Pages

Tuesday, April 6, 2010

သူတို့ဒီလိုပြောကြတယ်ပေါ့..


ဗုဒ္ဒ..၏နည်းလမ်း.
အကယ်၍ ပြဿနာတခုခု ဖြေရှင်းဘွယ်ရာရှိလျှင် ဗုဒ္ဒဟောကြားခဲ့သည့် လမ်းစဉ်ဖြင့် ငြိမ်းချမ်းစွာ ဒီမိုကရေစီကျကျ စဉ်းစားဆင်ခြင်ရပေသည်.။ ။(နေရူး)
ဗုဒ္ဒဘာသာထက်.သာလွန်သည့်အရာဟူ၍မရှိပါ.
ဗုဒ္ဒဘာသာဝင်ဟုပင်ဆိုဆို.မဟုတ်ဟုပင်ပြောပြော. ကွှန်ုပ်သည်.ကမ္ဘာ့ကိုးကွယ်မှုပိုင်းဆိုင်ရာ ဘာသာရေးစနစ်အသီးသီးကို လေ့လာဆန်းစစ်ဘူးပါ၏။ သို့သော်..သို့သော်. ဗုဒ္ဒ၏အရိယမဂ္ဂင်(၈)ပါးနှင့်သစ္စာ(၄)ပါးတရားထက် ထူးကဲသာလွန်သည့်လှပစွာခြုံငုံမိသောအရာကို. မည်သည့်ဘာသာဝင်မျှမတွေ့ရှိရချေ. ကွှန်ုပ်အနေနဲ့ ထိုလမ်းစဉ်အတိုင်း မိမိ ဘ၀ကိုပြုပြင် နေထိုင်ရသည်ကိုကျေနပ်နေမိပါသည်။ ။(ပါမောက္ခ ရီးစ်ဒေးဇစ်)
လာလှည့်ရှုလှည့်ပါလို့သာ.
ဗုဒ္ဒဘာသာသည်သိခြင်းမြင်ခြင်းသည်သာလျင် ပဓာနဖြစ်၍ ယုံကြည်ခြင်းငှာအရာမဟုတ်ချေ..
ဗုဒ္ဒ၏ဒေသနာတော်များတွင်လည်း
ဧဟိပဿိကော.ဟုပါရှိရာ.လာ၍ ရှုကြည့်လော့.ဟူ၍သာ.
ဖိတ်ခေါ်ထာထားလေ၏.
လာ၍ ယုံကြည်လက်ခံပါဟု.မဆိုပေ။ ။(ဒေါက်တာဝါပိုလာ)

No comments:

Post a Comment