Pages

Wednesday, April 18, 2012

ကွာလာလမ်ပူ GENTING WALKတောင်ပေါ်သို့

ဒီလိုတောင်ပေါ်တတ်ရသည်
လိုက်ပို့ပေးသောဒကာမကြီးနှင့်အမှတ်တရ
ဒီနေ့ (၁၈.၄.၂၀၁၂ )နေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြိွု့GENTING WALK သို့ သွားရောက်ခဲ့တယ်ပေါ့။ ကျောင်းအမကြီးလို့အမည်ရတဲ့ဒကာမကြီးလိုက်ပို့တယ်။ အသက်က(၆၇) နှစ် သွက်လိုက်တာပြောမနေနဲ့ ကျောင်းမှ ၈နာရီကျော်ကျော်လောက်ထွက်ခဲ့တယ်ပေါ့။ ကားလေးသည် အမြန်နှုန်းမောင်းနှင်လျှက် ကွာလာလမ်ပူမြို့ထဲတွင် အလုပ်ချိန်ဖြစ်နေသည်မို့ ကားများပိတ်နေခဲ့သည်။ ၀န်ထမ်းတွေ သွားကြလာကြဆိုတော့ ဖြစ်လေ့ဖြစ်ထရှိသည်။ မိမိတို့ကားလေးသည်လည်း တဝေါဝေါ မောင်နှင်လျှက် တိုက်တာကြီးများ တောင်တန်းကြီးများကိုမြင်တွေ့လျှက် လမ်းမသည် တီကောင်အလား တုန့်လိန်ကောက်ကွေ့လျှက် သို့သော် လမ်းခင်းပုံစနစ်ကောင်းသည် ကျယ်ပြန်သည်မို့ ကားသမားတို့ စိတ်ကြိုက်မောင်းနိုင်သည်။ ကွေးသည် ပြန်လည်ကွေ့သည် တောင်ပေါ်လမ်းအတိုင်း အကွေ့အကောက်ပေါသည်။ ဘေးကြည့်ပြန်တော့ စိမ်းလန်းစိုပြေ သစ်ပင်များ သဘာဝအလျှောက်ပေါက်နေသော သစ်ပင်များ တောင်တန်းရဲ့အလှကိုပနံရစေသည်။တချို့နေရာ တောင်ကျောက်တို့သည် ချောက်မနေပဲ စိမ်းလန်းလျှက် ရေများကျနေသည်လဲရှိ၏။ သဘာဝ မိုးကျရေများကျဆင်းနိုင်ရန် မြောင်းကြီးများစနစ်တကျ ပြုလုပ်ထားသည်။ မိမိတို့ကားကလေးသည် အရှိန်မြှင့်လိုက် လျှော့လိုက်နဲ့ တောင်ပေါ်သို့ တတ်နေသည်။ မိမိသည် ပတ်ဝန်းကျဉ်ရှုခင်းများကြည့်လျှက် ရာသီဥတုသည် သာယာနေ၏။ မနေ့က သွားသောဦးဇင်းများရာသီဥတု ဆိုးရွားစွာနဲ့ ပြန်လာခဲ့ရသည်ဟူ၏။ မိမိတို့ ကံကောင်းသည်လား.မပြောတတ်။ အရမ်းအေးသည်ဆိုသော ကျောင်းမှပြောဆိုသံသည်ကား..။ ခု မိမိတို့ အေးဘို့နေနေသာသာ ချွေးများပင်ထွက်လျှက်။ရောက်ပါပြီ တောင်ချေသို့။ လိုက်ပို့သူမယ်တော်ကြီးမှ တောင်ပေါ်သို့တတ်ရန် ဓါတ်ကြိုးဖြင့် တတ်ရမည်ဖြစ်သည်မို့ တဦးလျှင် ရမ်းဂစ် ၆ ဖြစ်၏။ တောတောင်တွေ အတော်များများဖြတ်သန်းရမည်ဟူ၏။ စီးရမည့်အချိန် ၂၈ မိနစ်ကြာမြင့်သည်။၆ ယောက်ထိုင်လို့ရသည် ပတ်ဝန်းကျဉ်ရှုခင်းများငေးမောလို့ရသည်။ ဟုတ်ပေစွ အမိမြန်မာပြည် ကျိုက်ထီးရိုးစေတီတော်ပေါ်သို့ တတ်ဆင်ရရင် ကောင်းလေစွ။ ရှိရင် ကောင်းလေစွ ဟုအကြံဖြစ်ခဲ့၏။ နောက်မိမိတို့ နေထိုင်ရာ အိန္ဒိယနိုင်ငံ ရာဇဂြိုဟ်မြို့ ဂိဇ္ဈကုဋ်တောင်ပေါ်တတ်ရန် ရှိသင့်သည်ဟုလည်း တွေးမိခဲ့၏။တွေးရင်းတွေးရင်း ရှုခင်းများလဲငေးရင်းနှင့် ၂၈ မိနစ်သည် မကြာလိုက်ပါ။ ရောက်ပါပြီ တောင်ထိပ်သို့ လမ်းတ၀က်မှ လှမ်းကြည့်ပြန်ရင်လဲ စပြီးစီးခဲ့သည့် နေရာမမြင်ရ။  တောင်အတော်များများကို ဖြတ်ကျော်ခဲ့ရသည်။ ပြုလုပ်ထားသော တရုတ်လူမျိုးဥဏှောက်ပြေး၏။ အပေါ်ရောက်ပြီဆိုပြန်တော့လဲ တိုက်တာကြီးများ ထိုတိုက်တာကြီးတွေအပေါ်ထပ်များတွင် ဟိုတည်ကြီးများ စားသောက်ဆိုင်ကြီးများ ခန်းနားစွာတွေ့ရှိနိုင်သည်။ မားကပ်များလည်းရှိသည် လိုတာဝယ်လို့ရသည် စားစရာတွေလဲ ပေါများလှသည်။ကစားစရာတွေလဲပေါသည်။ ကစားကွင်းတွေလဲ ပေါသည်။ ရမ်းဂစ် ၆၀ ဆိုရင် တနေကုန်ကစားလို့ရသည်ဟူ၏။ လိုက်ပို့သူဒကာမကြီး၏ပြောာပြချက်အရဖြစ်သည်။ ဓါတ်လှေခါးများ စက်လှေခါးများ ဆင်းလိုက်တတ်လိုက်လုပ်ရသည်။ စင်္ကာပူနိုင်ငံတော့မမှီချေ။ ရုံရှင်ရုံကြိးများလည်းပြသလျှက် ရာသီဥတုသည်သာယာမြဲသာယာလျှက် မို့မအေးမပူ အဆင်ပြေခဲ့သည်။ လှည့်လည်ကြည့်ရှုတာကြသည်နှင့်အမျှ အချိန်တို့သည် ဆွမ်းစားဘို့ဒကာမကြီးမှပြောမှ သတိရလိုက်သည်။ ဆိုင်ထဲသို့ဝင်လိုက်သည် ဒကာမကြိးနဲ့အပြန်လှန်ပြောဆိုနေသည်မို့ မိမိအနားမှာချဉ်းကပ်လိုက်သည်မှာတော့ မြန်မာလိုပြောနေသော မြန်မာဒကာသည်။ ဆိုင်အတွင်းသို့ ကြွဘို့ လျှောက်ပြီး လမ်းပြကာ နေရာလွတ်ရှိရာသို့နေရာချပေးသည်။ တပည့်တော်ကိုဖုန်းဆက်ထားကြောင်း မြန်မာဘုန်းကြီးတွေလာတိုင်း မြန်မာထမင်းဟင်းချက်ပြီး လှူဒါန်းကြောင်းပြောဆိုလျှောက်ထားသည်။ ပိုင်ရှင်သည် တလမှတခေါက်သာရောက်လာသည်မို့ပြဿနာမရှိကြောင်း ဒီနေ့ မြန်မာထမင်းဟင်းနှင့်ဘုဏ်းပေးခဲ့ရသည်။ ဆာနေသည်မို့ ဘုဉ်းပေးလို့ ကောင်း၏။ ဆွမ်းဘုဉ်းနေရင်း မှန်ပြတင်းမှမြင်လိုက်ရသည်ကတော့ ကစားကွင်းကြီး ကလေးများရေကူးနေခြင်း လှေများလှော်ခတ်နေခြင်းနှင့် အမျိုးမျိုးတွေ့ရှိခဲ့သည်။ ဆွမ်းကိစ္စပြီးသည်နှင့် အပေါ်ထပ်တတ်ခဲ့ကြ၏။ မိုးကား စလာပြီ ရွာ၏။ဖြေးဖြေးရွာ၏။ နဲနဲများလာ၏။ ပတ်ပတ်စပ်စပ်ရွာ၏။လျှပ်စီးများလတ်၏။အို့..အေး. .လာပါပကောလား.. မိုးသည် တ၀ုန်းဝုန်းရွာနေတော့၏။ မိမိတို့အထဲမှာ နေသည်မို့ဆူညံစွာကြားနေရ၏။ ခဏ တိတ်၏။ ဒကမကြီးမှ ပြော၏။ မလေးရှားမိုးကြာကြာမရွာတတ်တဲ့။ မိုးတိတ်သော်လည်း နှင်းများထူထပ်စွာကျလျှက် အေးလာသည် ပို၍အေးလာသည်။ခဏနေ မိုးပြန်လည်ရွာချတော့၏ ။အချိန်အတော်ကြာကြာရွာ၏။မိုးရွာထဲ တရုတ်ကျောင်းတော်ရှိရာသို့ ဒကာမကြီးဦးဆောင်ပြီးသွားခဲ့ကြ၏။ ခပ်ဖွဲဖွဲမိုးလေးမို့ သွားလို့အဆင်ပြေ၏။ တဖန်ရွာပြန်၏။ ခပ်များများရွာ၏။ သတင်းကြားရပြီ လမ်းမှာတောင်တွေပြို သစ်ပင်တွေလဲသည်။ ကားသွားဘို့လမ်းပိတ်နေသည်တဲ့။ မြေသယ်ကားကြီးများ မြေထိုးစက်ကြီးများဖြင့် တွေ့နေရပြီ မိမိတို့ရောက်ရှိနေသော နေရာ၏ အောက် ၄.၅.၆ ကွေ့လောက်မှာ တောင်ပြို၏။ သစ်ပင်များလဲ၏။ လမ်းတွေပိတ်ဆို့နေ၏။ဟု သတင်းကြားခဲ့ရပြီ။ ရဲများလည်းအလုပ်ရှုတ်လျှက် မြေသယ်ကားကြီးများ မြေထိုးစက်ကားကြီးများလည်း မောင်နှင်လျှက် တာဝန်ရှိသူများ အလုပ်ရှုတ်နေတော့သည်။ နှင်းများပို၍ကျလာသည်။ မမြင်ရတော့ လမ်းဘေးပတ်လည်။ တချို့ မိမိအိမ်မှကားများ အသိကားများဖုန်းဖြင့်ခေါ်လျှက် မိမိတို့မှာတော့ နှင်းတွေ မှောင်မပြီးမမြင်တမြင်နဲ့လျှောက်လှမ်းရင်း ကားတစီးထိုးရပ်လာသည်။ ဒကာမကြီးမှာထားခြင်းကြောင့် ကားသမားသည် ဒကာမကြီးကို ဦးစားပေးပြောသည် ဒကာမကြီးမှကားပေါ်တတ်ကြဘုရားဟူ၍ တတ်ကြတော့သည် တဦးလျှင် ၁၀ နှုန်းဖြင့် ဟိုတည် တနေရာသို့ မောင်းခဲ့လေပြီ။ မိမိတို့တွေ့လိုက်ရသည်ကား ကားများလမ်းဘေးတွင်တချို့ရပ်လျှက် လမ်းပြင်နေသော လူများလဲတွေ့ရှိလျှက် လမ်းပိတ်နေသောနေရာများကိုကားကြီးများဖြင့်ရှင်းလင်းလျှက် မြေကော်ကားကြီးဖြင့်လည်းမြေများ လမ်းမှရှင်းလင်းလျှက် တွေ့ခဲ့ရသည်။ နာရီပိုင်းအတွင်းလမ်းပိတ်နေသောမြေများ ကျောက်တုံးကြီးများ ပြုလုပ်ပေးသည်။ တော်လိုက်သည့် နိုင်ငံခေါင်းဆောင် မိမိတို့ချမ်းနေကြသည်။ သို့သော်လည်း…..

No comments:

Post a Comment