အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Wednesday, March 2, 2011

ရှင်ဒေ၀ဒတ်၏သမိုင်းရာဇ၀င်(၃)

သက္ကာရောကာပုရိသံဟန္တိ။ပူဇော်သက္ကာရဟူသည်ယုတ်ညံ့သောစိတ်ဓာတ်ရှိသူ.
မခိုင်မာသူတို့အတွက်အဆိပ်သဖွယ်ဖြစ်၏။ဘ၀၌မကောင်းသောနိဂုံးကိုဖြစ်စေတတ်၏။
ဟူ၍မြတ်စွာဘုရားသည်ဟောတော်မူသော်လည်းထိုဒေသနာကိုရှင်ဒေ၀ဒတ်မယုံကြည်။
သူ့အဖို့အရေးကြီးသည်ကားပူဇော်သက္ကာရပေါများဘို့သာလို၏။မင်း၏ဆရာဖြစ်ဘို့သာလို၏။
မင်းဆရာဖြစ်သည်နှင့်တပြိုင်နက်အခြားအရာများကားအသေးအမွှားများသာတည်း။
”ကျွဲကူးရေပါ“ဟူသည်နှင့်အညီသူ့ဟာသူအလိုလိုဖြစ်လာမည်ဖြစ်၏။သို့ဖြစ်လျှင်မင်းဆရာ
ဖြစ်အောင်ဘယ်လိုလုပ်ရမည်နည်း။ရှင်ဒေ၀ဒတ်သည်စဉ်းစား၏။အဖန်ဖန်စဉ်းစား၏။
မင်းဆရာဖြစ်ရန်အတွက်စဉ်းစားသောအခါဗိမ္ဗိသာရနှင့်ပေါင်း၍မဖြစ်။
ကောသလမင်းကြီးနှင့်လည်းပေါင်း၍မဖြစ်။၎င်းမင်းတို့သည်မြတ်စွာဘုရားကိုသာကြည်ညိုကြပြီး
မိမိကိုယ်မူမည်သည့်နည်းနှင့်မှကြည်ညိုလိမ့်မည်မဟုတ်။ထို့ကြောင့်အကောင်းဆုံးနည်းကား
ဗိမ္ဗိသာရမင်းကြီး၏သားငယ်ရွယ်သူအဇာတသတ်မင်းသားကိုသာစည်းရုံးရန်ရှိတော့သည်။
အဇာတသတ်သည်အိမ်ရှေ့ဥပရာဇာဖြစ်၏။မိမိ၏တန်ခိုးပြာဋိဟာဖြင့်စည်းရုံးလျှင်အလွယ်တ
ကူရနိုင်၏။အိမ်ရှေ့မင်းသားကြည်ညိုလာလျှင်သူ၏ဘက်တော်သားများပါပါဝင်လာကြပေမည်။
ဤနည်းအားဖြင့်သာမင်းဆရာဖြစ်လာရန်ရှိပေသည်။မင်းဆရာဖြစ်လာရင်ပူဇော်သက္ကာရများ.
အခြံရံများ.အကျော်ဇောများ.ဂုဏ်သတင်းများ.ရဟန်းသံဃာတော်များနှင့်တကွလူအပေါင်းတို့၏
အလေးအမြတ်ပြုမှုများကိုခံယူရပေလိမ့်မည်။ဤနည်းအတိုင်းဆောင်ရွက်ရန်ရှင်ဒေ၀ဒတ်သည်
ဆုံးဖြတ်လိုက်၏။။ထိုအကြံအစည်အတိုင်းဆောင်ရွက်ရန်ရှင်ဒေ၀ဒတ်သည်ကောသမ္ဗီမြို့
မှရာဇဂြိုဟ်မြို့သို့ပြန်လာ၏။ထို့နောက်ရှင်ဒေ၀ဒတ်သည်မိမိ၏ဈာန်အဘိဥာဉ်ဖြင့်အဇာတသတ်
မင်းသားအားမိမိကိုကြည်ညိုလာစေ၏။အဇာတသတ်မင်းသားကလည်းငယ်ရွယ်သူဖြစ်သည့်အ
လျှောက်ဒေ၀ဒတ်၏ဈာန်အဘိဥာဉ်ကိုအကြောင်းပြု၍ဒေ၀ဒတ်၌ကြည်ညိုပြီးနေ့စဉ်ဆွမ်းအုပ်
(၅၀၀)ပို့လေ၏။
ဒေ၀ဒတ်ကားဤမျှနှင့်ကျေနပ်နေသူမဟုတ်။ရှင်ဒေ၀ဒတ်သည်မြတ်စွာဘုရားကိုအားကျကာ
သူကိုယ်တိုင်မြတ်စွာဘုရားလည်းလုပ်လို၏။မင်းဆရာလည်းဖြစ်လို၏။သံဃာအပေါင်းခြံရံကာ
ဒေသစာရီလည်းလှည့်လို၏။ထို့ကြောင့်ဓမ္မဘက်သို့ဦးမတည်ပဲအဓမ္မဘက်သို့ဦးတည်ကာမိမိကိုယ်
တိုင်ဘုရားဖြစ်မှု.သံဃာပရိသတ်ခြံရံမှု.မင်းဆရာဖြစ်မှု.အားလုံးတို့၏လေးစားမှုကိုမရမနေ
ကြံစည်ခြင်းဖြစ်၏။ကြံစည်သည့်အတိုင်းလည်းတကယ်ကြိုးကြိုးပမ်းပမ်းရက်ရက်စက်စက်လုပ်၏။
အမှောင်နှင့်အလင်းတို့တွင်အမှောင်ဘက်သို့တိုက်ရိုက်ဦးတည်၍လျှောက်သူဖြစ်၏။အလင်းဘက်
သို့လုံးဝပြန်မကြည့်ပဲတန်းတန်းမတ်မတ်လျှောက်သူဖြစ်၏။အလင်းဘက်သို့သံယောဇဉ်ကင်းကာ
ကျောပေး၍လျှောက်သူဖြစ်၏။ရှင်ဒေ၀ဒတ်သည်ဤဘ၀၌အရိယာဖြစ်ရန်ပါရမီမပါစေဦးတော့ဈာန်
်အဘိဥာဉ်ကိုရသဖြင့်တိဟိတ်ပုဂ္ဂိုလ်တော့ဖြစ်ရိုးမှန်၏။သို့သော်ပါရမီမပါသောတိဟိတ်ပုဂ္ဂိုလ်
်များသည်သတိသမ္ပဇဉ်ဥာဏ်မယှဉ်ပဲမိုက်ကြပြီဆိုလျှင်မနှိုင်းယှဉ်သာအောင်မိုက်ကြသော.
ရက်စက်ကြသောကြမ်းကြုတ်ကြသောလူရမ်းကားအတ္တ၀ါဒီသမားသက်သက်သာဖြစ်ကြောင်းကို
ဒေ၀ဒတ်ဝတ္ထုအရမမှိတ်မသုန်ယုံကြည်အပ်၏။။
ထို့ကြောင့်ရှင်ဒေ၀ဒတ်သည်မြတ်စွာဘုရား၏ပူဇော်သက္ကာရပေါများမှုအခြံအရံပေါများမှုမင်း
ပုဏ္ဏားသူကြွယ်သူဌေးစသောဒါယကာ/မများပေါများမှုတို့ကိုအားကျပြီးသူကိုယ်တိုင်ဘုရားလုပ်
လိုခြင်းဖြစ်၏။အဇာတသတ်မင်း၏ကြည်ညိုမှုရလာသောအခါသူသည်ပရိသတ်ဖြင့်မိမိတစင်
ထောင်ရန်ကြံစည်၏။ထိုသို့ကြံစည်သည်နှင့်တပြိုင်နက်သူ၏ဈာန်အဘိဥာဉ်တို့သည်ကွယ်လေ၏။
သို့ရာတွင်သူ၏အကြံအစည်ကိုပေါ်ပေါ်ထင်ထင်မပြုသေး။အနုနည်းဖြင့်မြတ်စွာဘုရား၏ရဟန်း
သံဃာပရိသတ်ကိုမြတ်စွာဘုရားအထံမှအသာတကြည်တောင်းယူရန်ဆုံးဖြတ်လေတော့၏။
အကယ်၍မြတ်စွာဘုရားကအသာတကြည်ခွင့်ပြုလျှင်သူ၏ဆန္ဒသည်ချောချောမောမောဖြစ်
မည်ဖြစ်၏။ထိုသို့လျှင်သူသည်ဘုရားတဆူဖြစ်မည်ဟု အာရုံတို့သည်တွေးပျော်နေ၏။
ထိုအခါမြတ်စွာဘုရားသည်ဝါတော်၂၀ရပြီဖြစ်၏။ရာဇဂြိုဟ်မြို့ဝေဠုဝန်ကျောင်းတော်၌သီတင်း
သုံးတော်မူသောအခါဖြစ်၏တနေ့တွင်မြတ်စွာဘုရားသည်မြတ်စွာဘုရားသည်တရားဟောပလ္လင်
တော်၌မင်းနှင့်ပရိသတ်အပေါင်းတို့အားတရားဟောတော်မူစဉ်..
ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားယ္ခုအခါမြတ်စွာဘုရားသည်အိုမင်းရွယ်ရင်သောအချိန်သို့
ရောက်ပါပြီရဟန်းသံဃာတော်များနှင့်ပတ်သတ်၍ကြောင့်ကြမဲ့နေတော်မူပါမျက်မှောက်၌
ခံစားအပ်သောဖလသမာပတ်ချမ်းသာကိုခံစားခြင်းဖြင့်နေတော်မူပါတပည့်တော်သည်ရဟန်း
သံဃာအပေါင်းကိုဦးဆောင်ပါအံ့။ရဟန်းသံဃာအပေါင်းကိုတပည့်တော်အားလွှဲအပ်တော်မူပါ.
ဟူ၍ဒေ၀ဒတ်ကရိုသေစွာလျှောက်ထား၏ထိုအခါမြတ်စွာဘုရားသည်မောင်းမဲတော်မူ၍
ဒေ၀ဒတ်၏လျှောက်ထားချက်ကိုပယ်မြစ်တော်မူလိုက်၏။ထိုအခါမြတ်စွာဘုရားအပေါ်၌
ဒေ၀ဒတ်သည်ရှေးဦးစွာသောရန်ငြိုးကိုဖွဲ့တော်မူ၏။
ဆက်လက်ရေးပါဦးမည်..

No comments:

Post a Comment