Pages

Monday, April 30, 2012

အယုဒ္ဒယမြို့သို့ တက္ကသိုလ်နှင့် ဘုရားဖူး

အယုဒ္ဒယမြို့၏ ကျက်သရေဆောင် ကျောင်းတော်ကြီး

ကျောင်းသားများနေရာအဆောင်

တက္ကသိုလ်ထဲမှ သိမ်ကျောင်းကြီး

တက္ကသိုလ်ကြီးမှအဆောက်အဦးတို့သည် မြိုင်ဆိုင်ကြီးမားလျှက်
(၃၀.၄.)နေ့ အယုဒ္ဓယမြို့သို့ သွားရောက်မည်မို့ မနက် ၆နာရီလောက် အိပ်ယာထရေမိုးချိုးပြီး ကော်ဖီမစ်တခွက်ဖျော်ကာသောက်ခဲ့ရသည်။ ငှားထားသောကားသည်လည်း ရောက်နေပြီမို့ တချို့မနက်စာကို ထိုင်း အစားအစာဘုဉ်းနေကြသည်။ တချို့သင်္ကန်းရုံလျှက် မိမိမှာ ကော်ဖီတခွက်သောက်ရင်း အရသာခံလျှက် မနက်အာရုဏ်တတ်ချိန်အလွန်မှာ အပူရှိန်က နေ့လည်နေ့ခင်းလိုမပူသော်ငြားလည်း ပုံမှန်အတိုင်း နွေပိတောက်ပင်ပျိုအောက်မှာ စုရုံးလျှက် သွားလာဘို့ပြင်ဆင်နေကြသည်။ ကားဟွန်းသံတချက် တီးလိုက်သံကြောင့် သွားတော့မည်လို့အသိပေးလိုက်တော့၏။ မိမိတို့အဖွဲ့သည် ကားလေးရှိရာသို့ သွားခဲ့ကြတော့၏။ ကားလေးသည် မိမိတို့ကားပေါ်ရောက်သည်နှင့် ၀ူးကနဲမောင်းထွက်တော့သည် အချိန်ကား ၇ နာရီထိုးပြီးကာစမို့ ဘန်ကောက်မြို့တော်၏ အသွားအလာကားသည် ရှင်းလျှက် ရှိသည်။ ဆွမ်းခံကြွနေကြသော ဘုန်းတော်ကြီးများ ဆွမ်းလောင်းရန် အရန်သင့်ပြုလုပ်နေသော ဒကာမများ အတော်များများတွေ့ရှိခဲ့သည် တချို့ ကျမ္မာရေးအရ လမ်းလျှောက်နေသော အဖိုးအဖွားများ လက်ချင်းတွဲကာ တဦးကိုတဦးဖေးမလျှက်နဲ့တွေ့မိ၏။ ကားကလေးသည် အရှိန်ပြင်းစွာမောင်းနှင်လျှက် ရှိသည်။ မကြာခင် ဘန်ကောက်မြို့၏ (၅)ဆက်မြောက် ဘုရင်နန်းတော်သို့ ၀င်ရောက်လေ့လာခဲ့ကြသည်။ အို့..၀င်ကြေး ဘတ် ၁၀၀ ဟူသတတ်။ ရောက်လက်စနဲ့မို့ အများဆန္ဒအတိုင်း အားလုံးဝင်ရောက်ခဲ့ကြသည်။ နာရီဝက်ကျော်ကျော်ကြာခဲ့သည်။ ဘုရင့်နန်းတော်နေရာမှာမူ ခမ်းနားစွာတွေ့မြင်လျှက် ၀န်ထမ်းအမျိုးသမီးငယ် ၂ ယောက်သည် ရှင်းပြခဲ့၏။ နိုင်ငံခြားသားလည်း အတော်တွေ့ရှိခဲ့သည်။ ထိုမှဆက်လက်၍ အယုဒ္ဓယမြို့သို့သွားရောက်ခါ ဘုရားသွားဖူးကြသည်။ ပါးစပ်ရာဇ၀င်တွေ ပြောသံကြားခဲ့ရသည်။ ဘုရားပုထိုးတို့သည်လည်း သင်္ခါရသဘောအရ ဟောင်းမြေ့ ပျက်စီးခဲ့နေကြပြီ။ သို့သော် ဘုရားဖူးသူတော်စဉ်တွေမှာတော့ ပြည့်ကျပ်လို့နေတယ်ပေါ့။ ဘုရားပရိဝုဏ်အတွင်းလှည့်လည်ပြီး ဖူးမျှော်မိသည် အပေါ်ဆုံးထပ်ထိ တတ်ရောက်ခဲ့သည် ။ဘုရားပုံတော်ကိုရွှေများချလျှက် လူအတော်များများတွေ့ရသည် ရာသီဥတုသည် ပူလောင်နေသည်။ ချွေးသီးများပြိုင်ပြိုင်ကျလျှက် သို့သော် လူတိုင်းရဲ့ မျက်နှာတိုင်းမှာ အပြုံးတို့ဖြင့်ဝေဆာလျှက်တွေ့နေရသည်။မိမိတို့လည်း ထိုမှနေ့ဆွမ်းဘုဉ်းရန်အချိန်ရောက်နေပြီမို့ ရေပေါ်ဈေးသို့ ကားသမားသည် မောင်တော့၏။ ပထမဆိုင်တွင် ၀က်ချေတောက်စသည်တို့သာ ရောင်း၍ အဆင်မပြေ နောက်တနေရာသို့ ရောက်ပြန်တော့ ၀က်သားတွေ ပြုတ်လျှက်တွေ့ရှိရသည်။ မိမိသည် အစားဂျီးများတတ်၍ ထိုနေ့အဖို့ ၁၀၀ ဘတ်ကို မုန့်၃ ထုတ်ရသော မုန့်ဖြင့် အဆင်ပြေလိုက်ရသည်။ ဘေးတနေရာ၌ ကော်ဖီဆိုင်တွေ့၍ ကော်ဖီမှာသောက်သည် အို့..စင်္ကာပူလေဆိပ်ကဲ့သို့ ခါးအန်လန်ထွက်နေသော ကော်ဖီမို့ သောက်လို့အဆင်မပြေခဲ့ တငုံသာငုံပြီး ဆက်မသောက်ခဲ့တော့ မုန့်နဲ့ရေနဲ့ မျှောချလိုက်ရတော့၏။အားလုံးအတွက်နေ့ဆွမ်းစာကို ဦးခေမာဝံသ(ထိုင်း) ဂိုက်မှ ကပ်လှူသည်။ ပြီးသည်နှင့်ရေပေါ်ဈေးသို့ ဗဟုသုတ လျှောက်ကြ၏ ရေပေါ်ဈေးဆိုသည့်အတိုင်း တချို့လှေများဖြင့် ကန္နားကပ်လျှက်ရောင်းနေသော လူအချို့နှင့် ရေပေါ်မှာ ဈေးဆိုင်များတည်လျှက် ဆိုင်ခန်းများဖွင့်လျှက်ရောင်းချကြသည်။ စည်ကား၏။ သာယာ၏။ ခပ်လှမ်းလှမ်းတနေရာမှာတော့ ဆင်များဖြင့် သွားလိုသောနေရာများကို အမှတ်တရစီးနိုင်ရန်စီစဉ်ထားသည်ကိုတွေ့ရှိနိုင်၏။ ရေပေါ်ဈေးတွင် အမှတ်တရပစ္စည်းများတွေ့၏။ သို့သော် မ၀ယ်မှိခဲ့။ ထိုနေ့အဖို့ ရေပေါ်ဈေးတွင် ဗဟုသုတအဖြစ် မြန်မာဘုန်းတော်ကြီများလှည့်လည်ကြည့်ရှုနေကြသည်ကို အထူးအဆန်းဖြင့် လူတိုင်း၏ အမြင်အာရုံတို့သည် မိမိတို့အပေါ်ကျရောက်လျှက်။ ထိုရေပေါ်ဈေးကို လှည့်ဘည်ကြည့်ရှုပြီး ဘုရားဖူးရန်တနေရာသို့ သွားရောက်ခဲ့သည်။ အမိမြန်မာပြည် ပုဂံဘုရားများကို အစဉ်သတိရအောက်မေ့လျှက် ပုဂံဘုရားများကဲ့သို့ပျက်စီးနေသော ဘုရားပုထိုးများမြင်တွေ့နိုင်သည်။ ဒီနေရာမှာ ထူးခြားချက်တခုရှိ၏။ သစ်ပင်ထဲမှ ဘုရားဦးခေါင်း ထွက်နေသော ပုံမှာ ထူးဆန်းသကဲ့သို့နှယ်။ ထိုနေရာ မှာ ဓါတ်ပုံရိုက်လိုသော် ဒူးကိုထောက်လျှက်၎င်း.ထိုင်လျှက်၎င်း ရိုက်ရသည် ဤကားဒေသခံတို့၏ စည်းကမ်းတည်း။ ဘုရားပရိဝုဏ်အတွင်းလှည့်လည်ကာ ဖူးမျှော်ကြည်ညိုကြသည်။ နိုင်ငံခြားဧည့်သည်တို့သည်လည်း နေရာတိုင်းမှာတွေ့ရှိလျှက် မိမိတို့အဖွဲ့ ထိုနေရာမှ ထွက်ခွာခဲ့သည်။ ကားစမားမြန်မာဒကာ(ဦးစောစော) ဆိုသူသည် ကားပေါ်မှနေ၍ ရှေးအစဉ်လာတုံးက မြန်မာတို့တိုက်ပွဲဝင်ခဲ့သောနေရာများ နှင့် ရှင်ဘုရင်နန်းတော်ဟောင်းနေရာများ လိုက်လံပြသသည်။ အချို့နေရာများတွင် စေတီအဟောင်းအပျက်အစီးများတွေ့ရှိခဲ့သည်။ (ထိုင်းတို့သည် မြန်မာမှန်ရင် အလွန်မုန်းတီးကြသည်ဟု ပါးစပ်ရာဇ၀င်တို့ကြားဘူးခဲ့သည်။ အမှန်စင်စစ်မှာ အမုန်းရဲ့နောက်ကွယ်မှာ ကြောက်ခြင်းသာဖြစ်နိုင်သည်။ ယိုးဒယားတွေဟာ မြန်မာတွေကို မုန်းတီးသလို မသိစိတ်ထဲကနေ လေးစားကြောက်ရွံ့စိတ် ရှိတယ်လို့ ကြားဖူးပါတယ်။ စိတ်ပညာရှင်တွေရဲ့ အဆိုအရလည်း ကိစ္စတစ်ခုကို လိုတာထက်ပိုပြီး ခါးခါးသီးသီး မုန်းပြ ဆန့်ကျင်ပြတာဟာ မသိစိတ်က ကြိတ်ပြီး ကြောက်တာ ကြည်ညိုတာလို့ ဆိုနိုင်ပါတယ်။ )ထိုမှဆက်လက်၍ အယုဒ္ဒယမြို့တော်၏ ကျက်သရေဆောင် တက္ကသိုလ်ကြီးသို့ ဗဟုသုတအဖြစ်လေ့လာရန် (၄င်းတက္ကသိုလ်တွင် တတ်ရောက်ပညာသင်ကြားနေသော ဦးဇင်းချောချောလေး ဦးဝိသုဒ္ဒ မှ တက္ကသိုလ်ကြီး၏ အဓိကနေရာများကို လိုက်လံပြသပေးသည်။သိမ်ကျောင်းတွေ ကျောင်းသားနေရာအဆောင်များ စာသင်ခန်းများ စသည်စသည်တို့ လိုက်လံပြသသည်။ ) ၄င်းတက္ကသိုလ်ကြီး မကြာမီက ရေများဖျက်စီးလို့ ပျက်စီးခဲ့ရသည်ဟူ၏။ တက္ကသိုလ်၏ပရိဝုဏ်သည် ကျယ်ပြန့်၏။ ရွှေမြန်မာတို့ တတ်ရောက်ပညာသင်ကြားနေကြသည်မှာ အပါး ၁၀၀ခန့် ရှိသည်ဟု ကျောင်းသားဦးဝိသုဒ္ဒ မှပြောပြသည်။ အဆောက်အဦးတို့သည်လည်း ခန့်ညားလျှက် တွေ့ရသည်။ ကျောင်းသားများအဆောင်သည်လည်း ၄ ပါးတခန်းထားသည်။ အင်တာနက်စသည်တို့လည်းဖရီးရသည်ဟုဆိုသည်။ အဆောက်အဦးကြီးများမှာလည်း ဆက်လက်လုပ်ဆောင်လျှက်ရှိသည်။ ခေတ်မှီသည်။ သိမ်ကျောင်းကြီး၏ လုပ်ဆောင်မှုဖွဲ့သည်းထားမှုသည် အပြင်မှကြည့်သော် ခပ်ကျဉ်းကျဉ်းဟု ထင်ထားခဲ့သည် သို့သော် မြေတိုက်ခန်းများ စသည်တို့ လုပ်ဆောင်ထားခြင်းမှာ အလွန်ကောင်းမွန်လှ၏။ ဦးဝိသုဒ္ဒမှလည်း သူ့တက္ကသိုလ်ကြီး၏ ကျယ်ဝန်းပုံကိုချီးမွမ်းခန်းဖွင့်နေသည်မှာ အံ့သြစရာကောင်းလှ၏။ မကြာမီ ဘယ်လို ပရော့ဂျက်တွေ လုပ်အုံးမှာ ဘာညာနဲ့ ရေပတ်မ၀င်ပြောနေတော့၏။ တခါတရံ အရွှန်းဖောက်ရယ်စရာလေးများနှောလို့ အပူဒဏ်ကို သတိမထားမိခဲ့။ အပြင်မှာတော့ နေပူရှိန်သည် ပူမြဲပူလျှက် သို့သော် ဘ၀အပူကို အေးမြအောင် အရွှန်းဖောက် ပြောဆိုတတ်သော အယုဒ္ဒယမြို့ တက္ကသိုလ်ကျောင်းသားတယောက်ဦးဝိသုဒ္ဒ ဆိုသော ဦးဇင်းလေးကိုတော့ အမှတ်တရ မှတ်တမ်းတင်မိသည်။ အပြန်လမ်းတွင် မိမိတို့ ဂိုက်(ဦးခေမာဝံသ)မှလည်းရယ်စရာများဖြင့် ပြောဆိုလျှက် ကားပေါ်ရှိ မိမိတို့ အားလုံး သံပြိုင်ရယ်လျှက် ကားလေးမှာတော့ သူ့တာဝန်ကျေအောင် မောင်းနှင်လျှက် ကားပေါ်မှ မိမိတို့ အပျော်များဟာ အယုဒ္ဒယမြို့တော်သူ/သားများ သိပါလေစ။ ကားကလေးသည် အရှိန်ပြင်းစွာ မိမိတို့နေထိုင်သော ၀ပ်တလုံးကျောင်းတော်ဆီသို့ မောင်းနှင်လျှက်  အယုဒ္ဒယမြို့တော်၏ ကားလမ်းမပေါ်မှာ အပြုံးပန်းတို့ဖြင့် ရယ်စရာများ ပြောရင်း ရယ်ရွှင်သံများသည် အယုဒ္ဒယမြို့ ကားလမ်းမတလျှောက်ဝယ် ပျံ့နှံ့၍ ပျံ့နှံ့၍  မိမိသည် ပြင်ပမှ ရှုခင်းများကိုကြည့်ရင်း..အယုဒ္ဒယမြို့တော်ဟာ တကယ်တော့ အမိမြန်မာပြည်နှင့် ခပ်ဆင်ဆင်ပါလားဟု. တွေးရင်း

No comments:

Post a Comment