Pages

Thursday, March 11, 2010

အနေဝေးသော်လည်း အနေနီးဆိုတာ.


အခုတလော.post.မတင်ဖြစ်ခဲ့ပါ.ကွန်နရှင်ရဲ့ဆိုးဝါးမှုကြောင့် အခဏ်းကျဉ်းလေးထဲမှာ တယောက်ထဲ ဟိုတွေး ဒီတွေးဖြင့် အတွေးတို့သည်လည်း တွေးလို့မကုန်နိုင် အော်.မြတ်ဗုဒ္ဒရဲ့ စကားတော်တွေကို အောင့်မေ့ရင်း မဇ္ဈိမသားတွေအကြောင်းတွေးပြီး မဆီမဆိုင်စိတ်လေး နေမိတယ်ပေါ့.. မြတ်ဗုဒ္ဓက ငါဘုရားရဲ့ အနီးနားမှာ နေသော်လည်း ငါ့စကားကိုနားမထောင်ဘူး.ငါကျင့်ကြံသလို မကျင့်ကြံဘူး ဆိုရင် အနေနီးသော်လည်း အနေနီးသည်မမည်.တဲ့ ဗုဒ္ဒရဲ့စကားလေး.ကောင်းလိုက်တာမှ ခေတ်စကားနဲ့ပြောရရင် အရမ်းကိုလန်းနေတဲ့ စကားလုံးလေးပေါ့.. ဒီနေ့မဇ္ဈိမသားတို့သည်. ဗုဒ္ဓ ဘာသာ ဟူသောကျင့်သုံးမှုတို့သည် သူတို့၏ သန္တာန်၌မရှိကြ တော့.ရင်လေးစွ ဘာသာဓလေ့ တို့သည်လည်း အစွန်းသို့ရောက်ကုန်ကြပြီပေါ့. ဗြဟ္မဏ၀ါဒ. ဂျိန်းဝါဒ. စသည် စသည်တို့ဖြင့် ကိုးကွယ်နေကြ၏. ဗုဒ္ဒဘာသာဟူ၍ကား. မရှိတော့ မဟုတ်ရှိကြ၏။ သို့သော်.အမည်ခံလောက်သာများ ၏။ မိမိတခါက.၂၀၀၈.ခု အမိမြန်မာပြည်ကိုပြန်မည်လို့ ရင်းနှီးသောကုလား ဒကာမိသားစုအား သွားရောက်နှုတ်ဆက်ခဲ့၏။ ထိုမိသားစုကား. ဗုဒ္ဒဘာသာဟူသတတ်။ မိမိအား..အမှတ်တရအဖြစ်ခြုံထည်တထည် လှူလိုက်၏.india နိုင်ငံမှာ၎င်းခြုံထည်အလှူတခါရဘူး၏။ မိမိမှတ်တမ်းထင်ထား၏.တင်ပြဘို့ ထိုမိသားစု အိမ်သို့သွားခဲ့သော်လည်း. ပတ္တနားမှာ ရှိနေကြောင်းသိရ၍ အလှူဓါတ်ပုံကား တင်မပြ နိုင်တော့။ သို့သော် ဗုဒ္ဒဘာသာကားမှန်၏။ အိမ်မှာတင်ထားသည်ကား ဗုဒ္ဒရုပ်ပုံကားချပ်နှင့် ဂျိန်းဘုန်းကြီး ပုံတော်များတွေ့ရှိရ၏.သို့သော် သူသည်လည်း အလှူတခုအထ မြောက်ချေပြီဆိုပြီး မေတ္တာပို့ကာပြန်ခဲ့ရတော့၏။ မဇ္ဈိမသားတို့သည် ဂင်္ဂါမြစ်ကိုသာကိုးကွယ်ကြခြင်းလော စတဲ့မေးခွန်း တို့သည်လည်း မိမိရင်ထဲမှာအစီစီအရီရီပေါ့။ ဒါလဲဖြစ်အံ့ မည်မထင်။ သရဲလိုပုံစံဖြင့်ပြုလုပ်သော ကြောက်မက်ဘွယ်အရုပ်ကိုကိုး ကွယ်ကြခြင်းလား. ဒါတော့ ဖြစ်နိုင်ခြေရှိ၏။ ဆောင်းအကုန်. နွေအကူး. မြို့ထဲမှာ၎င်း.နေရာအတော်များများတွင်အမှိုက်များပုံကာ.မီးရှို့တတ်ကြ၏။ မြို့လည်ခေါင် သော.ဘာသောနား မလည်ကြချေ.ထိုမီးပုံများကိုမီးရှို့ကာသရဲကြီးလို့ခေါ်ဆို နိုင်သောနတ် ဘုရားအား ပူဇော်ကြ၏.အော်.. မြတ်စွာဘုရားရှင်ဘုရားပွင့်ခဲ့သော နေရာမှာ လူဖြစ်ခဲ့ကြသော်လည်း ယုံကြည်မှုပိုင်းဆိုင်ရာ၌ ဘာသာရေး သာသနာရေးမှာသူတို့ မသိကြလေရော့သလားဆိုပြီး အတွေးတို့သည်လည်း.. သူတို့သည် မြတ်စွာဘုရား နှင့်အနေနီးခဲ့သော်လည်း အနေနီးဟုမခေါ်နိုင်ပါ. အနေဝေးသည်သာတည်း။
တနေ့စာဖတ်နေရတာလည်း ငြီးငွေ့လာတာနဲ့အမျှ.အင်တာနက်စာမျက်နှာကိုဖွင့်ပြီး မိတ်ဆွေ အပေါင်း အသင်းတွေနဲ့မေးကြမြန်းကြဘို့ ချက်တင်ဝင်လိုက်တော့၏။ ချက်တင်မ၀င်ဖြစ်တာ အတော်ကြာပြီဖြစ်၏။ ဟော..တွေ့ခဲ့ရတဲ့အသိတယောက်ပေါ့.. ဆွိဒင်နိုင်ငံ၌နေသည် ဟုသိလိုက်ရလေ၏.အော်..ဘာသာခြားနိုင်ငံ တနိုင်ငံမှာနေခြင်းဖြင့်. ဘာသာရေးမဲ့နေပြီလော..ဆိုသော အတွေးတဘက်မိမိရင်မှာ ကိန်းအောင်းလာခဲ့... အင်း...ဆိုပြီးသက်ပြင်းလေး မသိမသာချပြီး. မြန်မာဆိုသောအသိကြောင့်မေးရမှာလဲ မရဲတရဲ ရင်ထဲမှာလည်း မွန်းကြပ်မိခဲ့. ပြောရင်းဆိုရင်းဖြင့် ဘာသာရေးလမ်းကြောင်းသို့မေးမြန်းရလေတော့၏။ အို..၀မ်းသာ လိုက်တဲ့စကား.. ကြားခြင်လွန်း တဲ့စကား.ရင်ထဲမှာ ပီတိတို့သည်ကား. ပြောလို့မပြတတ်လောက်အောင်ဖြစ်ခဲ့ရ၏။
ထိုဆွိဒင်နိုင်ငံနေသူသည်..မွန်လူမျိုး.ဖြစ်၏။မိမိသည်လည်း ရောက်ဘူးသောနေရာများ. ဘာသာ ရေးနဲ့ပတ်သတ်ခဲ့ရင် အတော်လေးစားမှုရှိကြောင်း စသည်စသည်တို့ ပြောလိုက်ရင်း အချိန်ကား အတော်လင့်နေပြီ နောက်ပြီး၎င်း ဆွိဒင်နိုင်ငံနေအမျိုးသမီးသည် အသက်အားဖြင့်(၃၇) အမည်ကား မကြည်ကြည်ခိုင်(မွန်မလေး) ဖြစ်၏..တပည့်တော်တို့မွန်တွေက ဘာသာရေးတောင် အသက်ပေးပြီး စောင့်ရှောက်ခဲ့တာလေ..တဲ့ ခု.ရောဗုဒ္ဒဘာသာပဲပေါ့.. အိမ်မှာအမြဲတမ်းမနက်မိုးလင်းသည်နှင့် ဗုဒ္ဒဝေ ယျာဝစ္စများ လုပ်ကိုင်ကြောင်း မေတ္တာပို့ အသံလေးတွေဖွင့်ကြောင်း ခရားရေလွတ်ပြောလေ တော့၏.မိမိသည်လည်း ဒီနေ့တော့ပြောဟောပြခြင်း ဘုရားနှင့်အနေဝေးသော်လည်း ဘာသာရေး လုပ်ဆောင်နေခြင်း ဘုရားနဲ့ပတ်သတ်သော ဘုရားဝတ်ပြုဂုဏ် တော်ပွားမေတ္တာပို့ခြင်းများပြူလုပ်ဘို့ ပြောပြခွင့်ရတော့၏။ စိတ်ချမ်းသာမှုတွေကား ပြောမပြတတ်အောင် ဖြစ်မိ၏..မခိုင်.ရေ မဇ္ဈိမသား တွေကတော့ အနေနီးသော်လည်း အနေဝေးနေကြပြီလေ..မခိုင်တို့သည် အနေဝေးသော်လည်း အနေနီး နေတဲ့မိသားစုဖြစ်ကြောင်း.နှင့် ဘာသာရေးဝေးနေတဲ့နေရာတခုမှာ ဘာသာရေး လုပ်ခြင်းဖြင့်. မိမိရဲ့လော ကီစီးပွါးစတဲ့ လိုအင်ဆန္ဒတွေပြည့်စုံနိုင်ကြောင်း.ပြောပြီး..မိမိရေးထားသော.မိမိ မတတ်တတတ်ရေး ထားသော နေရာလေးကိုဖိတ်ခေါ်ကာ.ကြည့်ရှုခိုင်း၏.ကြည်ညိုခိုင်း၏။လေ့လာခိုင်း၏.မကြာမကြာ တွေ့တိုင်း လည်း. မမြင်ဘူးသော်လည်း.ညီမလိုတသွယ် အမလိုတဖုံပြောဆိုဆက်ဆံခဲ့ရပြီး မိသားစုတွေ အားလုံးသည် ဟိုအဝေးမှာဖြစ်လင့်ကစားတွေ့ဘူးမြင်ဘူးသော အသိမိတ်ဆွေပမာ ဘုရားနှင့်ပတ် သတ်သော ဘာသာရေး နှင့်ပတ်သတ်သော.စကားလေးတွေပြောဖြစ်ခဲ့ပြီး.အနေဝေးသော်လည်း. အနေနီးဖြစ်နေကြတယ် ဆိုတာ.. ဘာသာရေးနှင့်ပတ်သတ်ရင် မမေ့ဘို့.မိမိတတ်နိုင်သမျှကြိုးစားဘို့ မအားလို့ပါဆိုတဲ့ အသုံးနှုံးတွေကြားထဲက သေသွားတဲ့လူတို့သည်အများကြီးလို့ မိမိသည်လည်း မအားဘူးဆိုသည့်ကြားက သေရမည်ဆိုတာ.. သိနေပြီလေ. မသေခင်မှာ.. အနေနီးတဲ့ သူတွေဖြစ်ကြ လေအောင်.ဒီ..နေ့တော့ ဒီစာလေးကို (ဆွိဒင်နိုင်ငံ) နေမကြည်ကြည်ခိုင်တို့မိသားစုအား.. အမှတ်တရအဖြစ်တင်လိုက်ရတယ်ပေါ့။
အနေဝေးသော်လည်းနေနီးသောလူတယောက်ဖြစ်အောင်ကြိုးစားပါ..ဆိုတာ....
သုခိအတ္တာနံ ပရိဟာရန္တု...ကျမ္မာကြပါစေဆိုတာ...


No comments:

Post a Comment