အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Thursday, March 17, 2011

ဗုဒ္ဓခေတ်နှင့်သိပ္ပွံခေတ်နှိုင်းယှဉ်ချက်

ဗုဒ္ဓခေတ်နှင့်သိပ္ပွံခေတ်နှိုင်းယှဉ်ချက်

သိပ္ပံနှင့်နည်းပညာ ကျွမ်းကျင်သူတို့က မျက်မှောက်ခေတ်ကို” သိပ္ပံခေတ် ”ဟု ကြွေးကြော်လာကြပြီး ကွန်ပျူတာခေတ် လက်တွေ့ခေတ်ဟု ဖြစ်လာခဲ့ရ၏။ လူသားတို့ဖွံ့ဖြိုးတိုးတက်မှု၏ အရင်းခံဖြစ်သော” အင်ဖေါ် မေးရှင်းတက်လနော်လဂျီ”(အိုင်တီ)အဆင့်ဆင့်တို့ဖြင့်တည်ဆောက်ထားသည့်စီးပွားရေးလုပ်ငန်းများဖြင့် သိပ္ပံခေတ် ဟုဂုဏ်ပုဒ်ကို ပြယုဂ်တွေ ထုတ်လာကြ၏။ ကမ္ဘာသည်ရွာကလေးတခုသဖွယ် မမြင်ဘူးတာတွေမြင်ရ မကြားဘူးတာတွေကြားရပြီး သည်းခြေကြိုက် ဘ၀တခု အဖြစ်ဖြင့် တည်လာတော့၏။
ဗုဒ္ဓဘာသာခေတ်(ဗုဒ္ဓခေတ်)

“၀ိမုတ္တိခေတ်”ဟုကြွေးကြော်လာခဲ့ကြသောအခါ ၀ိမုတ္တိ ဟူသည်လွတ် မြောက်မှုခေတ် ၀ိဇ္ဇာစရဏထွန်းကား လာသည့်ခေတ်၊ သတ္တ၀ါ အပေါင်း ဖွံ့ဖြိုးတိုးတက်မှု၏ အရင်းမြစ်အကျဆုံးသော သိက္ခာသုံးပါးတို့ အဆင့် ဆင့်တိုးတက်မှုဖြင့် တည်ဆောက်ထားသည့် အပါယ်ဒုဂ္ဂတိမှ လွတ် မြောက်ရေး ကောင်းမွန်မြင့်မြတ်သော သုဂတိဘ၀ ရရှိရေး အန္တိမရည်မှန်း နိဗ္ဗာန်သို့မျက်မှောက်ပြုရေးတည်းဟူသော ပါရမီလုပ်ငန်းတို့ဖြင့် ဂုဏ်ပြ ယုဂ်တွေထုတ်လာကြ၏။
ဝိမုတ္တိပညာကြောင့် သတ္တ၀ါ.ကမ္ဘာ.ရွာတို့သည် သံသရာ ဖြစ်ပျက်မှ မလွတ်ကင်းသော ဒုက္ခသစ္စာ အဖြစ်ကိုမြင်သိစေကာ ပယ်အပ်သော သမုဒယသစ္စာ ပွားအပ်သော မဂ္ဂ.ဒုက္ခငြိမ်းရာ မျက်မှောက်ပြုအပ်သော နိရောဓတို့ကို သစ္စာထိုက်အောက် ဓမ္မဂုဏ်(၆)ပါးတို့ဖြင့် ယုတ္တိဘေဒ သာဓကတို့ဖြင့်ပြကြ၏။
ဆန်းစစ်ဝေဘန်အမြင်မှန်

ခေတ်နှစ်ခေတ်ကို ၀ိဘဇ္ဇ အမြင်ဥာဏ်မြေကတုတ် အနှစ်ထုတ်၍ သမ္မာ ဆန္ဒအမြင်မှန်ပြရသော်
သိပ္ပံခေတ်သည် လူသားတို့ တိုးတက်ဖွံ့ဖြိုး ကောင်းမွန်ရေးကို မှက်မှောက် ဘ၀ရှေးရှု၏။
ဗုဒ္ဓခေတ်သည်လည်း လူ၊နတ်၊ ဗြဟ္မာ၊ သတ္တ၀ါအားလုံး တိုးတက် ဖွံဖြိုး ကောင်းမွန်ရေးကိုပင် ရှေးရှုပါသည်။။
သိပ္ပံခေတ်သည် ရုပ်တရားတို့၏ မဆုံးသေးသော အဆင့်ဆင့်တိုး တက် မှုကို အကောင်အထည် ဖေါ်ဆဲကာလဖြစ်၏။
ဗုဒ္ဓခေတ်သည် ရုပ် နာမ်ဓမ္မ နှစ်ပါးလုံး၏ အစတိုးတက်မှု အဆင့် ဆင့်တိုးတက်မှု အစ၊ အလယ်၊ အဆုံး၊ တဖန် သံသရာလည်ပုံ ထိုမှ လွတ်မြောက်ရာကို ဖေါ်ထုတ်ပေးပြီးကာလဖြစ်၏။
သိပ္ပံခေတ်သည် ကိရိယာပစ္စည်း အကူအညီဖြင့် မြင်အပ်သောမျက်စိ အမြင်တွင် လမ်းဆုံးသည်။(ရှေ့ဆက်၍ ဘာမှမသိမမြင်တော့ချေ)
ဗုဒ္ဓခေတ်သည် သီလ သမာဓိ ပညာ အကူအညီဖြင့် မနောဝိဥာဏ်ဖြင့်သာ သိအပ်သည်ဖြစ်၍ နိဗ္ဗာန် တွင်လမ်းဆုံးသည်။(သိစရာ ကုန်ပြီဖြစ်၍ ရှေ့ဆက်သိစရာမလိုတော့)
သိပ္ပံနှင့်ဗုဒ္ဓ၀ါဒဆန့်ကျဉ်သည် ဟု ဆိုလာခဲ့သော် မဆန့်ကျဉ်ပါ ဟုငြင်းရ ပေမည်။သိပ္ပံပညာသည် ဗုဒ္ဓဟောတော်မူအပ်သော ပရမတ္ထတရားလေးပါး တို့မှ ရုပ်တရားတို့၏ သဘာဝတ္ထတရား အစိတ်ပိုင်းငယ်တခုမျှသာဖြစ်၏။
သိပ္ပံပညာရှင်သည် ကိလေသာမကင်းသေးသော ပုထုဇဉ်ဖြစ်သည်။
ဗုဒ္ဓသည် အာသဝေါကုန်ခမ်း သဗ္ဗညုဥာဏ်လွှမ်းထားသော အရိယာ ပုဂ္ဂိုလ်မြတ် ဖြစ်ပေသည်။
စရဏမရှိသော ၀ိဇ္ဇာ၊ ၀ိဇ္ဇာမရှိသော စရဏ’သည် အကျိုးမပြီး အချီးနှီးသာဖြစ်တတ်သည်။ “ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ” မင်္ဂလာဖြင့် သိပ္ပံ ပညာအား (စက်မှု-လက်မှုပညာအတတ်)အဖြစ် ဖွင့်လှစ်နေရာပေး ထားလေသည်။ “၀ိနယောစ သုသိက္ခိတော၊ သုဘာသိတာစ ယာဝါစာ” ဖြင့် ကိုယ်ကျင့်တရားနှင့် တွဲစပ်ကျင့်သုံးဖို့ ဟောကြားတော်မူခဲ့သည်။
“ဗုဒ္ဓ”သည် လူနုံလူအ လူ့ဗာလအဖြစ်ကို ဘယ်သောအခါမှ အားမပေးခဲ့ ပေ။ ထိုအကြောင်းအရာများသည်လည်း မင်္ဂလသုတ်တော်ကပင် သက်သေခံလျှက်ရှိနေသည်။ လောကဓမ္မ နှစ်ဖြာတို့၌ ဘ၀ကိုတန်ဘိုးရှိစွာ နေတတ်ဖို့ ဆုံးမတော်မူခဲ့လေသည်။ ခေတ်မှီ ဇိမ်ခံပစ္စည်း အသုံးဆောင် ရှိရုံနှင့် ဘ၀တန်ဘိုးရှိသည်ဟု မဆိုလိုပေ။ ဘ၀တန်ဘိုးဟူသည် သိက္ခာရှိရှိဖြင့် နေထိုင်ခြင်းကိုဆိုလိုသည်။
လောကနှင့် ဓမ္မ၊ ပစ္စုပ္ပန်နှင့် သံသရာ ဘ၀ကောင်းစားရေးနှင့် ဘ၀ လွတ်မြောက်ရေးများ ဟောကြားတော်မူခဲ့သည်။
ကြိုတင်အသိပွား သတိထားရမည့်အချက်။

ခေတ်သည် ပြောင်းလဲနေသလို လူတို့စိတ်သည်လည်း အမြဲ ပြောင်းလဲနေသည်။ ခင်စရာ မင်စရာ တွေးစရာ ငေးစရာတွေနဲ့သာ နှစ်သက်ကြည်နှုးနေတတ်သော အလွယ်ကိုသာ ကြိုက်တတ်သော ကိလေသာထူပြော သဒ္ဓါတရားမခိုင်မြဲကုန်သော ပုထုဇဉ်သဘာဝကား ကြောက်စရာကောင်းလှပေသည်။

No comments:

Post a Comment