ဗာရာဏသီကျောင်းသားလေး
Pages
(Move to ...)
Home
▼
Saturday, April 14, 2012
"မလေးရှားနိုင်ငံ ပီနန်ကမ်းခြေနှင့်ရွှေမြန်မာတို့"
ရွှေမြန်မာတို့သည် ဤသို့ကမ်းခြေမှာပျော်ရွှင်လျှက်
ပီနန်ကျောင်း သင်္ကြန်ပျော်ရွှင်အပြီးမှာ မိမိတို့ကားသည် ပီနန်ကမ်းခြေသို့ သွားရောက်ခဲ့သည်။ မိမိတို့နှင့် ကမ်းခြေသည် ဘယ်လိုမှမပတ်သတ်ပါ သို့သော် ရွှေမြန်မာတို့ အားရက်မို့ သူတို့နှင့်ထပ်တူလိုက်ပါခဲ့ခြင်းဖြစ်၏။ အမှန်မှာ ပီနန်ကမ်းခြေသည် ပိတ်ထားသည်ဟူ၏။ ရွှေမြန်မာတို့ တောင်းဆိုချက်အရ ဖွင့်ပေးခြင်းဖြစ်သည်။ ရာသီဥတုကြောင့် လွန်ခဲ့သော ၃ ရက်ခန့်က မြေငလျင်လှုပ်သံကြားခဲ့ရသည်။ အင်ဒိုနီးယားနိုင်ငံ ။မလေးရှားနိုင်ငံမှာလည်း တချို့တလေ သိလိုက်ရ၏။ ကြီးကြီးမားမားမဟုတ်ခဲ့ ထိုသို့သော သတင်းကြောင့် မလေးရှားအစိုးရသည် ပီနန်ကမ်းခြေကို ပိတ်ထားခဲ့သည်။သို့သော် ရွှေမြန်မာတို့ သင်္ကြန်ရက်မို့ အပန်းဖြေစေရန် ဖွင့်ပေးသည်ဟု ဆိုသည်။ ပင်လယ်ကမ်းခြေတွင် မော်တော်ဘုတ်များ.လေထီးများစီးနိုင်သည်။ ကားပေါ်မှ ဆင်းသည်နှင့် သင်္ကြန်သီချင်းသံတို့သည် ဆူညံလျှက် ကားအစီးပေါင်းအများပြားတို့ဖြင့် ရွှေမြန်မာတို့ ပင်လယ်ကမ်းခြေသို့ ရောက်လာခဲ့ကြပြီပေါ့။ တချို့ဘောလုံးကို ကိုင်လျှက် တချို့ ခြင်းလုံးကိုကိုင်လျှက်လွတ်လပ်စွာဆော့ကစားကြမည်။ မိမိတို့အဖို့ ရေချိုးခြင်းလည်းမသင့်လျှော်။ ကစားခြင်းလည်းမလျှောက်ပတ်။ သစ်ပင်တပင်အရိပ်အောက်မှာထိုင်နေရသည်။ ရွှေမြန်မာတို့သည် ဆော့ကစားကြခြင်း။သီချင်းများသီဆိုခြင်းဖြင့်ပျော်ရွှင်နေကြသည်။ တချို့ဘောလုံးကို ကန်လျှက်..တချို့ ရေကူးလျှက်..တချို့မော်တော်ဘုတ်စီးလျှက် နေရာမလပ်ရွှေမြန်မာတို့နေရာယူနေကြသည်။ ခန့်မှန်းခြေ တသိန်းကျော်ကျော် ရွှေမြန်မာတို့တွေ့ရပေသည်။ အဖွဲ့လိုက်ဘောလုံးကစားနေကြသည်လည်းရှိ၏။ ခြင်းလုံးဝါသနာပါသော လူငယ်တို့သည်လည်း မြန်မာ့အားကစား ၀ိုင်းခြင်း ဆော့ကစားလျှက် တွေ့ရှိနိုင်သည်။ ခပ်ဝေးဝေးမှ မြင်တွေ့နိုင်သော သင်္ဘောကြီးများ မှုန်ပြပြတွေ့နေရသော ပင်လယ်ပြာကြီးကို မိမိတို့ငေးလျှက် သဲသောင်ပြင်ဝယ် နေလှမ်းနေကြသော အချို့ ဥရောပနိုင်ငံသားများ အနောက်နိုင်ငံသားများ..တချို့ ထီးရိပ်အောက်ဝယ် ဘီယာကိုသောက်ရင်း ပီနန်ကမ်းခြေ၏ အလှပကို မျှော်ကြည့်ရင်း အတွေးကိုယ်စီ ရှိကြလျှက်။ မိမိတို့အဖို့မှာတော့ ရေသန့်ဘူးမှ ရေကိုသောက်ရင်းမလေးရှားနိုင်ငံရဲ့အပူဒဏ်ကို အံတုလျှက် ခပ်ဝေးဝေးမှုန်ပြပြမြင်တွေ့နေသော ပင်လယ်ပြင်ကြီးကိုငေးရင်း…ရွှေမြန်မာတို့ ဆော့ကစားနေကြသည်ကို ရောက်လိုက် ပင်လယ်ပြင်ကိုကြည့်လိုက်. အနောက်နိုင်ငံသားတို့၏ သူတို့စိတ်ကြိုက် သဲများတူးလျှက် သဲထဲ လူ အောင်းခြင်းများလဲ တွေ့ရှိခဲ့သည်။ အနောက်နိုင်ငံသားတို့၏ သဲကို တူးလျှက် သဲထဲ ခိုအောင်းခြင်းသည် စင်္ကာပူနိုင်ငံမှာလည်းတွေ့ရှိခဲ့သည်။ တချို့သစ်ပင်အောက်တွင် ကုလားထိုင်တို့ဖြင့် စာဖတ်လျှက် တချို့ နေကာမျက်မှန်တပ်ပြီး ပင်လယ်ပြင်ကို ငေးလျှက် တချို့ ဘီယာသောက်ရင်း အတွေးကိုယ်စီတွေးလျှက် ..မိမိတို့အဖို့ ကြာရှည်နေခြင်းသည် မဖြစ်တော့သည်မို့ မိမိတို့ကားကြီးရှိရာသို့ ပြန်လာခဲ့တော့၏။ ခု မှဝင်လာကြသောရွှေမြန်မာများလည်းရှိ၏။ နေမ၀င်မချင်း ရွှေမြန်မာတို့ ၀င်လာမစဲ တသဲသဲ ဖြစ်တော့သည် မို့ မိမိတို့အဖို့မှာတော့ ကားပေါ်နေရာယူ၍ ထိုင်နေရုံမှတပါး.အခြားမရှိတော့ပြီမို့..ကားကြီးရှိရာသို့ ပြန်လာခဲ့တော့၏
။
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment