အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Saturday, January 28, 2012

ဆရာတော်ကြီးများ၏သြ၀ါဒ


စစ်ကိုင်းမင်းနှင့်မိဖုရားခေါင်
နန်းမတော်မယ်နုတို့သည်
သက္ကရာဇ်၁၁၉၂.ခုနှစ်တွင်
သဘင်ကြီးစွာခံ၍ဆရာတော်
ဦးဗုဒ်အား...

"စက္ကိန္ဒာသီရိသဒ္ဓမ္မဓဇမဟာဓမ္မရာဇဂုရု"ဘွဲ့
ဆက်ကပ်၍
မဟာအောင်မြေအုဌ်ကျောင်းတော်ကြီးကို
လှူဒါန်းကာအလှူတော်ရေစက်သွန်း
ချပြီးနောက်ဆရာ
တော်ထံဆုံးမသြ၀ါဒတောင်းခံရာတွင်
ဘုရင်နှင့်မိဖုရားတို့
တသက်လုံးမှတ်လောက်အောင်
(မင်းနှင့်တူအောင်ကျင့်က
ငါတို့သြ၀ါဒပေးရန်မလို။
မင်းနှင့်တူအောင်မကျင့်ကငါနှင့်မဆိုင်။
အ၀ီစိနဲ့သာ
ဆိုင်သည်)
ဟုသြ၀ါဒပေးတော်မူခဲ့သည်။

လူတယောက်ဟာ တခုလေးတော်တာနဲ့
 ကိုယ့်ကိုယ်ကို အကုန်တော်တယ်လို့
              မထင်လေနဲ့။
တခုလေးညံ့တာနဲ့လဲ အကုန်ညံ့တယ်လို့မထင်နဲ့။
နေရာတိုင်းလည်းအကုန်တော် အကုန်ညံ့မရှိဘူး။
     ကိုယ့်ကိုယ်ကို နေရာတိုင်းမှာ
  တော်နေတယ်လို့ ထင်နေရင်တော့
     မလွယ်ဘူးထင်တယ်နော်..။
    (တိပိဋကယောဆရာတော်)
လူတွေဟာ
ကောင်းကျိုးကိုသာ
မျှော်ကြတယ်။
အကောင်းကိုခံစားခြင်ကြတယ်
အကြောင်းကောင်းအောင်တော့
မလုပ်ခြင်ကြဘူး။
အကြောင်းကောင်းအောင်
မလုပ်ခြင်လျှင်
အကျိုးကောင်းရမှာ
မဟုတ်ဘူး.
(အရှင်ဇနကာဘိဝံသ)





No comments:

Post a Comment