ထဲမှာ မွန်းကြပ်လျှက်။ လိုက်ပို့သူများကတော့ ရှင်ဂျွန်နှင့် ကိုယဿ တို့ ၂ပါး အိပ်ရေးပျက်သည်ကိုပဓာနမထားပဲ မအိပ်ပဲ ထိုင်စောင့်နေ၏။ အင်တာနက်စာမျက်နှာကို လှန်လှောနေမိရင်း စောင့်နေမိ၏။ ကားရောက်လာသည်နှင့် ပစ္စည်းများတင်ခဲ့သည်။ နေရစ်ပေဦးတော့ အင်တာနက်အိမ်လေးရေ ဆိုပြီး ရင်ထဲမှဆို့နင့်မှုနဲ့အတူ နှုတ်ဆက်ခဲ့ရတယ်ပေါ့။ ကားလေးသည် အာရှပူရ်သို့ဦးတည်လျှက် မောင်းနှင်နေ၏။ ညအချိန်လင့်နေသည်မို့ ကားလမ်းအနေအထားရှင်းနေ၏။ ကျိုးကြားတစီးစ ၂ စီးစတွေ့ရ၏။ထိုမှ ဗာရာဏသီမြို့တော်၏ ဟိန္ဒိလူမျိုးတို့၏ အဓိကအားထားရာဂင်္ဂါတံတားကို ဖြတ်လို့ ဂင်္ဂါမြစ်ရဲ့ ညရှုခင်းသည်လည်း မီးရောင်များမြိုင်ဆိုင်လို့ ဗာရာဏသီမြို့ရဲ့ကျက်သရေကိုဆောင်နေတော့၏။ ဟိုမှာဘက်ကမ်းမှာတော့ ရာမနန်းတော်ပြတိုက်ကတော့ မှုန်ပြပြမီးတောက်လေးများလင်းလို့ မိမိကားလေးကတော့ သူ့တာဝန်ပေးရာ မွန်ဂိုစလိုက်ဘူတာသို့ဦးတည်လျှက် အချိန်အားဖြင့် တနာရီကျော်နေပြီ ကဲ ကားသမားမောင်အာကျယ်ရေ “ဂျလဒိ ကျလိုး”လို့ နောက်ကနေ ပြောလိုက်မိတော့၏။ တကယ်လို့ရထားသာမမှီတော့ရင် ၂၇ ရက်နေ့ လေယာဉ်စီးဘို့သည်လည်းမလွယ်ကူလှ။ ကားလီဗာကို နင်းလိုက်တဲ့အရှိန်ကြောင့် ရှင်ဂျွန်တယောက် ငိုက်ရာမှ နိုးလျှက် မကြာခင် မွန်ဂိုစလိုက်ဘူတာသို့ ကားလေးသည် သူ့တာဝန်ကျေပြွန်ပြီမို့ ထိုးရပ်လေတော့၏။
Tuesday, August 21, 2012
"နှုတ်ဆက်တော့မည် ဗာရာဏသီ"
ဗာရာဏသီနေ့ရက်များ အနေကြာလာခဲ့သည်နှင့်အမျှ မကြာခင်ခွဲရတော့မယ်ဆိုတဲ့ အသိစိတ်။ အမိတက္ကသိုလ်ကြီး၏ ခေါင်းလောင်းသံသည်လည်း တိတ်ဆိတ်ငြိမ်သက်ဆဲ ငြိမ်သက်မြဲမို့ ခွဲရတော့မည်ဆိုတာ သိနေပြီပဲ သံယောဇဉ်ကြိုးလေးတွေ ရစ်ချည်ခဲ့သမျှကို အပြီးပိုင်နှုတ်ဆက်ခွဲထွက်ခဲ့ရပေမဲ့ ရင်ထဲမှာ ဟာတာတာနဲ့ မေ့နိုင်အောင်ကြိုးစားရတော့မယ်။ တူတူနေခဲ့ဘူးတဲ့ သူငယ်ချင်းများ လက်ပြနှုတ်ဆက်ရတော့မယ်မို့ အပြန်ခရီးမှာ အောက်မေ့တသခြင်းတွေရယ် မေ့မရနိုင်အောင်ထားရှိဘူးခဲ့တဲ့ မေတ္တာတရားတွေကို သူတယောက်သိပါစေတော့လေ။ နှစ်တိုင်းပြန်နေကြလိုတော့မဟုတ်ခဲ့။ ဒီနှစ်အပြန်ခရီးမှာ ရင်ထဲမှာ အတော်လေး ခံစားနေမိတယ်ပေါ့။ ပြန်မလာတော့ဘူးဆိုတဲ့ သံဒိဋ္ဌာန်ချလိုက်လို့ပဲ။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ခေါင်းလောင်းသံကို ကြားနိုင်စွမ်းမရှိတော့သလို ဗာရာဏသီရွှေမြို့တော်ကြီးနဲ့ (ဘုရားဖူးများလာခဲ့ရင်)မှတပါး မလာနိုင်တော့ ခေါင်းလောင်းသံသည် ဘယ်သောအခါ ဘယ်အချိန်ကြမှ ကြားရမှန်းမသိခဲ့တော့ အိမ်တွင်းပုန်းကုလားမ လုပ်နေတတ်တဲ့ မိမိ။ မိမိတက္ကသိုလ်ကိုသာ သံယောဇဉ်ကြီးစွာနဲ့ စောင့်ဆိုင်းခြင်းသည် မဟာအမှားကြီးဖြစ်ခဲ့ရတယ်။ အမှန်တော့ ဗီဇာ ၂ နှစ်ခွဲအတွင်းမှာ ခေါင်းလောင်းသံကြားရမည်ဆိုတဲ့ အသိစိတ်ကြောင့်ရယ် ရိုးစဉ်းစွာဝန်ခံရရင် မိမိတက္ကသိုလ်အပေါ်ယုံကြည်မှုတွေ ထားလွန်းခြင်း၏ အကျိုးကတော့ ဗီဇာ ၂ နှစ်ခွဲ ကုန်လို့မှ (PH.D)ကျောင်းသားတယောက် ဖြစ်ခွင့်မရခဲ့တော့ တက္ကသိုလ်အပြစ်လဲ မဟုတ်ခဲ့သလို မိမိလည်း မိမိတက္ကသိုလ်အပေါ် အားကိုးမှုကြောင့် ခုတော့ အချိန်တန် အိမ်ပြန်ရုံမှတပါး အခြားမရှိတော့။ မိမိနည်းတူ ဗီဇာကုန်လို့ မြန်မာပြည်မှ စောင့်ဆိုင်းနေကြသော သူငယ်ချင်းများ မိမိလည်း ခုတော့ ဗီဇာကုန်လို့ ပြန်လာခဲ့ရပြီပေါ့။ ခေါင်းလောင်းသံကတော့ ၂၀၁၂ ကုန်တဲ့ထိမသေခြာခဲ့။ ၂၀၁၃ တောင် ဘယ်လ ဘယ်နေ့ဘယ်ရက်ဆိုတာ တက္ကသိုလ်အုပ်ချုပ်သော ဆရာ(ဂုရုကြီး)များသည်ပင် မပြောနိုင်သမျှ ခေါင်းလောင်းသံသည် တိတ်ဆိတ်ငြိမ်သက်လျှက်မို့..။
Saturday, August 11, 2012
“မိုးနဲ့ အတူ” အချိန်တန်တော့လဲ အိမ်ပြန်ရုံမှတပါး
နေသည်သာလျှက်ရှိ၏ သို့သော်မကြာလိုက်ချေ။ ကောင်းကင်တပြင်လုံး မဲရောင်သန်းလာကာ ဘယ်အငြိုးတေးရယ်ကြောင့်မသိခဲ့ မိုးသည် သဲသဲမဲမဲရွာချနေမိသည်။ ၀န်းကျဉ်တခုလုံးဘာမှမမြင်ရတော့ လေတွေလဲတိုက်ပါဘိနှယ်။ မထင်မှတ်ပဲ ဗာရာဏသီမိုးနေ့တွေ များနေခဲ့ပြီ ခုတလော မီတာခတွေ သက်သာနေခဲ့ချေ၏။ ကိုလာလဲ နားနေရ၏။ လေပန်ကာသည်လည်း ပျင်းနေရော့မည်။ ပျင်းပျင်းရှိတာနဲ့ ဖေ့ဘုတ်စာမျက်နှာများ မွှေနှောက်ကာ ကြည့်နေမိတော့သည်။ ဗာရာဏသီမြို့၏ မိုးနေ့တွေများလို့နေ၏။ မချိန်းပဲလဲရွာတတ်၏။ တခါတရံ နေပူမရှောင် မိုးသည်ရွာချတတ်၏။ မိုးရွာလိုက်သည်နှင့် မဇ္ဈိမသားတို့ ကြက်ပျောက် ငှက်ပျောက်ပျောက်ကုန်ကြ၏။ သူတို့သည် မိုးကိုကြောက်၏။ မနေ့ကလဲ မထင်မှတ်ပဲ စရဏဘူတာဘက်အပျင်းပြေ သွားခဲ့၏။ မချိန်းပဲရွာလိုက်ရတဲ့မိုး။ ရွှဲရွှဲစိုကာသွားခဲ့၏။ တက္ကသိုလ်၏ခေါင်းလောင်းသံသည်လည်း မကြားရသေး။ အချိန်တို့သည် ကြာလာသည်နှင့်အမျှ ဒီနေ့ဖြစ်နိုး ဟိုနေ့ဖြစ်နိုး နဲ့ ကြာလာတော့ ရူးချင်လို့လာခဲ့သည်။ စောင့်ဆိုင်းရသောနေ့ရက်များသည်.နေ့မှသည် လသို့…။ လမှသည်နှစ်သို့..။နှစ်မှသည် ၂နှစ်သို့ အချိန်တွေသာ ကြာညောင်းလို့လာခဲ့သည် တက္ကသိုလ်ခေါင်းလောင်းသံကတော့ တိတ်ဆိတ်ငြိမ်သက်လို့နေ၏။မသေခြာခဲ့.။နောက်နှစ်ဆိုတာလဲ မသေခြာ။ ဘယ်လိုလုပ်တော့မလဲ အတွေးစကို ရင်ဝယ်ပိုက်ပြီး တနေ့တော့ဖြစ်လာမှာပါ ဆိုတဲ့ ကိုသန်းနိုင်သီချင်းတပုဒ်ကို ပြန်လည်ကြားယောင်လို့လာခဲ့။ ဒီလိုနဲ့ ပေးထားတဲ့ ဗီဇာသည်လည်း မကြာမီ သက်တမ်းကုန်တော့မည်မို့ ဋ္ဌာနေပြန်ရန် တွေးရပေတော့မည်။ မိမိကဲ့သို့ စောင့်ဆိုင်းနေကြသည့် သူငယ်ချင်းတွေလဲရှိကြသည်။ တချို့မြန်မာပြည်မှာ လိပ်ခဲတင်းလင်းစောင့်နေကြသည်။ ဗီဇာတော့မရှိကြတော့ တချို့ တိုးရစ်ဗီဇာနဲ့ပြန်လို့လာခဲ့ကြချေပြီ။ သူတို့တွေနဲ့စာမိရင်တော့ အကောင်းသားပါလားလို့တွေးမိခဲ့သည်။ ခုတော့ မိမိလည်း မကြာခင် ဗီဇာကုန်တော့မည်။ ရွှေမန်းကိုတင်မောင်သီချင်းကိုလည်း ငယ်စဉ်ကကြားဘူးခဲ့သလို ကျနော်လည်း ထိုနည်း၎င်း ထိုနည်း၎င်း။ဖြစ်တော့မည်။ ပြန်ဘို့ တာဆူရုံမှတပါး အခြားမရှိတော့။ပြန်ပြန်တော့လဲ ဒုတိယ၀ါအမှီပြန်ဘို့စဉ်းစားရတော့မည်။ အင်း .ခက်နေသည်ကား ခုထိဘာမှမသေခြာ မရေရာသေးတဲ့ တက္ကသိုလ်ကြီးကို အပြီးပိုင်နှုတ်ဆက်လို့ လမ်းခွဲလိုက်တော့မယ်။ ရဟန္တာတွေ စတင်ဖြစ်ပေါ်ခဲ့သည့် သံဃာရတနာစတင်ပေါ်ပေါက်ရာ မြေမြတ်မဟာနဲ့ ဗာရာဏသီရွှေမြို့တော်ကြီးနဲ့လမ်းခွဲခဲ့ရပေမဲ့ မိမိရင်ထဲမှာတော့ အမှတ်ရနေစရာတွေ ရှိနေစမြဲပါ။ လမ်းကြုံခဲ့ရင်တော့ ပြန်လည်တွေ့ဆုံခွင့်လေးတွေရှိနေအုံးမှာပါပဲလေ။ အချိန်တို့ကြာလာခဲ့သည်နှင့်အမျှ နေခဲ့တဲ့နေရာဟောင်းလေးတွေ တက်ခဲ့ဘူးတဲ့ တက္ကသိုလ်ရဲ့ စာသင်ခန်းမလေးများကို လွမ်းနေဆဲ လွမ်းနေလျက်ပါ လို့ မိမိတို့ ( M.A)ဘွဲ့ (၂၀၀၉)ခု ရယူပြီးသည်နှင့်တပြိုင်နက် တက္ကသိုလ်၏ စည်းမျဉ်းတွေသည် ပြောင်းလွဲလိုက်သည်နှင့် ၂၀၁၀ ခုနှစ် မိမိ(synopsis) တင်ပြီးကထဲက ယခုချိန်ထိ ဆရာများကိုယ်တိုင်က ဘာမှအတိကျမပြောနိုင်သေးဟု အားရစရာကောင်းလှသော စောင့်ဆိုင်းရကျိုးသည် မကြာခင်ဗီဇာလည်း နိဋ္ဌံတံ။ မိမိလည်း နိဋ္ဌိတံလို့ အချိန်တန် အိမ်ပြန်ရပေမဲ့ လွမ်းမြဲလွမ်းနေလျှက်ပါ လို့…။
Friday, August 3, 2012
ဝါဆိုဝါကပ်ရခြင်းအကြောင်းများ
ဒီနေ့ အမိမြန်မာပြည်မှာတော့ ၀ါဆိုဝါကပ်တဲ့နေ့ပေါ့။ ၀ါဆိုဝါကပ်ခြင်းအကြောင်းမှာ မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းသီတင်းသုံးနေတော်မူစဉ် ရဟန်းတို့အား ၀ါဆိုဝါကပ် ပညတ်တော်မမူသေးသောကြောင့် ရဟန်းတော်တို့သည် နွေ.မိုး.ဆောင်းဥတု ၃ ပါးလုံးဒေသစာရီလှည့်လည်တော်မူခဲ့ကြသည်။ လူတို့သည် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ''အဘယ်ကြောင့် ဆောင်း နွေ မိုးဥတုသုံးပါးလုံး စိမ်းရှင်သော မြက်ပင်တို့ကို နင်းချေကုန်လျက် အသက်ဟု ဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါတို့ကို ပျက်စီးခြင်းသို့ ရောက်စေ၍ ဒေသစာရီ လှည့်လည်ကုန်ဘိသနည်း၊ မကောင်းသဖြင့် ဟောအပ်သော တရားရှိသော သာသနာတော်မှ တစ်ပါးသော အယူရှိသော တိတ္ထိတို့သော်မှလည်း မိုးလတို့ပတ်လုံးကြောင့်ကြမဲ့ ကိန်းအောင်းနေထိုင်ကြကုန်သေး၏၊ ငှက်တို့သော်မှလည်း သစ်ပင်ဖျားတို့၌ အသိုက်ပြုကာ မိုးလတို့ပတ်လုံးကြောင့်ကြမဲ့ မြဲစွဲစွာ နေကြကုန်သေး၏။ ဤသာကီဝင်မင်းသား ဘုရားအနွယ်တော် ဖြစ်သော ရဟန်းတို့သည်ကား ဆောင်း နွေ မိုးဥတုသုံးပါးလုံး စိမ်းရှင်သော မြက်ပင်တို့ကို နင်းချေကုန် လျက် အသက်ဟု ဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါ တို့ကို ပျက်စီးခြင်းသို့ ရောက်စေလျက် ဒေသစာရီ လှည့်လည်ကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသောအခါ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့အား ''ရဟန်းတို့ ဝါကပ်စိမ့်သောငှါ ခွင့်ပြု၏''ဟု မိန့်တော်မူ၏။
ထိုအခါ ရဟန်းတို့အား ''အဘယ်အခါ၌ ဝါကပ်အပ်ပါသနည်း''ဟု အကြံဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ''ရဟန်းတို့ မိုးလ၌ ဝါကပ်စိမ့်သောငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတို့အား ''ဝါကပ်ခြင်းတို့သည် အဘယ်မျှ ရှိကုန်သနည်း''ဟု အကြံဖြစ်၏။ မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ဝါကပ်ခြင်းတို့သည် ပုရိမဝါကပ်ခြင်း၊ ပစ္ဆိမဝါကပ်ခြင်းဟူ၍ နှစ်မျိုးရှိကုန်၏။ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ပုရိမဝါကပ်ရမည်၊ ဝါဆိုလပြည့် နေ့မှ တစ်လလွန်ပြီးသော လပြည့်ကျော်တစ်ရက် 'ဝါခေါင်လပြည့်ကျော်တစ်ရက်' နေ့၌ ပစ္ဆိမဝါကပ်ရမည်၊ ရဟန်းတို့ ဝါကပ်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဒီနှစ်သည် ၀ါထပ်ခြင်းကြောင့် ပုရိမ၀ါကပ်ကြရသည်။ ၀ါခေါင်လပြည့်ကျော်တရက်နေ့ ၀ါဆိုဝါကပ်ပြီး တန်ဆောင်မုန်းလပြည့်နေ့မှ ၀ါကျွတ်သည်။ ၀ါကပ်ရာတွင် ကျောင်းလို့အမည်ရမှ ၀ါကပ်ရမည်ဟု မဟုတ်ချေ။ မြတ်စွာဘုရားသည် ၀ါဆိုရာ ဋ္ဌာန များ သတ်မှတ်ပေးထားခဲ့သည်။ လှည်း, လှေ,နွားခြံ တို့နေရာ သည်လည်း ၀ါဆိုဝါကပ်ခွင့် ပေးထားခဲ့၏။တစ်ရံရောအခါ ရဟန်းတစ်ပါးသည် နွားကျောင်းသားတို့၏ နေရာ၌ ဝါကပ်ခြင်းငှါ အလိုရှိ၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ နွားကျောင်းသားတို့၏ နေရာ၌ ဝါကပ်ခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။ နွားကျောင်းသားတို့၏ နေရာသည် ပြောင်းရွှေ့၏။ မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ နွားကျောင်းသားတို့၏ နေရာရှိရာသို့ ကပ်ခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ရဟန်းတစ်ပါးသည် ဝါဆိုရန် အချိန်အခါ နီးလတ်သော် လှည်းကုန်သည်နှင့် သွားခြင်းငှါ အလိုရှိ၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ လှည်း၌ ဝါကပ်ခြင်းငှါခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ရဟန်းတစ်ပါးသည် ဝါဆိုရန် အချိန်အခါ နီးလတ်သော် လှေဖြင့် သွားခြင်းငှါ အလိုရှိ၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ လှေ၌ ဝါကပ်ခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။ မိမိ ကိုရင်ဘ၀က သာမဏေသကျသီဟ လုပ်စဉ်အခါက စာချဘုန်းကြီးသည် မှတ်လွှယ်စေရန် ဆောင်ပုဒ်လေးလုပ်ပေးထားခဲ့သည်။ စာမေးပွဲအတွင်းဝယ် အလွယ်တကူအမှတ်ရစေရန်ဖြစ်၏။ {လှည်း,လှေ,နွားခြံ ဤ ၃ တန် မှတ်ရန်ဝါကပ်ကောင်း} ဟု သင်ပေးခဲ့ဘူးသည်။ ယနေ့ထိ ရနေသည်ကို အမှတ်တရ ရေးသားတင်ပြလိုက်ပါ၏။ ၀ါမကပ်သင့်သောနေရာများမှာလည်း မြတ်စွာဘုရားသည် မိန့်တော့်မူခဲ့လေ၏။ သစ်ခေါင်း,သစ်ခွ,လွင်တီးခေါင်,အမိုးမရှိသောနေရာ=ကျောင်းအိပ်ယာ နေရာမရှိသောနေရာ, သူသေကောင်ဖုတ်ရာနေရာတဲ, ထီး, အိုးစရည်း ဤ နေရာ ၇ နေရာကို ၀ါမကပ်ရန်မိန့်မှာတော်မူခဲ့သည်= ပညတ်တော်မူခဲ့သည်။ ဤ ၀ါမကပ်ရတဲ့နေရာဋ္ဌာနများကို မိမိရဲ့ စာချ ဘုန်းကြီးမှ { သစ်ခေါင်းသစ်ခွ မှတ်ကြလေပါ လွင်တီးခေါင်လည်း မရှိဝိဟာ သူသေကောင်ဖုန် တဲကုတ်တဖြာ မကပ်ရ ဆတ္ထ အိုးစရည်းမှာ}လို့ ဆောင်ပုဒ်လေးများသီကုံးပေးခဲ့သည်။ မိမိကိုရင် ၁၇ နှစ်သားအရွယ်က စာချဘုန်းတော်ကြီးများ သင်ကြားပေးခဲ့ဘူးသည်ကို အမှတ်ရစေခဲ့သည်။
မြတ်စွာဘုရားသည် ထိုဝါမကပ်သင့်သည်နေရာဋ္ဌာနတွေမှာလည်း အကြောင်းတရားတွေရှိခဲ့ခြင်းကြောင့် ၀ါဆို ၀ါကပ်ခွင့်မပေးခဲ့ခြင်းဖြစ်သည်။တစ်ရံရောအခါ ရဟန်းတို့သည် သစ်ခေါင်း၌ ဝါကပ်ကုန်၏။ လူတို့သည် ''ဘီလူးငယ်တို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်း ကို လျှောက်ကြကုန်၏။ ရဟန်းတို့ သစ်ခေါင်း၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် သစ်ပင်ခွ၌ ဝါကပ်ကုန်၏။ လူတို့သည် ''သားမုဆိုးတို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်း ကို လျှောက်ကြကုန်၏။ ရဟန်းတို့ သစ်ပင်ခွ၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် လွင်တီးခေါင်၌ ဝါကပ်ကုန်၏။ မိုးရွာသည်ရှိသော် သစ်ပင်ရင်းသို့လည်းကောင်း၊ တံစက်မြိတ်သို့လည်းကောင်း ပြေးကပ်ကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ လွင်တီးခေါင်၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် ကျောင်း အိပ်ရာ နေရာ မရှိဘဲ ဝါကပ်ကုန်၏။ အချမ်းကြောင့်လည်းကောင်း၊ အပူကြောင့်လည်းကောင်း ပင်ပန်းကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက် ကြကုန်၏။ ရဟန်းတို့ ကျောင်း အိပ်ရာ နေရာ မရှိဘဲ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ် အာပတ် သင့်၏ဟု (မိန့် တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် သူသေကောင်ထားရာတဲ၌ ဝါကပ်ကုန်၏။ လူတို့သည် ''သူသေ ကောင်ကို မီးဖုတ်သော သူတို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ သူသေကောင်ထားရာတဲ၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် ထီး၌ ဝါကပ်ကုန်၏၊ လူတို့သည် ''နွားကျောင်းသားတို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်း ကို လျှောက်ကြကုန်၏။ ရဟန်းတို့ ထီး၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် အိုးစရည်းကြီး၌ ဝါကပ်ကုန်၏။ လူတို့သည် ''တိတ္ထိတို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ အိုးစရည်းကြီး၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ မိမိတို့မှာတော့ ၀ါဆိုရာ ကျောင်းဟု မဟုတ်သော်ငြားလည်း မိမိငှားနေသော အိမ်ကိုသာ ၀ါဆိုဝါကပ်ခဲ့ရပေသည်။ ၀ါဆိုရန် ရွတ်ဆိုရသော ပါဠိတော်မှာ “ဣမသ္မိံ ၀ိဟာရေ ဣမံ တေမာသံ ၀ဿံဥပေမိ” လို့ ၃ ကြိမ်၃ ခါရွတ်ဆိုရသည်။ ရှင်းလင်းချက်။ ဤကျောင်းတိုက်မှာ ၀ါတွင်း၃ လပတ်လုံး ၀ါကပ်ပါ၏။ လို့ဆိုလိုပါ၏။ မိမိတို့မှာတော့ “ဣမသ္မိံ ဂေဟေ ဣမံ တေမာသံ ၀ဿံ ဥပေမိ” လို့ ၀ါဆိုဝါကပ်ခဲ့ရသည်။ ၀ါတွင်းကာလမှာ ဤကျောင်းတိုက်မှာဝါတွင်း ၃လပတ်လုံး နေထိုင်ပါမည်ဟု ရွတ်ဆိုကြခြင်းဖြစ်၏။ မိမိတို့မှာတော့ ဤ အိမ်မှာ ၀ါတွင်း၃ လ ပတ်လုံး နေထိုင်ပါမည်ဟု ရွတ်ဆိုမှုပြုလိုက်ရတော့၏။ ၀ါတွင်းမှာလည်း ခြွင်းချက်အနေနဲ့ မြတ်စွာဘုရားသည်။ တုံ ၃ တုံ တဲ့ ။ဒါနဉ္စ ဒါတုံ။ ဓမ္မဉ္စ သောတုံ။ ဘိက္ခုစ ပဿိတုံ။ အလှူပေးခြင်းငှာလည်းကောင်း။ တရားတော်ကို နာယူခြင်းငှာလည်းကောင်း။ ရဟန်းသံဃာအားဖူးမြင်ခြင်းငှာလည်းကောင်း ၀ါတွင်းကာလမှာ သွားဘို့ အနုပညတ်အနေနဲ့ ခွင့်ပြုခဲ့သည်။ ၀ါတွင်းကာလ မှာ ၀ါကျိုးဝါပျက်ခြင်းသည် ဒုက္ကဋ်အာပတ်သာသင့်စေသည်။ မသိနားမလည်သော လူအချို့သည် ၀ါကျိုးဝါပျက်ခြင်းကိုပင် အပြစ်ကြီးတခု ဟု ယူဆနေကြ၏။ အမှန်စင်စစ် ဒုက္ကဋ်အာပတ်သည် ဒေသနာကြားက ပျောက်နိုင်သည်။ (လူအများသိစေရန်) သာဖြစ်ပါ၏။
Thursday, August 2, 2012
ဓမ္မစကြ်ာဟောတော်မူရာနေ့ အမှတ်တရ မိမိတို့ကျောင်းသားတွေမှလည်း
| ဗာရာဏသီမြို့ရှိ တက္ကသိုလ်၂ ခုမှ ညီညွတ်စွာ ဓမ္မစကြ်ာရွတ်ဖတ်နေကြပါ၏။ |
![]() |
| ဓမ္မစကြ်ာရွတ်အပြီး ကိုဂင်္ဂါ နှင့်အတူပေါ့ |
ဒီနေ့ မြတ်စွာဘုရားရှင်သည် ဓမ္မစကြ်ာသုတ်ကိုဟောတော်မူသောနေ့ဖြစ်၏။ “ ဘိက္ခုနံ ပဉ္စ၀ဂ္ဂီနံ အိသိပတန နာမကေ မိဂဒါယေ ဓမ္မ ၀ရံ ယံ တံ နိဗ္ဖာန ပါပကံ” အစရှိသည်ဖြင့် ဓမ္မစကြ်ာသုတ် ကိုဟောတော်မူခဲ့သည်။ နေရာကား မိမိတို့နေထိုင်ရာနှင့် မလှမ်းမကမ်းမှာရှိသည်။ မိမိတို့နေထိုင်ရာသည် မိဂဒါဝုန်တောနှင့် ၂ ကီလိုမျှသာ ဝေးကွာ၏။ ရဟန္တာများ စတင်ပေါ်ပေါက်ရာ သံဃာရတနာစတင်ပေါ်ပေါက်ခဲ့ရာ မြေမြတ်မဟာ ဖြစ်သည်။ သစ္စာတရား ထွန်းကာခဲ့ရာ မြေမြတ်မဟာမှာ ဒီနှစ်ဝါကပ်ရပေမည်။ ဒီနေ့ဆိုရင် အမိမြန်မာပြည်မှာ ဘုရားတွေမှာ လူများပြည့်ကြပ်လို့ ဗုဒ္ဒဘာသာတို့ အမွန်မြတ်ဆုံးနေ့တနေ့ဆိုကမှားအံ့မည်မထင်။ တချို့ ရုံးတွေ ပိတ်ရက်မို့ သံဃာတော်များ မိမိအိမ်သို့ပင့်ဆောင်ပြီး ၀ါဆိုသင်္ကန်းများဆပ်ကပ်ကြမည်။ တချို့ရုံးတွေမှာ လည်း ပင့်ကပ်တတ်ကြ၏။ အင်မတန်ချစ်စရာကောင်းသော မြန်မာပြည်ရဲ့ ဓလေ့ထုံးတမ်းဖြစ်၏။ မိမိတို့ နိုင်ငံရပ်ခြားမှာ တနည်း သစ္စာတရားထွန်းကာခဲ့ရာ မြေမြတ်မဟာပေမင့် ၀ါဆိုသင်္ကန်းဝေးစွ။ သို့သော် အမှတ်တရ ကုသိုလ်ထူးလေးတော့ ရင်ဝယ်ပိုက်ခဲ့ရပြီ။ ဗာရာဏသီမြို့ရှိ တက္ကသိုလ် ၂ခု မှ သံဃာတော်များ ဆေးဝင်္ကဘာမြန်မာကျောင်းမှာ စုပြီး မြန်မာပြည်ကို အမှတ်တရ လွမ်းဆွတ်ခြင်း, သစ္စာတရားထွန်းကားခဲ့ရမြေမြတ်မဟာမှာ မြတ်စွာဘုရားရှင်ကို အောက်မေ့တသအမှတ်တရ အဖြစ် တက္ကသိုလ်၂ခုတို့ M.A.့ ပထမနှစ်သံဃာတော်မှား.ဒုတိယနှစ်သံဃာတော်များ။ PH.D စောင့်ဆိုင်းနေသော သံဃာတော်များ.တချို့ ကျမ်းတင်ရန် စောင့်နေကြသော သံဃာတော်များ. တချို့တင်ဆဲ viva ထိုင်ရန်စောင့်နေသောသံဃာတော်များ အပါး ၆၀ ခန့်တို့သည် ဆေးဝင်္ကဘာမြန်မာကျောင်း၌ စုပေါင်းညီညာစွာ ဓမ္မစကြ်ာရွတ်ဖတ်ကာ အမှတ်တရ ကုသိုလ်လေး ပြုလိုက်မိပါ၏။ မိမိအိမ်မှာရွတ်လဲ ရသော်ငြားလည်း မိဂဒါဝုန်တော ဓမ္မေခ စေတီတော်အတွင်း၌ ရွတ်လဲရပါသော်လည်း ညီညွတ်ရေး အဖြစ် စုပေါင်းသံပြိုင်ရွတ်ဆိုခဲ့ကြသည်။
Saturday, July 28, 2012
PH.D ကျောင်းသားတယောက်ရဲ့ ရင်ထဲမှာ
တနေ့က အမိတက္ကသိုလ်မှ ဆရာ(ဂုရုကြီး)တွေ သွားတွေ့လိုက်တယ်။ ဒီလကုန် PH.D ကျောင်းသားတယောက်ဖြစ်ဘို့ ရေးဖြေဖြေရမယ်ဆိုလို့ပေါ့။ သို့သော် အတိကျမသိခဲ့ရပါ။ ဆရာ တယောက်ဆီ ၀င်ရောက်မေးလိုက်တယ်။ ရက်အကန့်သတ်မရှိပါတဲ့ သူတို့လဲ ဘာမှမသိပါတဲ့လေ။ ခု အမိတက္ကသိုလ်သည် အစိုးရပိုင်ဆိုင်သည်တဲ့။ သူတို့လုပ်ပိုင်ခွင့်ဆိုတာမရှိတဲ့။ မိမိမှတ်မှတ်ရရ (ဗီဇာလေး ၂နှစ်ခွဲ) ရခဲ့လို့ ၁၅.၆.၂၀၁၀ နေ့ကပေါ့ ပျော်နေမိတယ်။ မနှစ်ကလဲ ၁၀ လကျော်ကျော် လာရောက်စောင့်ဆိုင်းခဲ့ပေမဲ့ အချိန်တန် အိမ်ကိုပြန်ခဲ့ရတယ်။ ဒီနှစ်လဲ စောင့်နေဆဲပါ မကြာခင် ၁၀ လ ပိုင်းဆိုရင် ဗီဇာကကုန်တော့မယ်။ ခုထိ PH.D ကျောင်းသားဆိုတာ မဖြစ်ခဲ့သေး။ အမှန်တော့ PH.D ကျောင်းသားတယောက်ရဲ့ မျှော်လင့်ရတဲ့အလုပ်တခုမလွယ်ရေးခြာ မလွယ်ကူလှ။ PH.D ကျောင်းသားသည် ဆရာတယောက်ကို ကျောင်းသား ၅ ယောက်သာလက်ခံခွင့်ရှိခဲ့တယ်။ မိမိတို့ပါဠိဋ္ဌာနမှ ဆရာက ၃ ယောက်ရှိတယ်ပေါ့။ မိမိတင်ခဲ့တဲ့ synopsis တင်ခဲ့တဲ့နှစ်သည် ၂၀၁၀ ခု နှစ်ကထဲက မိမိကဲ့သို့ PH.D ကျောင်းသားဖြစ်ဘို့ စောင့်ဆိုင်းနေကြရတဲ့ ကျောင်းသားတွေက ဒုနဲ့ဒေးပါ။ စုစုပေါင်း ၄၅ပါးပေါ့။ တချို့အမိမြန်မာပြည်မှာ တချို့ကြပြန်တော့လဲ မိမိကဲ့သို့ အိန္ဒိယနိုင်ငံရဲ့ ရာသီဥတု မညီမျှသောနေရာတခုမှာ အေးပြန်ရင်လဲ အရမ်းအေးတဲ့ဒေသ။ ပူပြန်ရင်လဲ အရမ်းပူလွန်းလို့ လက်တွေ ရင်ဘတ်တွေမှာ အပူဒဏ်ကြောင့် ခံခဲ့ရပါတယ်။ တကယ်တော့ PH.D ကျောင်းသားတယောက်ဖြစ်ဘို့ဆိုတာ လွယ်လင့်တကူမဖြစ်နိုင်ပါဘူး။ တချို့ကပြောကြတယ်လေ..။ငွေပေးရင် ရတယ်ဆိုတဲ့ အတွေးပိုင်ရှင်များ ငွေပေးလို့သာရမယ်ဆိုရင် မိမိ ၂ နှစ်တင်းတင်းပြည့်လိုနေခဲ့ပြီပဲ။ တနှစ်အိမ်ငှားးစရိတ် စားစရိတ်နဲ့ တလ ပျမ်းမျှ ဒေါ်လာ ၇၀ လောက်ကုန်ကျစရိတ်ကို “ရော့.အင့် “လို့ ပေးပြီးအမိမြန်မာပြည်မှာ ဒူးနှပ်နေမှာပေါ့။ ကိုယ်တကယ်မခံစားဘူးပါပဲ ငွေပေးရင် ဒေါက်တာရတာပဲဆိုတဲ့ ရွှေပါးစပ်ပိုင်ရှင်များ..ဘယ်သူမဆို အထင်နဲ့ပြောတတ်ကြပါတယ်.။ တကယ်တမ်းခံစားနေရတာက အိန္ဒိယနိုင်ငံမှာရှိတဲ့ မြို့ပေါင်းစုံမှာ နေထိုင်သီတင်းသုံးကာ နေထိုင်နေကြတဲ့ စာသင်သားရဟန်းတော်များအသိဆုံးပါ။ ကိုယ်စာကိုရေး ကိုယ်တေးကိုယ်ဆိုသလို.ဘာမဆို ကိုယ်တိုင် အပူဒဏ်အအေးဒဏ်ခံစားပြီး ကိုယ်တိုင်ချက်ပြုတ် ထမင်း ဟင်း မမည်သော ထမင်း ဟင်းများနဲ့ ဖွယ်ဖွယ်ရာရာ မရှိပေမဲ့ “ငယ်စဉ် ကိုရင်ဘ၀ကရွတ်ဆိုဆင်ခြင်ခဲ့တဲ့ “ဤသည့်စားဖွယ်အမယ်မယ်ကို မြူးရွယ်မာန်ကြွ လှပရေဆင်း ပြည့်ဖြိုးခြင်းငှာ မသုံးပါဘူး..စတဲ့ ဆွမ်းစားရန်ဆင်ခြင်ခဲ့တဲ့ကဗျာလေးကို အမှတ်ရစေခဲ့ပြီး အာဟာရမျှတရုံလေးနဲ့ ဘုဉ်းပေးကာ ပညာသင်နေခဲ့ကြရပါတယ်.။ တခါတရံ အမိမြန်မာပြည်ကို သတိရစိတ်တွေကရင်ထဲမှာ မွန်းကြပ်လို့နေခဲ့ရပါသေးတယ်။ မြတ်စွာဘုရား သစ္စာတရားတွေ ဟောဖေါ်ညွှန်ကြားခဲ့တဲ့ နယ်မြေတခုမှာ အသိတရားခေါင်းပါး ကိုရွှေကုလားတို့နိုင်ငံဖြစ်တဲ့ မဇ္ဈိမဒေသတနေရာမှာ အခက်ခဲလေးတွေ ရင်ဝယ်ပိုက် မတတ်တတ် ကုလားစကားလေးတွေနဲ့ နေနေကြတဲ့ မဇ္ဈိမဒေသ စာသင်သားတွေဟာ နေချင်လို့ ပျော်လို့လို့တော့မထင်လေနဲ့ မိမိတို့ရည်မှန်း မျှော်မှန်းတဲ့ ပန်းတိုင်ရောက်ခဲ့ရင် ရွှေကျောင်းကြီး ဟီးနေအောင်ဆောက်ပေးမယ်လို့ ဆိုခဲ့ရင်တောင် စဉ်းစားကြမဲ့သူတွေချည်းပါပဲ.။ ခု မိမိတို့တက္ကသိုလ်ရဲ့ ၂နှစ်တာစောင့်ဆိုင်းခဲ့သမျှ မကြာခင်အဖြေထွက်လေမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ အတူ ခက်တာက မိမိတို့ဆရာတွေသည်ပင်လျှင် အတိကျမပြောနိုင်တာခက်နေမိ၏။ ဆရာတယောက်ကတော့ပြောတယ် ရက်အကန့်သတ်ချက်မရှိတဲ့။ တယောက်ကပြောတော့ ၁၀ လ ပိုင်းအတွင်းလုပ်ပေးမယ်တဲ့။ ကဲ ဗီဇာကလဲ မကြာခင်ကုန်တော့မယ်ဆိုတော့ ကံကောင်းခြင်းလက်ဆောင်တခု ပိုင်ဆိုင်ခဲ့မယ်ဆိုရင်တော့..မဇ္ဈိမဒေသနဲ့ ရေစက်မကုန်ဘူးလို့ ယူဆရမယ်ပေါ့..။ တကယ်လို့များ..
Monday, July 16, 2012
ထူးထူးခြားခြား ဒီနေ့ဘလော့ရောက်လာသူအများဆုံးနေ့တနေ့ပေါ့။
ဒီနေ့ မိမိဘလော့အားလာရောက်လည်ပတ်သူအများဆုံးတွေ့ရပါတယ်။ အမိမြန်မာပြည်မှသူငယ်ချင်း ဒေါက်တာအစ္ဆရိယမှ အမှတ်တရ ပစ္စည်းလေးလူကြုံနဲ့ထည့်ပေးလိုက်လို့ BHU တက္ကသိုလ်မှာလာယူရင်း BHU တက္ကသိုလ်ရောက်ပြန်တော့လဲ မိမိနှင့်နယ်တူဖြစ်သော ဒေါက်တာအာဒိစ္စမှလည်းဒီနေ့ VIVA ထိုင်တဲ့နေ့မို့ BHU တက္ကလိုလ်မှသံဃာတော်များအားလည်း ဆွမ်းကပ်တာနဲ့ သွားကြုံကြိုက်ခဲ့သည်။ ဟင်းတွေကလဲစုံလို့ အသားဟင်းမစားရတာကြာပြီဖြစ်တဲ့ကျောင်းသားလေး ဘုဉ်းလိုက်တာ တဇလုံအပြည့်ပေါ့။ ပူပူနွေးနွေးဒေါက်တာအာဒိစ္စ ရေ သာသနာပြူလုပ်ငန်းတွေ လုပ်ဆောင်နိုင်ပါစေ လို့...။တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ဘလော့ရောက်လာသူများအားလုံးလည်း ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျမ္မာချမ်းသာကြပါစေလို့..။
Tuesday, July 10, 2012
“ထမင်းစားရင်း ပါရမီဖြည့်မယ် ”
မြတ်စွာဘုရား လက်ထက်တော်က မထင်ရှားတဲ့ ရဟန်းငယ်လေး တစ်ပါး ရှိပါတယ်။အညတရ ရဟန်းလေးလို့ပဲ ဆိုပါတော၊့ အဲဒီအညတရ ရဟန်းလေးဟာဖြစ်ပျက် ကမ္မဋ္ဌာန်း ကို ကြိုးစား အားထုတ်နေပါတယ်။ တရားအားထုတ် နေတုန်းမှာပဲ နားကိုက် ဝေဒနာ ဖြစ်လာပါတယ်။ ဒါကြောင့် တရားအားထုတ်လို့မရတော့ပါဘူး။နားကိုက် ဝေဒနာကို ဆေးဆရာတွေ ပြပြီးကုပေမယ့် မပျောက်ပါဘူး။နောက်ဆုံးတော့ အညတရ ရဟန်းငယ်က နားကိုက်ဝေဒနာ ခံစားနေရတာကိုမြတ်စွာ ဘုရားကို သွားလျှောက် ပြပါတယ်။
ဒီတော့ မြတ်စွာဘုရားရှင်က ရဟန်းငယ်ဟာ ပုဇွန်ဆီနဲ့ ချက်ထားတဲ့ဆွမ်းဘောဇဉ် ကိုစားရင် သပ္ပါယဖြစ်ပြီး ဓာတ်စာဖြစ်မယ်ဆိုတာ သိတော်မူလို့“ချစ်သား.. သင် မာဂဓ လယ်ကွင်းထဲကို ဆွမ်းခံကြွပါ” လို့ မိန့်လိုက်ပါတယ်။
လယ်တောထဲ ဆိုတော့ ပုဇွန်လုံးပဲ ပေါတာပါ။ အညတရ ရဟန်းကလည်း“ငါ့အတွက် ကောင်းကျိုးမြင်လို့ မိန့်တာပဲ”လို့
နှလုံးသွင်း ပြီးကြွပါမယ်ဆိုတဲ့ အကြောင်းဝန်ခံခဲ့ပါတယ်။ဒီလိုနဲ့သပိတ် သင်္ကန်းကိုယူပြီး လယ်ကွင်းထဲကို ဆွမ်းခံထွက်ခဲ့ပါတယ်။
လယ်ကွင်းထဲရောက်တော့ လယ်စောင့်တဲ တစ်ခုတွေ့တာနဲ့တဲတံခါးဝမှာ ဆွမ်းခံရပ်လိုက် ပါတယ်။ လယ်စောင့် ယောင်္ကျားကလည်း
အဲဒီအချိန်မှာ ပုဇွန်ဆီနဲ့ စီရင်ထားတဲ့ ထမင်းကို ချက်ထားပြီးစပါ။ဆွမ်းခံ ရဟန်းတော် ကိုမြင်တော့ တဲထဲကို ပင့်ပြီး အခင်းလေး တစ်ခုပေါ် မှာထိုင်စေပါတယ်။ပြီးမှ ကိုယ်တိုင် ချက်ထားတဲ့ ပုဇွန်ဆီ ထမင်းကို သပိတ်ထဲလောင်း လိုက်ပါတယ်။အညတရ ရဟန်းဟာ ပုဇွန်ဆီဆွမ်းကို တစ်လုပ်နှစ်လုတ်စားလိုက်တာနဲ့တင် နားကိုက် ဝေဒနာဟာ အစာနဲ့ဆေးသပ္ပါယ သင့်ပြီး ပျောက်သွားပါတယ်။ ဝေဒနာ ပျောက်သွားတော့ချက်ချင်း စိတ်ချမ်းသာ သွားပါတယ်။ ဒါကြောင့် ဆွမ်းစားရင်း ဖြစ်ပျက်
ကမ္မဌာန်းကိုနှလုံး သွင်းပါတယ်။ ဆွမ်းစားလို့ မပြီးခင်မှာဘဲ ရဟန္တာဖြစ်သွား ပါတော့တယ်။ဒီတော့.. အညတရ ရဟန်းဟာ လယ်စောင့်ဒကာကို “ဒကာ.. သင့်ရဲ့ဆွမ်း ဘောဇဉ်နဲ့ ငါ့ရဲ့ရောဂါ ဝေဒနာလည်း ပျောက်သွားလို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ် ရတယ်။ သင်လည်း ဒီကုသိုလ်ကြောင့် ဆင်းရဲမှလွတ်ကင်းပြီး ကိုယ်စိတ် ချမ်းသာဖြစ် လိမ့်မယ်”လို့ ပြောပြီး မိမိကျောင်းကို ပြန်ခဲ့ပါတယ်။ လယ်စောင့် ယောင်္ကျားလည်းသူလောင်းလှူ လိုက်တဲ့ပုဇွန်ဆီ ထမင်း ကုသိုလ်လေး ကိုနေ့တိုင်း အောက်မေ့ နေပါတယ်။ ကွယ်လွန်တဲ့ အခါမှာတော့တာဝတိံသာ နတ်ပြည်မှာ နတ်သား သွားဖြစ်ရပါတယ်။ထူးခြားတာက နတ်သားရဲ့ ဗိမာန်တံခါးဝမှာ ကုသိုလ် သင်္ကေတဖြစ်တဲ့ရွှေပုဇွန်လုံး ရုပ်ကြီးပါတွဲလျား ချပေါ်နေပါတော့တယ်။ ထူးထူးခြားခြားရွှေပုဇွန် ရုပ်ကြီးပေါ်နေတဲ့ အတွက်အားလုံးက “ရွှေပုဇွန်နတ်သား”လို့ပဲခေါ်ကြပါတော့သတဲ့။ (ဝိမာနဝတ္ထုအဋ္ဌကထာ၊ ကက္ကဋကရသဒါယကဝတ္ထု)လှူသူလည်း အကျိုးရှိ အလှူခံသူလည်း အကျိုးရှိနဲ့ ဖတ်ရတာကြည်နူးဖို့ ကောင်းတဲ့ ဝတ္ထုလေးပါ။ လူတွေ ပြောပြောနေကြတဲ့
“မစားတတ်တော့ တဏှာ၊ စားတတ် တော့ဘာဝနာ” ဆိုတဲ့စကားလေးကို သာဓကပြသွားတဲ့ အညတရ ရဟန်းလေးရဲ့ ဘဝ ဖြစ်စဉ်လေးပါပဲ။အညတရ ရဟန်းလေးဟာ လူလိုပြောရင်တော့ ထမင်းစားရင်းပဲ တရားအားထုတ်သွားတာပါ။ ထမင်းစားရင်းပဲ တရားထူး တရားမြတ် ရသွားတာပါ။ ဒါကိုထောက်ပြီးထမင်းစားရင်းလည်း အားထုတ်လို့ ရတယ်ဆိုတာပါပဲ။ဒီနေရာမှာ တစ်ခုသတိထား ရမှာက နားကိုက်တော့ စိတ်မချမ်းသာ,စိတ်မချမ်းသာ တော့ တရားအားထုတ်လို့ မရဆိုတဲ့ ဆိုးကျိုးအဆင့်ဆင့်လေးကို အာရုံပြထားရပါမယ်။ စိတ်မချမ်းသာဘူးဆိုရင်တရားအားထုတ် ရတာလည်း အဆင် မပြေတော့ပါဘူး။တရားအားမထုတ်ခင် စိတ်ဆင်းရဲစရာတွေ ရှိနေရင် ကြိုရှင်း ထားလိုက်တာ အကောင်းဆုံးပါ။ တရားအားထုတ် နေတုန်း ဒီစိတ်ဆင်းရဲ စရာကိုပဲ တွေးနေမိရင်
အားထုတ်ရတာ အဆင်မပြေဖြစ်နေ ပါလိမ့်မယ်။အညတရ ရဟန်းလေးဟာ တရားအား ထုတ်တာကို အနှောက်အယှက်
ပေးနေတဲ့ နားကိုက်ဝေဒနာကို အရင်ကုပစ်လိုက်တာပါ။ရောဂါ ပျောက်ကင်း သွားတာနဲ့ တရားအား ထုတ်ရတာလည်း
အဆင်ပြေ သွားတော့တာပါ။ ဆွမ်းစားရင်း တရားရသွား တာလေးကလည်းအတုယူစရာ လေးပါပဲ။ လိုရင်းကတော့ ထမင်းစားရင်းလည်း
တရားအား ထုတ်လို့ရတယ်ဆိုတာပါပဲ။သဒ္ဓမ္မရံသီ ဆရာတော်ဘုရားကြီးက ရိပ်သာမှာ စားခြင်းသုံးမျိုးကို မကြာခဏ
ဟာပြလေ့ရှိပါတယ်။ စားခြင်းသုံးမျိုးကတော့..
၁။ သီလနဲ့စားခြင်း
၂။ သမထနဲ့စားခြင်း
၃။ ဝိပဿနာနဲ့စားခြင်းပါ။
ဆွမ်းစားခါနီးမှာ “ဒီဆွမ်း ဘောဇဉ်တွေကို မြူးတူးပျော်ပါးဖို့၊အသားအရေ လှပ တင့်တယ်ဖို့ စားတာမဟုတ်ဘူး။ ကိုယ်ကာယ
အရှည်တည်တံ့ဖို့၊ မဂ်ဖိုလ်အကျင့်ကို ကျင့်နိုင်ဖို့၊ ဝိပဿနာတရားကိုကျင့်နိုင်ဖို့စားတာ”လို့ ဆင်ခြင်လိုက်ရင် ပစ္စယသန္နိဿိတ သီလ ဖြစ်သွားပါတယ်။ ဒါဆို သီလနဲ့ စားလိုက်တာပါ ၊သီလ ကုသိုလ်တွေရ သွားတာပါ။
ရိပ်သာမှာတော့ “ဤသည့်စားဖွယ် အမယ်မယ်ကို”ဆိုပြီး စားကြတာပါ။လိုရင်း ကတော့ ဆင်ခြင်ပြီး စားရင်သီလနဲ့ စားတာပါ။
ဆင်ခြင်လိုက်တာလည်း ဘာမှမခက်ပါဘူး။ မိနစ်ပိုင်း လေးပဲရှိပါတယ်။ရိပ်သာမှာ ဆွမ်းစားခါနီး ဆွမ်းအလှူရှင်တွေ၊ ဝေယျာဝစ္စ ကုသိုလ်ရှင် တွေကို မေတ္တာပို့ပြီးမှ စားကြပါတယ်။ မေတ္တာပွားတာဟာ သမထထဲမှာ ပါတဲ့အတွက် သမထနဲ့ စားလိုက်တာပါ။
အိမ်မှာတော့ ထမင်းဝိုင်းကို ကြည့်ပြီး “ဒီထမင်းဟင်း တွေရှာပေးတဲ့အဖေ ကိုယ်ဆင်းရဲ ကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ
အဆင်ပြေပါစေ၊ ဒီထမင်းဟင်းတွေ ချက်ပေးတဲ့အမေ ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေပါစေ”လို့ မေတ္တာပို့ပြီး စားလိုက်ရင် မေတ္တာကုသိုလ် တွေဖြစ်သွား တော့တာပါ။
မေတ္တာပွားပြီး စားတာဟာ သမထနဲ့ စားလိုက်တာပါ။မေတ္တာပို့ပြီးစားရင် မိသားစု စားဝတ်နေရေးကို ရှာပေးနေတဲ့
မိဘတွေ အပေါ်မှာလည်း ပိုပြီး တန်ဖိုးထားတတ် သွားပါတယ်။ထမင်းဟင်းတွေ ဖြစ်ဖို့ရှာရတဲ့ ကိစ္စဟာ လွယ်ကူလှတဲ့ ကိစ္စမဟုတ်ပါဘူး။
နေ့တိုင်း စားနေရတော့ တန်ဖိုးလည်း မထားမိ တော့ပါဘူး။မေတ္တာပို့ပြီးစားတာ ဘာမှလည်း ခက်လှတာ မဟုတ်ပါဘူး။
တကယ့် လွယ်လွယ် လေးပါပဲ။ ကြားရတဲ့ မိဘတွေမှာ လည်းစိတ်ချမ်းသာ၊ကိုယ်လည်း ကုသိုလ်ရ၊ မုန့်ဖိုး တောင်းရတာလည်း အဆင်ပြေ အကုန်လုံး အဆင်ပြေမှုတွေ ချည်းပါပဲ။ကိုယ်က လုပ်ငန်းရှင် ဆိုရင်လည်း “ဒီထမင်းဟင်းတွေ ဖြစ်အောင်
ကျေးဇူးပြုသူ အားလုံး ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ”စသည်ဖြင့် မေတ္တာပို့ရုံ ပါပဲ။ ဒီထမင်းဟင်း တွေဖြစ်ဖို့ ကိုယ့်ကို ကျေးဇူးပြု နေတဲ့သူတွေကို ကိုယ်ပဲ အသိဆုံးပါ။ ဒီတော့ ကျေးဇူးပြု သူတွေကို မေတ္တာပို့ စားရမှာပါပဲ။ တတိယက ဝိပဿနာနဲ့ စားတာပါ။ ဒါကတော့ မြတ်စွာဘုရား သဘောအကျဆုံး စားနည်းပါပဲ။ ထမင်းစားပွဲ ထိုင်လိုက်တာနဲ့ ဟင်းခွက်ကို ကြည့်တော့ “ကြည့်တယ်”၊ မြင်တော့ “မြင်တယ်”၊ လှမ်းတော့ “လှမ်းတယ်”၊ခပ်တော့ “ခပ်တယ်”၊ ယူတော့ “ယူတယ်”၊ ပါးစပ်ဟတော့ “ဟတယ်”၊
ခွံ့တော့ “ခွံ့တယ်”။ ဝါးတော့ “ဝါးတယ်” စသည်ဖြင့် လိုက်မှတ်တာပါ။အဲဒီလို အမှတ်နဲ့ စားတာဟာ ဝိပဿနာနဲ့ စားတာပါပဲ။ ကျေးဇူးတော်ရှင်မဟာစည်ဆရာတော် ဘုရားကြီးက ထမင်းစားလို့ ဝါးတဲ့ နေရာမှာအထက်မေးနဲ့ အောက်မေးနှစ်ခုမှာ ဘယ်မေးက လှုပ်နေတာလဲလို့ မေးပါတယ်။ရိုရိုသေသေသ ရှုမှတ်တဲ့ ယောဂီတွေကတော့ အောက်မေးက လှုပ်နေတာဆိုတာ သိရပါတယ်။ အဲဒီ အောက်မေး လှူပ်နေတာလေးကိုပဲ မြန်မာ ဝေါဟာရအားဖြင့် “ဝါးတယ်၊ ဝါးတယ်”လို့ရှုမှတ်ရတာပါ။ တစ်နပ်စာ အကုန်လိုက်မှတ်ဖို့ ကတော့ မလွယ်ကူဘူး ထင်ပါတယ်။ဒါပေမယ့် ထမင်းအလုတ်သုံးဆယ် စားမယ်ဆိုရင် သုံးလုတ်လောက်တော့မှတ်လိုက်နိုင်မယ် ဆိုရင် မဆိုးပါဘူး။ တစ်မှတ်ကို ကုသိုလ်တစ်ချက်နဲ့တွက်ရင်လည်း မနည်းပါဘူး။
ဧည့်ခံပွဲတွေ၊ ညစာစားပွဲ တွေမှာလည်း နှစ်လုတ်သုံးလုတ် လောက်တော့ ရသ လောက်မှတ် ကြည့်ရမှာပါပဲ။ ကိုယ်က ဝိပဿနာနဲ့ စားနေတာကို ဘေးကလူလည်း မသိ ပါဘူး။ထမင်းဝိုင်းမှာ အချင်းချင်း စကားပြောသံ တွေကြားတော့လည်း “ကြားတယ်”
“ကြားတယ်”လို့ မှတ်ရုံပါပဲ။အညတရ ရဟန်းလေးဟာ ဆွမ်းစားရင်းနဲ့ပဲ တရားအားထုတ်ပြီး တရားထူးတရား မြတ်ရသွားတာပါ။ ကိုယ်ကဒါကို အာရုံပြုထားရပါမယ်။ နှစ်လုတ်သုံးလုတ် လောက် အမှတ်နဲ့စားတာကို နောက်ဘဝတွေ အတွက် အထုံဓာတ်ပါ သွားအောင် ပါရမီဖြည့် နေတယ်လို့ နှလုံးသွင်းထားလို့ လည်းရပါမယ်။ ကောင်းတဲ့အထုံဓာတ် တွေဟာ တရားထူး ရဖို့အတွက်လည်း အများကြီး အထောက်အပံ့ ပေးတာပါ။ ထမင်းစားရင်း ပါရမီဖြည့်တယ် ပဲပြောပြော၊ ထမင်းစားရင်း တရားအားထုတ် တယ်ပဲပြောပြော စကားလေး ကတော့ သိပ်ကြည်ညိုဖို့ ကောင်းတာပါ။ ဘဝမှာ တရားလေးတွေနဲ့ ပျော်တာပဲ ကောင်းပါတယ်။ဒီစားခြင်းသုံးမျိုးကို သဒ္ဓမ္မရံသီ ဆရာတော်ကြီးက မှတ်ရလွယ်အောင်ဆောင်ပုဒ်ကလေးတွေ စီပေးထားပါတယ်။
၁။ ကျင့်နိုင်ဖို့ရာ၊ ဆင်ခြင်ကာ ၊ စားတာ သီလမည်။
၂။ မေတ္တာပွားကာ၊ စားသုံးတာ ၊မှန်စွာ သမထမည်။
၃။ စားသုံးမူရာ၊ ရှုမှတ်ကာ၊ စားတာ ဝိပဿ်မည်။
ဒီနေရာမှာ ဦးဇင်းအရှင် ဆန္ဓာဓိကက စာရေးသူကို သင်ပေးထားတဲ့ ဆွမ်းစား နည်းလေးကိုလည်း ဓမ္မဒါန ပြန်မျှပါရစေဦး။ ဆွမ်းမစားခင် ဆွမ်းဝိုင်း တစ်ဝိုင်းလုံးကို “မြတ်စွာဘုရား.. ဤဆွမ်းဘောဇဉ်အချိုပွဲ များကို ကပ်လှုပူဇော်ပါ၏ ဘုရား ဘုရားတပည့်တော်ကို သနားချီးမြှောက်သော အားဖြင့် ဘုဉ်းပေးသုံးဆောင် တော်မူပါဘုရား”လို့ ဆိုပြီးမြတ်စွာဘုရားကို ကပ်လိုက်ပါတဲ့။ စိတ်ထဲ မှာလည်း မြတ်စွာဘုရား တကယ်ကြွလာပြီး ဘုဉ်းပေးနေတယ်လို့ အာရုံပြုထားပါတဲ့။မြတ်စွာဘုရား ဘုဉ်ပေးနေတုန်းမှာ နမောတဿ၊ သရဏဂုံ၊ ဒိဝါတပတိ၊ အဋ္ဌာန မေတံ၊ ဟေတုပစ္စယော၊ ဘုရားဂုဏ်တော်၊မေတ္တာသုတ်(၇)မျိုးရအောင်ရွတ်နေ လိုက်ပါတဲ့။ ပြီးမှ “မြတ်စွာဘုရား…ဘုဉ်းပေးပြီးပြီ ဖြစ်တဲ့အတွက် ဘုရားတပည့်တော်ကို ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား” လို့ဆိုပြီး
စွန့်ပြီးစားလိုက်ပါတဲ့။ ဒါဆို ကိုယ့်အတွက် ဆွမ်းဒါန ဖြစ်သွားပါတယ်တဲ့။ဒီနည်းလေးကိုယူပြီး ဆွမ်းမစားခင် မြတ်စွာဘုရားကို ကပ်ပြီးစားလိုက်ဖို့ပါ။(၇)မျိုး မရွတ်နိုင်ရင်တောင် နမောတဿ၊ သရဏဂုံ၊ ဒိဝါတပတိ၊ အဋ္ဌာနမေတံဒါမှ မဟုတ် နမောတဿ၊ သရဏဂုံ၊ ဟေတုပစ္စယော ရွတ်နေလိုက်လည်း ရပါတယ်။တစ်ခုသတိ ထားရမှာက မွန်းတည့် ဆယ့်နှစ်နာရီ နောက်ပိုင်းမှာတော့
ဘုရားကိုကပ်လို့ မရတော့ပါဘူး။ ကပ်ချင်ရင် ဆယ့်နှစ်နာရီ ရှေ့ပိုင်းပဲ ကပ်ရမှာပါ။ရှေးခေတ် ဆရာတော်ဘုရားကြီး တွေထေရုပ္ပတ္တိတွေ ဖတ်ရင် ဆရာတော်ဘုရား ကြီးတွေဟာ ဆွမ်းခံပြန်လာရင် သပိတ်လိုက် အဖုံးဖွင့်ပြီး မြတ်စွာဘုရားကို ကပ်ထား လိုက်တာပါ။
ဆွမ်းစားချိန်ကျမှ စွန့်ပြီး စားကြတာပါ။ ဒီခေတ်မှာ ဦးဇင်း တချို့ဆိုလည်းဘုရားမှာ သပိတ်လိုက်ကပ်ပြီးမှ ဘုဉ်းပေးကြတာပါ။
မန္တလေးက ဆရာတော်၊ ဦးဇင်း၊ ကိုရင် တချို့ဆိုလည်းမဟာမြတ်မုနိ ဘုရားကြီးကို သပိတ်လိုက် ကပ်ပြီးမှ ဘုဉ်းပေးတယ်လို့ တဆင့်ကြားဖူးပါတယ်။မဟာမြတ်မုနိ ဘုရားကြီးကို သပိတ်လိုက် ကပ်လိုက် ရတာဆိုတော့ အာရုံပြုရတာ ပိုလို့တောင် ကောင်းဦးမှာပါ။ စပယ်ပန်းလေး ကပ်ရ တာတောင် ကြည်နူးလို့ မဆုံးဖြစ်ရတာပါ။ဘာပဲပြောပြော မြတ်စွာဘုရားကို ဆွမ်းကပ်ပြီးမှ စားရင် ဒါနကုသိုလ် ဖြစ်သွားတာ တော့အမှန်ပါပဲ။ဒါဆိုရင် ဒါနနဲ့စား လိုက်တာပါပဲ။ သဒ္ဓမ္မရံသီဆရာတော်ကြီးရဲ့ ဆောင်ပုဒ်အတိုင်း မှီးဆိုရရင်တော့..“ ဆွမ်းတော်ကပ်ကာ၊ စားသုံးတာ၊ စားတာဒါနမည် ” လို့ ဆိုရပါလိမ့်ပါမယ်။ဒါဆိုထမင်းစားတာ ၁။ ဒါနနဲ့စားခြင်း၊ ၂။ သီလနဲ့စားခြင်း၊ ၃။ သမထနဲ့စားခြင်း၊ ၄။ ဝိပဿနာနဲ့ စားခြင်းဆိုပြီး စားခြင်းလေးမျိုး ဖြစ်သွားပါလိမ့်မယ်။ ထမင်းစားတိုင်း စားတိုင်း စားခြင်း လေးမျိုးပါအောင် နေ့တိုင်း စားနိုင်ရင်တော့ ကိုယ့်အတွက်ကုသိုလ် (၄)မျိုး ရနေတော့တာပါ။ ဒါတင်မကပါဘူး နောက်ဘဝတွေ အတွက်လည်း ပါရမီအထုံဓာတ် တွေပါသွားဦးမှာပါ။နောက်ဘဝကို ပါရမီ အထုံဓါတ်တွေ များများပါသွားဖို့ အရေးကြီးပါတယ်။
လယ်စောင့် ဒကာလေးက အညတရ ရဟန်းလေးကို ဆွမ်းတစ်နပ် ကပ်ပြီး နတ် ပြည်ရောက် သွားရတာပါ။ ကိုယ်ကစားခြင်း လေးမျိုးနဲ့ နေ့စဉ် စားနေမယ်ဆိုရင် ပါရမီ အထုံဓာတ်တွေ သာမက သုဂတိဘုံဘဝ အတွက်လည်း အထောက်အပံ့ ပေးနေ မှာပါ။ မြန်မာ့ရာဇဝင်မှာနရသီဟ ပတေ့မင်းဟာ ဟင်းခွက်ပေါင်း သုံးရာပွဲတော်တည်ပါ သတဲ့။
တရုတ်နဲ့ စစ်ဖြစ်လို့ ပြေးလွှားနေရတဲ့ ကာလမှာ ဟင်းခွက် တစ်ရာ့ငါးဆယ်ပဲသုံး ဆောင်ရလို့ “ငါဆင်းရဲလိုက်တာ”လို့ ငိုငြီးပါသတဲ့။
နရသီဟ ပတေ့မင်းကြီးမှာ သားတော် ဥဇနာ၊ ကျော်စွာ၊ သီဟသူ၊ သမီးတော် မိစောဦး တို့ရှိပါတယ်။ အမေချင်း တွေတော့ မတူကြပါဘူး။ နရသီဟပတေ့ မင်းပွဲတော် တည်တဲ့အခါ ဥဇနာနဲ့ကျော်စွာကို ဝက်လက်ပေးပြီး သီဟသူကို ဝက်ပေါင်ပေးပါတယ်။ မကြာခဏ ပေးပါများလာတော့ သီဟသူရဲ့အမေ ရှင် မောက်က “သူများသား တွေကျတော့ ဝက်လက်ပေးတယ်၊
ငါ့သားကျတော့ ဝက်ပေါင် ပေးတယ်”ဆိုပြီး မကျေနပ်ပါဘူး။ဒါကြောင့်သီဟသူအမေ ရှင်မောက်က စားတော်ကဲ ကိုငွေသုံးဆယ် ပေးပြီး
ကျော်စွာကို ဝက်ပေါင်ပေးဖို့၊ သူ့သားသီဟသူကို ဝက်လက် ပေးဖို့ လာဘ်ထိုး ပါတယ်။ဒါကို ကျော်စွာ့အမေ ရှင်ပါးသိတော့ မင်းကြီးကို သွားတိုင်ပါတယ်။နရသီဟပတေ့ မင်းဟာ လူဘုံအလယ်မှာ မိဖုရားရှင် မောက်ကို“ဝက်လက်ခိုးမ” လို့ဆဲပြီး သားသီဟသူ ကိုလည်း “ဝက်လက်ခိုးမသား”လို့ ဆဲလိုက်ပါတယ်။ နရသီဟပတေ့မင်းဟာ သီဟသူကို စိတ်အလို မကျတိုင်း “ဝက်လက်ခိုးမသား” လို့
မကြာခဏ ဆဲရေးတတ် ပါတယ်တဲ့။ ဒီတော့ သားတော်သီဟ သူကအဖေအပေါ် စိတ်နာပြီး အညှိုးအတေး ထားလိုက်ပါတယ်။
တရုတ်နဲ့စစ်ဖြစ်လို့ စစ်ပြေးရင်း ပြည်ကိုရောက်တဲ့ အခါ သားတော်သီဟသူက ရှေ့ ဆက်မသွားဖို့ တားထားလိုက်ပါတယ်။ ပြီးတော့ အဆိပ်ခတ်ထားတဲ့ ပွဲတော်အုပ်ကို ပေးပြီး “စားတော်ခေါ်ပါ”လို့ ဆက်သပါတယ်။ နရသီဟပတေ့မင်းဟာ အဆိပ်ပါမှန်း သိလို့ မစားပါဘူး။ဒီတော့ သားတော် သီဟသူက ရဲမက်သုံးရာလွှတ်ပြီး ဓားဖွေးဖွေးတွေနဲ့မင်းကြီးဖောင်တော်ကိုဝိုင်းထားလိုက်ပါတယ်။
နရသီဟ ပတေ့မင်းဟာ မိဖုရားဖွားစောကို “ဘာလုပ်ရမလဲ” လို့မေးပါတယ်။မိဖုရားဖွားစောက “အရှင်မင်းကြီး.. ဓား လှံ လက်နက်တွေနဲ့ သွေးသံတရဲရဲ သေရတာ ထက် အဆိပ်စားပြီး သေရတာက မြတ်ပါသေးတယ်”လို့ အကြံပေးပါတယ်။
နရသီဟပတော့မင်းလည်း “ငါသည် နိဗ္ဗာန်မရသေးသရွေ့ သံသရာကျင်လည် ရသမျှဘဝတိုင်း သားယောင်္ကျားကိုမရရပါလို၏”လို့ ဆုတောင်းသစ္စာပြု၊ ဝတ်ထားတဲ့ လက်စွပ်တော်ကို ရေစက်ချပြီး မိဖုရားဖွားစောကို ပေးပါတယ်။ ပြီးမှ အဆိပ်ခတ်ထားတဲ့ ပွဲတော်အုပ်ကို
စားပြီးသေသွားပါတယ်။ သေချိန်မှာ သက်တော်ခြောက်ဆယ်လို့ ဆိုပါ တယ်။ဒီသမိုင်းဖတ်ပြီး “သြော်”လို့ပဲ တလိုက်မိပါတော့တယ်။
ဝက်ပေါင်၊ ဝက်လက် အစားတစ်ခုကို အကြောင်းပြုပြီးသားက အဖေကို သတ်ရတဲ့ အထိဖြစ်သွားရပါတယ်။စိတ်ထဲမှာလည်း တွေးစရာတွေ အများကြီးပါပဲ။ဝက်ပေါင်နဲ့ ဝက်လက်ဘာများထူး လို့လဲမသိပါဘူး။
ဘာမှလည်း ထူးမယ်မထင်ပါဘူး။ ပြီးတော့အဖေ လုပ်သူကသားသမီး တွေအပေါ် ပေးကမ်းတာ ဘာဖြစ်လို့ မညီမျှရတာလဲ၊
ညီညီမျှမျှ ဝက်ပေါင်တစ်လှည့်၊ ဝက်လက် တစ်လှည့်စီပေးလိုက်ရင်လည်းဒီပြဿနာ ဖြစ်ချင်မှဖြစ်မှာပါ။ မိဘဖြစ်သူ တွေအတွက်သတိထားစရာပါပဲ။မိဘတွေ အနေနဲ့ ဘယ်ပစ္စည်းပဲ ပေးပေး သားသမီးတွေကို ညီညီမျှမျှပေးတာ အကောင်းဆုံးပါပဲ။ ဒါတင်မကပါဘူး “ဝက်လက်ခိုးမသား” ဆိုတဲ့ စကားတစ်ခွန်း ကြောင့်ပဲ သားလုပ်သူရဲ့ အသတ်ကို ခံသွားရတယ်လို့လည်း ဆိုနိုင်ပါတယ်။ ပြောမယ့် စကား တစ်ခွန်း အတွက်လည်း သတိထားစရာပါပဲ။ ပြောတဲ့သူက မှတ်မထားပေမယ့် အပြောခံရတဲ့သူကတော့ မမေ့အောင် မှတ်ထားတော့တာပါ။ အမေလုပ် သူကလည်း မချစ်တတ်တဲ့ အချစ်နဲ့ချစ်မိ လိုက်တာပါ။
မချစ်တတ်တာ ကလည်းခက်တာပါပဲ။ ချစ်တော့ ချစ်တာပါပဲ၊ မချစ်တတ်တဲ့အချစ်နဲ့ ချစ်လိုက်တဲ့ အတွက် သားဖြစ်သူကို ပဉ္စာနန္တရိယ ကံကြီးကိုကျူးလွန်ခိုင်းသလို ဖြစ်သွားရပါတယ်။ ဘယ်ဘက် ကကြည့်ကြည့် သံဝေဂ ယူစရာတွေချည်းပါပဲ။တကယ်လို့များ စာဖတ်သူတို့လို စားခြင်းလေးမျိုးနဲ့သာ စားကြမယ်ဆိုရင်ဒီလို အဖြစ်ဆိုးကြီးကို ကြုံကြရမှာ မဟုတ်ပါဘူး။
သူများကိုသာ ပြောနေရတာပါ။ သံသရာမှာ ကိုယ်လည်း အမှားတွေကျူးလွန်ခဲ့ချင် ကျူးလွန်ခဲ့မှာပါ။ မသိနိုင်လို့သာပါ။ တွေးရင် လန့်စရာကြီးပါ။သတ္တဝါတွေဟာ အစာအဟာရကို မှီပြီးအသက်ရှင် နေကြရတာပါ။မစားလို့လည်း မရပါဘူး။ သတိကပ် ပြီးအစားကို တရားဖြစ်အောင် စားကြရမှာပါ။ဒါဆိုရင် ထမင်း စားရင်းပါရမီ ဖြည့်နေတာပါပဲ။ ဘာပဲပြောပြော တစ်နေ့ နှစ်ကြိမ်သုံးကြိမ်
စားနေကြရတာ ဆိုတော့ စားခြင်းလေး မျိုးပါနိုင် သမျှပါအောင် ကြိုးစားပြီး စားကြည့်ဖို့ပါပဲလေ။
Monday, July 9, 2012
“၀ါဆိုလတွင် ၀ါဆိုသင်္ကန်းလှူရခြင်းအကျိုး”
ဗုဒ္ဒဘာသာမြန်မာလူမျိုးတို့သည် ၀ါဆိုလရောက်လေတိုင်းဝါဆိုသင်္ကန်းကို သံဃာတော်အရှင်သူမြတ်တို့အား လှူဒါန်းဆက်ကပ်ကြသည်မှာ အင်မတန်ချစ်စရာကောင်းသော ဓလေ့ဖြစ်ကြသည်။ တချို့ဝါဆိုသင်္ကန်းမကပ်လိုက်ရလျှင်ခေတ်မမှီဘူးဟု တောင် ထင်နေကြ၏။ ၀ါဆိုသင်္ကန်းလှူဒါန်းရာအချိန်သည် ၀ါဆိုလဆန်း တရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိ ကပ်လှူဒါန်းနိုင်သည်။ ထိုအတွင်းလှူဒါန်းခြင်းသည် ၀ါဆိုသင်္ကန်းလှူဒါန်းသည်မည်၏။ မိမိမြန်မာနိုင်ငံမှာနေစဉ် နှစ်စဉ်ဝါဆိုလပြည့်နေ့ ရောက်လေတိုင်း သင်္ကန်းလှူဒါန်းကြသည့် ဒကာ/မတို့အိမ်သို့ အာရုဏ်ဆွမ်းဖြင့်၎င်း,တချို့အင်မတန်ရင်းနှီးလွန်းသောဒကာ/မများအား လဘက်ရည်အချိုပွဲဖြင့်သာ ကပ်လှူဒါန်းခိုင်းရ၏။ ထိုနေ့အဖို့ တနေရာပြီးတနေရာ ကြွလာရ၏။ ဒကာ/မများသည်လည်း ၀ါဆိုလပြည့်နေ့ကိုသာ အာရုံရကြသည်။ ၀ါဆိုသင်္ကန်းကပ်လှူသူအကျိုးမြတ်ကား.ယောက်ျားများလှူဒါန်းခြင်းသည် “ဧဟိ ဘိက္ခု “ ဘိက္ခု=ရဟန်း.ဧဟိ=လာလော့ဟု..မြတ်စွာဘုရားသည် ညာလက်ရုံးကို ဆန့်တန်းလိုက်သည်နှင့် ၀ါတော် ၄၀ ရ မထေရ်ကြီးကဲ့သို့ သပိတ်,သင်္ကန်း,ပရိက္ခရာအပြည့်စုံဖြင့် ဧဟိဘိက္ခု အမည်ရရှိသည်။ မိန်းမသားများမှာ မဟလ္လကတန်းဆာကို ၀တ်ဆင်,ဆင်မြန်းရခြင်းဟူသောအကျိုးကျေးဇူးရရှိခံစားနိုင်သည်။ မဟလ္လကတန်းဆာသည် ရှေးမြတ်စွာဘုရားလက်ထက်တော်အခါကပင်လျှင် အဖိုးကိုးကုဋေ ထိုက်တန်သည်။ လက်ခအားဖြင့်တသိန်းပေးရ၏။
ကျေးဇူးရှင် မင်းကွန်းဆရာတော်ဘုရားကြီးသည်လည်း ၀ါဆိုသင်္ကန်းလှူဒါန်းခြင်းနှင့်ပတ်သတ်၍ ကဗျာ ဆောင်ပုဒ် ဖွဲ့သီကုံးထားသည်။ တနည်းပြောရသော် သောတာပန်နှင့်တူသည့်ပုဂ္ဂိုလ်(၇)ယောက်။ တမျိုးပြန်ပြောရသော် အပါယ်သို့ မကျရောက်စေနိုင်သည့်(၇)ယောက် ဟု ပြောရပေမည်။
{ဆောင်} တိသရဏ,ငါးသီလ,မဲချစာရေးတန်,ပက္ခိကဆွမ်း,၀ါသင်္ကန်း,လှူဒါန်းသောက်ရေကန်,ကျောင်းလှူတ၀ နိဗဒ္ဒ ပုညရှိသူမှန်။ သောတာပန်လည်း ထို့တူပဲ သူလည်း ပါယ်မပြန်။ဟု စပ်ဆိုတော်မူခဲ့သည်။ မြန်မာပြန်ပြောရသော်
(၁)တိသရဏသည်= သရဏဂုံ ၃ပါးတည်သောပုဂ္ဂိုလ်။
(၂)ငါးသီလသည်=ငါးပါးသီလမြဲသည့်ပုဂ္ဂိုလ်။
(၃)မဲချစာရေးတန်=စာရေးတန်မဲလှူဒါန်းသည့်ပုဂ္ဂိုလ်။
(၄)ပက္ခိကဆွမ်း= လဆန်းပက္ခ.လဆုပ်ပက္ခဆွမ်းလှူဒါန်းသည့်ပုဂ္ဂိုလ်။
(၅)၀ါသင်္ကန်း=၀ါဆိုသင်္ကန်းလှူဒါန်းသည့်ပုဂ္ဂိုလ်။
(၆)လှူဒါန်းသောက်ရေကန်=သောက်ရေကန်လှူဒါန်းသည့်ပုဂ္ဂိုလ်။
(၇)ကျောင်းလှူတ၀= ကျောင်းလှူဒါန်းသည့်ပုဂ္ဂိုလ်။ ထိုပုဂ္ဂိုလ်တို့သည် သောတာပန်နှင့်တူသည့်ပုဂ္ဂိုလ်။တနည်း အပါယ်သို့မကျရောက်စေနိုင်သည့်ပုဂ္ဂိုလ်ဟု ကျမ်းဂန်တွေမှာ ပါရှိခဲ့သည်။ ၀ါဆိုသင်္ကန်းလှူဒါန်းရခြင်းဟူသောအကြောင်းကြောင့် မိမိတို့သည် အပါယ်သို့လည်းမကျရောက်စေနိုင်သလို သောတာပန်နှင့်လည်းတူသည်မည်၏။ မိမိမှာတော့ ၀ါဆိုသင်္ကန်းနှင့်ဝေးစွ။ အကြောင်းမှာ နိုင်ငံခြားမှာဖြစ်ခြင်းကြောင့် မိမိနေထိုင်ရာမဇ္ဈိမသားတို့သည် ၀ါဆိုသင်္ကန်းလှူဒါန်းရမည်ကိုလည်းမသိရှာကြ။ လှူဒါန်းရခြင်းအမှုကို သူတို့၏ ရင်ထဲမှာမရှိတော့ပြီ ၀မ်းနည်းစရာကောင်းပါပေစွ။ သူတို့သည် သမီးမွေးဖွားခဲ့သူဖြစ်အံ့ ထိုသမီးကို မင်္ဂလာဆောင်ရန် ခန့်နားစွာဆောင်ပေးဘို့ ဥဏှောက်ထဲမှာရှိကြ၏။ မိမိ၂၀၀၇ ခုနှစ် အိန္ဒိယနိုင်ငံ စာသင်ရောက်စနှစ်မှာ ညည ဗြောက်အိုးတို့ဖြင့်၎င်း,မီးဆိုင်းပန်းတွေ ခေါင်းပေါ်ရွက်လျှက်၎င်း, အတိးအမှုတ်တို့ဖြင့် မင်္ဂလာဆောင်ရာ ခန်းမသို့ စည်ကားသိုက်မြိုက်စွာသွားလာသည်ကို ဘုရားလှည့်သည် အထင်ဖြင့် ထွက်ထွက်ကြည့်တတ်၏။ မြန်မာနွယ်ဖွားမောင်စိန်အောင်မှ အရှင်ဘုရား အဲဒါ မင်္ဂလာဆောင်တာလေ ဟု ပြောမှ အော် ဆိုပြီး မိမိနဖူးကို လက်ဖြင့် ပုတ်လျှက် သူတို့သည် ၄င်း မင်္ဂလာဆောင်ရာတချိန်သည်သာလျှင် ကုန်စရာရှိသည်မို့ တ၀ုန်းဝုန်း တဒိုင်းဒိုင်းဖြင့် အဆိုအက အတီးတို့ဖြင့် သိုက်မြိုက်စွာ ပြုလုပ်ကြသည်။ အင်း.မဇ္ဈိမ သားတို့ရယ် မြတ်စွာဘုရားသာရှိခဲ့လျှင် သူနိုင်ငံ သူ့လူမျိုးတွေကို ဘယ်လိုများချေချွတ်မည်မသိ။ သုံးလောကထွဋ်ထား
မြတ်စွာဘုရားသည် သစ္စာတရားများပေါ်ထွန်းခဲ့ရာ, မြတ်စွာဘုရား သဗ္ဗညုတရွှေဥာဏ်တော်ရခဲ့ရာ နေရာမြတ်တွေမှာ သူတို့သည် မြတ်စွာဘုရားဟောဖေါ်ညွှန်ကြားခဲ့သော ဓမ္မလမ်းကြောင်းကို ဆန့်ကျဉ် မျက်ကွယ်ပြုလျှက် အယူသီးမှု စသော အယူဝါဒတွေကို ဘာလို့များ ဥဏှောက်ထဲမှာ ၀င်ခဲ့ကြပါသလဲဆိုတာကိုတော့.အိုစာဖတ်သူတို့ သင်တို့ စဉ်းစားကြကုန်လော့။ အမိမြန်မာပြည်မှ လူဖြစ်ရခြင်းသည်။ ဘုရားဟူ၍၄င်း,တရားဟူ၍၄င်း,သံဃာဟူ၍၄င်း သိခွင့်ရကြရသည်။ လူဖြစ်ရကျိုးနက်သည်ဟု ပြောရချေသော် မှားအံ့မည်မထင်ပါ။ သဗ္ဗေ သစ္စာတရားထွန်းကားရာနယ်မြေဒေသတနေရာမှာ သူတို့၏ အယူသိးမှုတွေကိုတွေးပြီး ကျောင်းသားလေးကတော့ ရင်လေးမိ၏။ ထေရ၀ါဒ ထွန်းကားရာ အမိမြန်မာပြည်မှ လူဖြစ်ရခြင်းသည် ကံကောင်းကြပါသည်ဟု ပြောရင်း..၀ါဆိုလ၏ သင်္ကန်းလှူဒါန်းရခြင်း၏ အကျိုးကျေးဇူးများကို အို.စာရှုသူ သင်သည်လည်း အပါယ်သို့ မကျရောက်စေခြင်ရင်ဖြင့်….။
ကျေးဇူးရှင် မင်းကွန်းဆရာတော်ဘုရားကြီးသည်လည်း ၀ါဆိုသင်္ကန်းလှူဒါန်းခြင်းနှင့်ပတ်သတ်၍ ကဗျာ ဆောင်ပုဒ် ဖွဲ့သီကုံးထားသည်။ တနည်းပြောရသော် သောတာပန်နှင့်တူသည့်ပုဂ္ဂိုလ်(၇)ယောက်။ တမျိုးပြန်ပြောရသော် အပါယ်သို့ မကျရောက်စေနိုင်သည့်(၇)ယောက် ဟု ပြောရပေမည်။
{ဆောင်} တိသရဏ,ငါးသီလ,မဲချစာရေးတန်,ပက္ခိကဆွမ်း,၀ါသင်္ကန်း,လှူဒါန်းသောက်ရေကန်,ကျောင်းလှူတ၀ နိဗဒ္ဒ ပုညရှိသူမှန်။ သောတာပန်လည်း ထို့တူပဲ သူလည်း ပါယ်မပြန်။ဟု စပ်ဆိုတော်မူခဲ့သည်။ မြန်မာပြန်ပြောရသော်
(၁)တိသရဏသည်= သရဏဂုံ ၃ပါးတည်သောပုဂ္ဂိုလ်။
(၂)ငါးသီလသည်=ငါးပါးသီလမြဲသည့်ပုဂ္ဂိုလ်။
(၃)မဲချစာရေးတန်=စာရေးတန်မဲလှူဒါန်းသည့်ပုဂ္ဂိုလ်။
(၄)ပက္ခိကဆွမ်း= လဆန်းပက္ခ.လဆုပ်ပက္ခဆွမ်းလှူဒါန်းသည့်ပုဂ္ဂိုလ်။
(၅)၀ါသင်္ကန်း=၀ါဆိုသင်္ကန်းလှူဒါန်းသည့်ပုဂ္ဂိုလ်။
(၆)လှူဒါန်းသောက်ရေကန်=သောက်ရေကန်လှူဒါန်းသည့်ပုဂ္ဂိုလ်။
(၇)ကျောင်းလှူတ၀= ကျောင်းလှူဒါန်းသည့်ပုဂ္ဂိုလ်။ ထိုပုဂ္ဂိုလ်တို့သည် သောတာပန်နှင့်တူသည့်ပုဂ္ဂိုလ်။တနည်း အပါယ်သို့မကျရောက်စေနိုင်သည့်ပုဂ္ဂိုလ်ဟု ကျမ်းဂန်တွေမှာ ပါရှိခဲ့သည်။ ၀ါဆိုသင်္ကန်းလှူဒါန်းရခြင်းဟူသောအကြောင်းကြောင့် မိမိတို့သည် အပါယ်သို့လည်းမကျရောက်စေနိုင်သလို သောတာပန်နှင့်လည်းတူသည်မည်၏။ မိမိမှာတော့ ၀ါဆိုသင်္ကန်းနှင့်ဝေးစွ။ အကြောင်းမှာ နိုင်ငံခြားမှာဖြစ်ခြင်းကြောင့် မိမိနေထိုင်ရာမဇ္ဈိမသားတို့သည် ၀ါဆိုသင်္ကန်းလှူဒါန်းရမည်ကိုလည်းမသိရှာကြ။ လှူဒါန်းရခြင်းအမှုကို သူတို့၏ ရင်ထဲမှာမရှိတော့ပြီ ၀မ်းနည်းစရာကောင်းပါပေစွ။ သူတို့သည် သမီးမွေးဖွားခဲ့သူဖြစ်အံ့ ထိုသမီးကို မင်္ဂလာဆောင်ရန် ခန့်နားစွာဆောင်ပေးဘို့ ဥဏှောက်ထဲမှာရှိကြ၏။ မိမိ၂၀၀၇ ခုနှစ် အိန္ဒိယနိုင်ငံ စာသင်ရောက်စနှစ်မှာ ညည ဗြောက်အိုးတို့ဖြင့်၎င်း,မီးဆိုင်းပန်းတွေ ခေါင်းပေါ်ရွက်လျှက်၎င်း, အတိးအမှုတ်တို့ဖြင့် မင်္ဂလာဆောင်ရာ ခန်းမသို့ စည်ကားသိုက်မြိုက်စွာသွားလာသည်ကို ဘုရားလှည့်သည် အထင်ဖြင့် ထွက်ထွက်ကြည့်တတ်၏။ မြန်မာနွယ်ဖွားမောင်စိန်အောင်မှ အရှင်ဘုရား အဲဒါ မင်္ဂလာဆောင်တာလေ ဟု ပြောမှ အော် ဆိုပြီး မိမိနဖူးကို လက်ဖြင့် ပုတ်လျှက် သူတို့သည် ၄င်း မင်္ဂလာဆောင်ရာတချိန်သည်သာလျှင် ကုန်စရာရှိသည်မို့ တ၀ုန်းဝုန်း တဒိုင်းဒိုင်းဖြင့် အဆိုအက အတီးတို့ဖြင့် သိုက်မြိုက်စွာ ပြုလုပ်ကြသည်။ အင်း.မဇ္ဈိမ သားတို့ရယ် မြတ်စွာဘုရားသာရှိခဲ့လျှင် သူနိုင်ငံ သူ့လူမျိုးတွေကို ဘယ်လိုများချေချွတ်မည်မသိ။ သုံးလောကထွဋ်ထား
မြတ်စွာဘုရားသည် သစ္စာတရားများပေါ်ထွန်းခဲ့ရာ, မြတ်စွာဘုရား သဗ္ဗညုတရွှေဥာဏ်တော်ရခဲ့ရာ နေရာမြတ်တွေမှာ သူတို့သည် မြတ်စွာဘုရားဟောဖေါ်ညွှန်ကြားခဲ့သော ဓမ္မလမ်းကြောင်းကို ဆန့်ကျဉ် မျက်ကွယ်ပြုလျှက် အယူသီးမှု စသော အယူဝါဒတွေကို ဘာလို့များ ဥဏှောက်ထဲမှာ ၀င်ခဲ့ကြပါသလဲဆိုတာကိုတော့.အိုစာဖတ်သူတို့ သင်တို့ စဉ်းစားကြကုန်လော့။ အမိမြန်မာပြည်မှ လူဖြစ်ရခြင်းသည်။ ဘုရားဟူ၍၄င်း,တရားဟူ၍၄င်း,သံဃာဟူ၍၄င်း သိခွင့်ရကြရသည်။ လူဖြစ်ရကျိုးနက်သည်ဟု ပြောရချေသော် မှားအံ့မည်မထင်ပါ။ သဗ္ဗေ သစ္စာတရားထွန်းကားရာနယ်မြေဒေသတနေရာမှာ သူတို့၏ အယူသိးမှုတွေကိုတွေးပြီး ကျောင်းသားလေးကတော့ ရင်လေးမိ၏။ ထေရ၀ါဒ ထွန်းကားရာ အမိမြန်မာပြည်မှ လူဖြစ်ရခြင်းသည် ကံကောင်းကြပါသည်ဟု ပြောရင်း..၀ါဆိုလ၏ သင်္ကန်းလှူဒါန်းရခြင်း၏ အကျိုးကျေးဇူးများကို အို.စာရှုသူ သင်သည်လည်း အပါယ်သို့ မကျရောက်စေခြင်ရင်ဖြင့်….။
Subscribe to:
Posts (Atom)













