အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Monday, May 7, 2012

"လမြတ်ကဆုန်"(သို့)မြတ်ဗုဒ္ဒ၏ အမှတ်တရနေ့မြတ်များ


ဆယ်နှစ်လရာသီတွင် ကဆုန်လကို လမြတ်ဟုဆိုရခြင်းအကြောင်း(၄) ချက်ရှိပါသည်။ (၁)ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရား ထံမှ နိယတဗျာဒိတ်ကိုခံယူသည်မှာ ကဆုန်လပြည့်နေ့ဖြစ်ပါသည်...
(၂)
ဤဘဒ္ဒကမ္ဘာတွင် ဂေါတမမြတ်စွာဘုရားလောင်း သိဒ္ဓတ္ထမင်းသားသည် မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန် လပြည့်နေ့၌ ဖွားမြင်တော်မူပါသည်။
(၃)
ဂေါတမမြတ်စွာဘုရားလောင်းတော်သည် ဗောဓိမဏ္ဍိုင်၌ သဗ္ဗညုတ ဥာဏ်တော်ကို မဟာသင်္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့တွင် ရတော်မူ၍ ဘုရားအဖြစ်ကိုရောက်တော်မူခဲ့ပါသည်။
(၄)
မလ္လမင်းတို့၏ အင်ကြင်း ဥယျာဉ်ဝယ် မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် နေ့တွင် ပရိနိဗ္ဗာန် စံတော်မူခဲ့ပါသည်။
အထက်ဖော်ပြပါ ထူးမြတ်သောအချက်လေးချက်သည် ကဆုန်လပြည့်နေ့တွင် ဖြစ်တော်မူခဲ့သောကြောင့်ကဆုန်လကို အမြတ်ဆုံးလဟုခေါ်ဆိုခြင်းဖြစ်ပါသည်။
ကဆုန်လပြည့်နေ့တွင် မြတ်စွာဘုရားရှင် သဗ္ဗုညုတဥာဏ်တော်ရရှိရာ ဗောဓိညောင်ပင်ကို ရည်စူး၍ ရေ သွန်းလောင်းခြင်းဖြင့်ညောင်ရေသွန်းပွဲတော်ကို မြန်မာနိုင်ငံအနှံ့အပြား တောရောမြို့ပါမကျန် ကျင်းပကြ သည်မှာ ကြည်နူးဖွယ်ရာ အလွန်ကောင်းလှသော မြန်မာရိုးရာပွဲတော်တစ်ခုပင်ဖြစ်ပါသည်။
ထို့အပြင် ကဆုန်လသည် ပူပြင်းခြောက်သွေ့ပြီး မိမိနေရာ ဗာရာဏသီမြို့တွင်အပူချိန်သည် ၄၁ ရှိ၏။ နွေရာသီရောက်မည်ကို ကြောက်နေမိသည်။နှစ်တိုင်းဆိုလျှင်ဒီရာသီအချိန် အမိမြန်မာပြည်သို့ပြန်ချိန်ဖြစ်၏။ သို့သော် မပြီးဆုံးသေးသော ကျောင်း(တက္ကသိုလ်)၏ အခြေနေကြောင့် အပူဒဏ်ကိုအံတုလျှက်။ ဒီနှစ်တော့ အပူဒဏ်ကိုကာကွယ်နိုင်ဘို့ အိန္ဒိယနိုင်ငံ၏ မီးမမှန်မှုတို့ကြောင့် ဗီယက်နမ်ဆရာလေးမှ ကိုလာ တလုံး ။ အင်ဗာတာနှင့် တွဲသုံးရန်ဘက်ထရီ အိုးတို့လှူဒါန်းသွားခြင်းကြောင့် မိမိနေရာအခဏ်းအတွင်းမှာတော့ အပူဒဏ်ကို အံတုနိုင်မည်။ မိမိအိမ်ရှေ့မှ လေခြူပင်လေးသည်လည်း မိမိအဖို့ အအေးဓါတ်လေးပေးမှာတော့အမှန်ပင်ဖြစ်၏။ လကဆုန်သည် မြတ်ဗုဒ္ဒ၏ အမှတ်တရနေ့ထူးများဖြစ်သည်။ ကဗျာဆရာရှင်တယောက်သည် ဤသို့စပ်ဆိုခဲ့သည်။
ပေါ်နွေလလျှင်
တောင်က ခြိမ့်မြူး
မင်းလွင်ဦးနှင့်
ပျံ့ပြူးချုပ်ဆိုင်း
မုန်ဆိုင်း ဆင်လို
တိမ်ညို မှိုင်းထပ်
ပြက်လျှပ်ပြကာ
စိမ်းဝါ မိုးပန်း
ထွေထွေစွန်းက
ရေသွန်းသာကြည်
ပျော်ရမည် ဟူ၍ 
ရှေးစာဆိုရှင် နတ်သျှင်နောင်က နေပြည်တော်တွင် ကျန်ခဲ့သော ချစ်သူကို တမ်းတ လွမ်းလှသဖြင့် ယခုလိုစပ်ဆိုခဲ့ပါသည်။ အင်မတန်လည်း လွမ်းမောဘွယ်ကောင်းလှချေ၏။ မိမိတို့အဖို့မှာတော့ အမိမြန်မာပြည်လွမ်းရုံမှတပါးအခြားမရှိတော့ပြီ။ မိမိလည်းအမှတ်တရ ကဗျာတပုဒ်စပ်ဆိုလိုက်မိတော့၏။
ပူလောင်းလွန်းသည့်ဗာရာ မြေ အဖြေရှာ နေရာတခုနဲ့
မသေခြာ PH.D ကျောင်းကို စောင့်နေရမြဲ။
လာခဲ့ပါပြီကွဲ့ တနှစ်တခါ မရေရာ
အဖြေမပါပဲ ပြန်ခဲ့ရ အခါခါ။
ဆောင်းမရှောင် နွေအကူး
ပူပြင်းတဲ့ဒီနေရာ
မရေရာဗီဇာကုန်ပါပေါ့။
ပြန်ရတော့မှာလဲ ဒီနှစ်မှာ
နှုတ်ဆက်ခါ သွားရတော့မယ်.
ဒီ အောက်တိုဘာ မရရင်ဖြင့်
ဆက်တတ်ရန်မ၀ံ့ရဲ လွဲခဲ့ပြီပေါ့။နတ်ရှင်နောင်တို့လို
ချစ်သူကိုမတမ်းတနိုင်သော်လည်း မိမိချစ်တဲ့တက္ကသိုလ်
မိမိ ၂၀၀၇ မှစတင်၍ တတ်ရောက်ခဲ့သော တက္ကသိုလ်ကြီးကို လွမ်းမောတသစွာ
နှုတ်ဆက်လိုက်ပါတော့မည်။ကံကောင်းထောက်မလို့ ဗီဇာမကုန်ခင် ဖြစ်များဖြစ်ခဲ့ရင်တော့လည်း လွမ်းစရာတက္ကသိုလ်လေးကို  မျှော်လင့်ချက် ပန်းတိုင်နဲ့ရယူပိုင်ဆိုင်အုံးမှာပေါ့။
ဗီဇာသည် အောက်တိုဘာလတွင်ကုန်တော့မည်မို့ ဗီဇာကုန်လို့မှ အဆင်မပြေခဲ့ရင်တော့ မခွဲခွာရက်ပေမဲ့လဲခွဲခွာရတော့မည်။  ။ကဆုန်လသည် ပူပြင်းသည်။ ပူပြင်းသောရာသိကိုအံတု၍ “ဒုက္ခဿ အန္တောသုခံ” တဲ့ ဒုက္ခရဲ့အဆုံးမှာ သုခဆိုတဲ့အရသာလေးခံစားပရစေ..လို့။ မြတ်စွာဗုဒ္ဒသည် ဒုက္ခ၏ အဆုံးမှာ လောကမှာအမြတ်ဆုံးဘုရားအဖြစ်သို့ရောက်ရှိခဲ့သည်။  မိမိတို့မှာလည်း မိမိတဦးတယောက်ထဲမဟုတ် ။စုစုပေါင်းမိမိတို့နှင့်အတူ တတ်ရောက်ကြသော တက္ကသိုလ်ကျောင်းသားများအားလုံးလည်း ဒုက္ခလေးတွေရင်းနှီးထားသမျှ သုခ တည်းဟူသော ကျောင်းသားတယောက်(PH.D)ဖြစ်ဘို့ မျှော်လင့်နေကြသည်။ မျှော်လင်းခြင်းပန်းတိုင်များ ကိုယ်စီကိုယ်င ရယူပိုင်ဆိုင်နိုင်ကြပါစေ။ ထူးလဲထူးတဲ့ ကဆုန်လသည် မိမိတို့အတွက်ထူးခြားမှုတခုတော့ ပေးစွမ်းနိုင်မည်ဟု ယုံကြည်နေမိသည်။ တမ်းတနေမိသည်။
ထိုကဲ့သို့ထူးလည်းထူးပြီး လွမ်းမောဖွယ်လည်း ကောင်းလှသော ကဆုန်လပြည့်နေ့ညောင်ရေသွန်းပွဲတော်ကို အမှတ်တရအဖြစ်ဖြင့် ဤ post လေးကိုတင်လိုက်မိပါကြောင်း ကဆုန်လပြည့်နေ့ သည် မြတ်ဗုဒ္ဒအတွက် အောင်ပန်းတွေ ရယူခဲ့သည်။ ဘ၀အဆုံးရပ်တန့်ခဲ့သည့် လလည်းဖြစ်ခဲ့သည်။မို့
ဤpost ဖြင့် မြတ်ဗုဒ္ဒအားရည်မှန်းသမှု အာရုံပြုလျှက်။

No comments:

Post a Comment