အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Monday, February 28, 2011

ရှင်ဒေ၀ဒတ်၏သမိုင်းရာဇ၀င်

သာသနာ့သမိုင်းတွင်ရှင်ဒေ၀ဒတ်သည်သံဝေဂရဖွယ်အကောင်းဆုံးသောပုဂ္ဂိုလ်ဖြစ်သည်။
ရင်နာဖွယ်လည်းကောင်းသည်။သနားစရာလည်းကောင်း၏။သူသည်သာသနာတော်နှင့်ပတ်သတ်၍ဆိုဆုံးမရာ၌ “လူကြမ်းကြီး”အဖြစ်စံထား၍ဆိုဆုံးမခံရသူဖြစ်သည်။အဓမ္မနည်းကိုအသုံပြုလျှင် ဒီကောင်ကဒေ၀ဒတ်လိုပဲ ဟုမကောင်းဘက်မှစံပြအဖြစ်တင်ပြခံရသူဖြစ်သည်။
ဒေ၀ဒတ်သည် သာကီဝင်မင်းသားဖြစ်၏မလ္လာမင်းတို့၏နယ်မြေအနုပိယသရက်ဥယျာဉ်၌အခြားသောသာကီဝင်


မင်းသားများဖြစ်
သော ဘဒ္ဒိယ.အနုရုဒ္ဓ.အာနန္ဒာ.ဘဂု.ကိမိလ ဆတ္တာသည်ဥပါလိတို့နှင့်အတူစုစုပေါင်း ၇ ယောက်တို့တပြိုင်နက်မြတ်စွာဘုရားအထံတော်သို့ရဟန်းပြုကြသူများဖြစ်၏။ဒေ၀ဒတ်သည်သာ
ကီဝင်မင်းသားဖြစ်သည်ဟုဆိုကထဲက သူ၏အတိတ်ကံကိုမှန်းဆ၍ရ၏။သူ၏အတိတ်ကံကားနှယ်နှယ်ရရအတိတ်ကံမဟုတ်။ဈာန်သမာပတ်
်နှင့်အဘိဥာဉ်ကိုရစေနိုင်စွမ်းသောအတိတ်ကံဖြစ်၏။သို့ရာတွင်သူ၏အတိတ်ကံသည် စာမေးပွဲကာလတလျှောက်လုံးစာမှန်မှန်မကျက်ပဲအာပူတိုက်ထားသောမေးခွန်းနှင့်ကွက်တိတိုး၍
ဖြေဆိုနိုင်တဲ့အောင်မြင်ခြင်းမျိုးဖြစ်၏။စည်းစနစ်တကျမှန်မှန်ကန်ကန်ကျေကကျေညက်ညက်ကျက်မှတ်ပြီး
မေးခွန်းများအားလုံးကိုဖြေဆိုနိုင်နိုင်ပြီးအောင်မြင်သောကံမျိုးတော့မဟုတ်။ထို့ကြောင့်ဒေ၀ဒတ်၏ကံမျိုးကို
စာပေဝေါဟာရအရပြောရလျှင် ပါရမီမမြောက်သောကံမျိုးဟူ၍ဆိုရပေမည်။သို့ဖြစ်၍ဒေ၀ဒတ်သည် ရခဲသောလူအဖြစ်ကိုရခြင်း.လူ့ဘ၀ဆိုရာဝယ်မြင့်မြတ်သောသာကီဝင်မင်းသားဘ၀ဖြစ်ခြင်း.ရခဲသောရဟန်း
ဘ၀ကိုရခြင်း.ရဟန်းဘ၀ဆိုရာတွင်လည်းဈာန်သမာပတ်အဘိဥာဉ်ဖြစ်ခြင်း.ထိုမျှလောက်ထူးချွန်သူဖြစ်ပြီးမြတ်စွာ
ဘုရားရှင်နှင့်ကိုယ်တိုင်ကိုယ်ကျတွေ့ပါလျှက်နဲ့သူ၏ဘ၀သည်အကျနာခဲ့ရ၏.။
မှန်ပေသည်….။ပါရမီမမြောက်သောကံတို့မည်သည်ဦးတည်ရာမရှိပဲပင်လယ်ရေစီးကြောင်းအတိုင်းမျောချင်
ရာမျောနေသောလှေငယ်သဖွယ်သာဖြစ်၏.
်

No comments:

Post a Comment