အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Saturday, March 5, 2011

ရှင်ဒေ၀ဒတ်၏သမိုင်းရာဇ၀င်(၅)

ဒေ၀ဒတ်၏တောင်ဆု(၅)ပါး
ရှင်ဒေ၀ဒတ်၏တောင်းဆု(၅)မျိုး(၁)ရဟန်းအားလုံးတို့သည်အသက်ထက်ဆုံးတောကျောင်း၌သာနေကြရန်။
(၂)ရဟန်းအားလုံးတို့သည်ပင့်ဖိတ်သောဆွမ်းကိုလက်မခံပဲဆွမ်းခံ၍သာဘုဉ်းပေးရန်။
(၃)အသက်ထက်ဆုံးပံ့သူကူသင်္ကန်းကိုသာသုံးဆောင်ရန်။
(၄)သစ်ပင်ရင်းတည်းဟူသောကျောင်းကိုသာသီတင်းသုံးရန်။
(၅)အမဲသားငါးတို့ကိုမသုံးဆောင်ပဲသက်သတ်လွတ်ကိုသာဘုဉ်းပေးရန်။
မြတ်စွာဘုရားသည်ရှင်ဒေ၀ဒတ်၏လူကြားကောင်းရုံမျှသာဖြစ်ပြီးတကယ်တမ်းအားဖြင့်လောက၏
အစီးပွားအတွက်သံသရာမှလွတ်မြောက်ခြင်းငှာအကျိုးမပြုနိုင်သောဒေ၀ဒတ်၏တောင်းဆိုချက်များကိုခွင့်မပြုချေ။
မြတ်စွာဘုရားကထိုသို့ခွင့်မပြုခြင်းကြောင့်ဒေ၀ဒတ်သည်ဝမ်းမနည်းမြတ်စွာဘုရားအပေါ်သူကျူးလွန်ခဲ့သော
ပြစ်မှုများကြောင့်သူသည်မြတ်စွာဘုရားနှင့်လမ်းခွဲမှဖြစ်တော့မည်။သူသည်တဂိုဏ်းတစဉ်ထောင်၍
သူကိုယ်တိုင်ကဘုရားလုပ်ပြီးသူပိုင်သံဃာပရိသတ်ကိုမွေးမှဖြစ်တော့မည်။သံဃာပရိသတ်မွေးရာ၌
သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ရန်ကျင့်ကြံလိုကြသောပုဂ္ဂိုလ်များအတွက်သူတင်ပြသောလမ်းစဉ်သည်
လောကဓမ္မတာအရအခေါင်းပါးဆုံးသောလမ်းစဉ်ဖြစ်သဖြင့်ပရိသတ်အားလုံးကထောက်ခံကြမည်ဟု
သူယုံကြည်၏။ထို့ကြောင့်သူသည်ရာဇဂြိုဟ်မြို့တွင်းသို့လှည်လည်၍သူ၏ခေါင်းပါးသောကျင့်စဉ်ကို
တအိမ်ဆင်းတအိမ်တတ်ကြေငြာလေတော့၏။ထိုစဉ်ရာဇဂြိုဟ်မြို့တွင်းသို့ဆွမ်းခံကြွှလာသော
အရှင်အာနန္ဒာနှင့်တွေ့လေရာရှင်ဒေ၀ဒတ်ကငါ့ရှင်အာနန္ဒာယနေ့မှစ၍ငါသည်မြတ်စွာဘုရားနှင့်
၎င်းမြတ်စွာဘုရား၏တပည့်သံဃာများနှင့်၎င်းလမ်းခွဲ၍သံဃာကံကိုဖြစ်စေဥပုသ်ကံကိုဖြစ်စေ
သီးခြားပြုတော့အံ့ဟူ၍ဆိုလေ၏။အရှင်အာနန္ဒာသည်ဝေဠုဝန်ကျောင်းသို့ပြန်ရောက်သောအခါမြတ်စွာ
ဘုရားအားဤအကြောင်းကိုလျှောက်ထားလေ၏။မြတ်စွာဘုရားသည်ရှင်ဒေ၀ဒတ်အားခေါ်တော်မူပြီး
ချစ်သားဒေ၀ဒတ်သင်သည်သံဃာကိုဂိုဏ်းခွဲ၍တည်ထောင်ရန်အားထုတ်နေသည်မှာမှန်ပါသလောဟူ၍
မေးတော်မူရာမှန်ကြောင်းဒေ၀ဒတ်ကပြန်လည်လျှောက်ထား၏။ရှင်ဒေ၀ဒတ်သည်သံဃာကို
အစိတ်စိတ်ကွဲအောင်လုပ်သောဤသံဃာဘေဒကကံကြောင့်မဟာအ၀ီစိငရဲ၌ကျရောက်ပေတော့မည်ဟု
ဓမ္မသံဝေဂများစွာဖြစ်တော်မူ၏။ရှင်ဒေ၀ဒတ်သည်ဥပုသ်နေ့တနေ့တွင်မိမိ၏ပရိသတ်နှင့်အတူတကွသင့်တင့်
လျောက်ပတ်သောနေရာ၌ထိုင်နေပြီးလျင်မိမိ၏ခေါင်းပါးသောအကျင့်ကိုသက်ဝင်ယုံကြည်ကြကုန်သော
သူတို့သည်ဤသံဃာအလယ်၌ရှိပါကမိမိအားထောက်ခံရန်မဲပေးလိုကြောင်းကြေငြာ၏။
ထိုအခါဝဇ္ဇီတိုင်းသားရဟန်း(၅၀၀)တို့သည်ရှင်ဒေ၀ဒတ်၏ခေါင်းပါးသောအကျင့်ကိုသက်ဝင်ယုံကြည်ပါကြောင်း
ဆန္ဒမဲပေးကြ၏။မြတ်စွာဘုရားအထံ၌ရှင်သာရိပုတ္တရာ.ရှင်မဟာမောဂ္ဂလာန်.ရှင်မဟာကဿပဟူသော
တပည့်ကြီးများရှိသကဲ့သို့ရှင်ဒေ၀ဒတ်အထံမှာလည်းရှင်ကောကာလိက.ရှင်ကဋမောဒကတိဿက.
ရှင်သမုဒတ္တ.ဟူသောတပည့်ကြီးများရှိ၏။ရှင်ဒေ၀ဒတ်သည်ထိုတပည့်ကြီးများနှင့်တကွဝဇ္ဇီတိုင်းသား
ရဟန်း(၅၀၀)ခြံရံလျက်ရာဇဂြိုဟ်မှဂယာသီသသို့သွားလေ၏။ဂယာသီသကျောင်းတိုက်၌ရှင်ဒေ၀ဒတ်သည်
မြတ်စွာဘုရားတရားဟောတော်မူသကဲ့သို့သူ၏ပရိသတ်များအားတရားဟောနေ၏။
သူလည်းဘုရားတဆူဖြစ်လေရာမြတ်စွာဘုရားဆောင်ရွက်တော်မူသည့်နည်းများအတိုင်းပင်
ဆောင်ရွက်တော်မူ၏။သူ၏ကြေငြာချက်အရသူသည်ခေါင်းပါးသောအကျင့်ကိုသက်ဝင်ယုံကြည်သူပီပီသူ၏
တပည့်များယုံကြည်လာအောင်ကြိုးစား၍ကျင့်ရမည်ဖြစ်၏။သို့မှသာသူ၏တပည့်များကသူ့အပေါ်
ခေါင်းဆောင်ပီသကြောင်းသိရှိလာရကားဘုရားအဖြစ်လက်ခံယုံကြည်ကြပေလိမ့်မည်။
ဝဇ္ဇီတိုင်းသားရဟန်း(၅၀၀)တို့သည်ရှင်ဒေ၀ဒတ်နောက်လိုက်ပါသွားကြောင်းမြတ်စွာဘုရားကြားသိသော
အခါမြတ်စွာဘုရားကရှင်သာရိပုတ္တရာနှင့်ရှင်မဟာမောဂ္ဂလာန်တို့အားထိုရဟန်း(၅၀၀)တို့အားပြန်လည်ခေါ်
ဆောင်လာရန်မိန့်ကြားတော်မူ၏။အမိန့်တော်အတိုင်းရှင်သာရိပုတ္တရာနှင့်ရှင်မဟာမောဂ္ဂလာန်တို့သည်
ရှင်ဒေ၀ဒတ်ရှိရာဂယာသီသသို့သွားရောက်ကြ၏။ထိုအချိန်၌ရှင်ဒေ၀ဒတ်သည်သူ၏ပရိသတ်အား
တရားဟောနေချိန်ဖြစ်၏။ရှင်သာရိပုတ္တရာတို့အားမြင်တော်မူသောအခါမြတ်စွာဘုရား၏
အဂ္ဂသာဝကနှစ်ပါးသည်မိမိ၏ခေါင်းပါးသောအကျင့်ကိုသက်ဝင်ယုံကြည်သဖြင့်ကြွတော်မူခြင်းဖြစ်သည်ဟု
ထင်မှတ်၍များစွာဝမ်းသာနေ၏။သို့ရာတွင်ကောကာလိကကရှင်သာရိပုတ္တရာနှင့်ရှင်မဟာမောဂ္ဂလာန်တို့အား
အရောမ၀င်ရန်ရှင်ဒေ၀ဒတ်အားသတိပေး၏။သို့ရာတွင်ရှင်ဒေ၀ဒတ်သည်ကောကာလိက၏စကားကို
မယုံကြည်ပဲရှင်သာရိပုတ္တရာနှင့်ရှင်မဟာမောဂ္ဂလာန်တို့အားသူ၏ကိုယ်စားတရားဟောခိုင်း၏။
ထိုအခါရှင်သာရိပုတ္တရာနှင့်ရှင်မောဂ္ဂလာန်တို့တရားဟောတော်မူရာဝဇ္ဇီတိုင်းသားရဟန်း(၅၀၀)တို့သည်
ထိုတရားပွဲ၌ပင်သောတာပန်ဖြစ်သွားကြ၏။ထို့နောက်ဆရာဖြစ်တော်မူသောရှင်သာရိပုတ္တရာနှင့်
ရှင်မောဂ္ဂလာန်တို့နှင့်အတူဈာန်အဘိဥာဉ်ဖြင့်ရာဇဂြိုဟ်မြို့ဝေဠုဝန်ကျောင်းတော်သို့ပြန်ကြွသွားကြလေ၏။
ရှင်ဒေ၀ဒတ်ကားအိပ်မောကျတုန်းပင်ဖြစ်၏။ထိုအခါရှင်ကောကာလိသည်များစွာစိတ်ဆိုး၏။
အစကထည်းကရှင်သာရိပုတ္တရာနှင့်ရှင်မောဂ္ဂလာန်ကိုအရောမ၀င်ရန်သတိပေးပါလျက်နဲ့သူ၏သတိပေးချက်ကို
မနာယူသဖြင့်ယခုရဟန်း(၅၀၀)တို့သည်ရှင်သာရိပုတ္တရာနှင့်ရှင်မောဂ္ဂလာန်တို့နောက်သို့ပါသွားကြလေပြီ။
ယခုတော့ဘာတတ်နိုင်ပါမည်နည်းဟုရှင်ကောကာလိကသည်အိပ်ပျော်နေသောရှင်ဒေ၀ဒတ်၏ရင်ဝကို
ဖနောင့်နှင့်ပေါက်၍နှိုး၏။ထိုအခါမှရှင်ဒေ၀ဒတ်သည်နိုးလေ၏ထိုဒဏ်ကြောင့်သွေးပွက်ပွက်အန်လေ၏။
ဒေ၀ဒတ်သည်(၉)လတိုင်တိုင်ဂယာသီသကျောင်းတိုက်၌ဝေဒနာကိုခံစားလျှက်ရှိရာနောက်ဆုံး၌
ဘုရားသခင်ကိုဖူးမြင်လိုသောဆန္ဒအပြင်းအထန်ဖြစ်လာ၏။နောက်ဆုံးအကြိမ်အဖြစ်ဝန်ချကန်တော့လို၏။
သူနောင်တရလေပြီ။သို့ရာတွင်သူ၏နောင်တသည်များစွာနောက်ကျသွားလေပြီ။သူသည်မြတ်စွာဘုရားအား
သွေးစိမ်းရှင်ရှင်ထွက်အောင်လည်းလုပ်ခဲ့၏။သံဃာများကိုလည်းကွဲအောင်ခွဲခဲ့၏။ဤကံကြီးများကား
အလွန်ကြီးမားသောကံကြီးများဖြစ်၏။သာမန်ကံမျိုးမဟုတ်။ဤကံမျိုးကျူးလွန်သူများသည်
အ၀ီစိငရဲ၌ဧကန်ကျထိုက်သူများဖြစ်ကြ၏။ရှင်ဒေ၀ဒတ်ကားအ၀ီစိငရဲ၌ကျမည်သာဖြစ်၏။
မြတ်စွာဘုရားကိုဘယ်နည်းနဲ့မှဖူးမျှော်ခွင့်ရလိမ့်မည်မဟုတ်။သို့ရာတွင်သူသည်နောက်ဆုံးအနေနဲ့သူ၏
နောင်တော်ဖြစ်တော်မူသောမြတ်စွာဘုရားကိုဖူးမြင်ချင်လှ၏။ထို့ကြောင့်သူ၏တပည့်များအားသူ့ကို
သာဝတ္ထိမြို့ဇေတ၀န်ကျောင်းတော်ရှိမြတ်စွာဘုရားအထံသို့ပို့ဆောင်ပေးကြပါရန်အတန်တန်တောင်းပန်
လေတော့၏။။
ဆက်လက်ရေးပါဦးမည်။

No comments:

Post a Comment