Pages

Wednesday, February 10, 2010

မမေ့နိုင်သောနေ့တစ်နေ့

အချိန်ကား.ဆောင်းအကုန်နွေအကူးပေါ့ အမိမြန်မာပြည်မှာဆိုရင်တော့ ဥသြငှက်တို့ရဲ့ အလိမ်းသီချင်းဆိုတဲ့ အချိန်ပေါ့။ မှတ်မှတ်ရရပြောရရင်တော့ (၁၉.၀၂.၂၀၀၈) ဆိုတဲ့နေ့တနေ့ပေါ့၊ ဗာရာဏသီရွှေမြို့တော်ကနေ အိန္ဒိယနိုင်ငံရဲ့ဒုတိယမြို့တော် ကာလကတ္တားမြို့သို့ သူငယ်ချင်းတွေနဲ့အတူ ခရီးထွက်ခဲ့တယ်လေ.. ညရထား ကြီးစီးလို့ပေါ့…အင်း…ဘူတာဆိုတော့.အများသူငါတို့သွားလာလှုပ်ရှားနေကြတယ်လေ…အော်.. ဗာရာဏသီ ရွှေမြို့တော်ဘူတာကြီးကလဲ ရှေးရှေးကဘုရားပုံတော်တွေကို ဆေးပန်းချီတွေနဲ့ချယ်မုန်းထားလိုက်တာ မဇ္ဈိမသားတွေရဲ့လက်ရာတွေဟာဟို….အမိမြန်မာပြည်မှ ပုဂံညောင်ဦးကို အပြေးလေး သတိရမှိပါရဲ့. .ဒါနဲ့.မိမိရရာနေရာသို့နေရာယူမိတယ်ပေါ့။ မဇ္ဈိမသားတွေကခရီးသွားရင် ရထားနဲ့သာသွားတတ်တာတဲ့လေ။ အမိမြန်မာပြည်ကိုတောင် လွမ်းစိတ်တမ်းတစိတ်လေးတွေ.သန်းလာခဲ့တယ်။

- - -- - - - - - -- - -------------
ကာလက္ကတ္တားမြို့လေးပါ

မဇ္ဈိမသားတွေဟာ.. တနေ့တာ ရထားစီးလူဦးရေ သိန်းကျော်ရှိတယ်လို့ ကြားဘူးတယ်လေ. ဟုတ်ပါပြီ..ခုလဲတိုးဝှေ့တတ်ကြနဲ့ဗာရာဏသီမှာ လူများကျန်သေးလားဆိုတဲ့အတွေးတောင်ဝင်မိရဲ့လေဒီလိုနဲ့ ရထားကြီးကတော့ တာဝန်အရထွက်နေပြီလေ. နေရာထိုင်ခင်းတွေကတော့အမိမြေနဲ့မတူဘူးလေ.ဒီမှာက general class နဲ့ sleeper class ရယ်လို့ ၂ မျိုးရှိတယ်လေ.general class ကတော့ ဆင်းရဲသားတွေစီးကြတာတဲ့ sleeper class ကတော့ လူချမ်းသာတွေစီးတယ်လေ.ဒို့များတော့sleeper class မှာစီးခွင့်ရတယ်ပေါ့ အဲဒီမှာ sleeper မှာ ၃ ယောက်ထိုင်ခုံက.အပေါ် အလယ် အောက်ဆိုပြီး ထားတယ်လေ။ အဲဒီမှာအပြင်မှာ ပူနေတဲ့ရာသီဥတုကို ရထားထဲမှာစောင်ခြုံရတဲ့အထိ အေးစေတယ်လေ. ဒါတွေထားပါတော့ .ဒို့များကအောက်မှာနေရာရတော့ အပေါ်ထပ်မှာ မဇ္ဈိမသားတွေကရတယ်လေ..အပေါ်မှာ ခြေတောက်ကို ဒါန်းလိုစီးပြီးဒို့များကို ဖိနပ်စီးထားတဲ့ခြေတောက်တွေနဲ့မိတ်ဆက်လို့နေတယ်ပေါ့.. လားလား..
အမိမြန်မာပြည် မှာဆို ဒီလိုမဟုတ်ဘူးလေ။

ခုတော့…ဒါတွေပဲလား…ဘယ်ဟုတ်မလဲ..အပေါ်မှာလေပန်ကာဆိုတာရှိတယ်လေ..လေပန်ကာပေါ်မှာသူတို့ရဲ့ဖိနပ်တွေတင်လို့လေ..ဓါတ်ပုံပါတင်ပြပါ့မယ်..အင်း…ဆိုပြီးသက်ပြင်းရှည်လေးတချက် မှုတ်ထုတ်ပြီး.. အပြင်မှာ ကြည့်မိပြန်တော့..အလို…..ဟယ်….ဟင်..ဆိုပြီး အာမေတိတ်လေးလေးတွေ.. ဖြစ်ခဲ့ရပါတယ်….တံခါးနားကပ်ပြီးပြန်ကြည့်တော့ မိမိမျက်စိအမြင်ဟာမှန်နေပြီ.. အော်..သူတို့တတွေဟာ.. လမ်းမှာချီးယိုတာကတော့ လုမျိုးတွေရဲ့ဓလေ့ဆိုတာသိခဲ့ရတယ်လေ..ခု စရဏမှာ မိမိနေတဲ့အိမ်နားမှာဆို ညနေနေ၀င် မိုးချုပ် အချိန်ဆိုရင် အလုပ်စတော့တာပဲ…ဒါ..လဲ..သွားလေသူ မဟတ္တမဂန္ဒီ ရဲ့ စစ်ပရိယာယ်တဲ့လေ.. လမ်းဘေးမစင်စွန့်တာမဇ္ဈိမသားတို့ရဲ့အကျင့် တခုဆိုတာဗဟုသုတတခုပေါ့.. အင်း.. အတွေးစလေးတွေနဲ့ထပ်တူ ရထားကြီးကတော့ တာဝန်အတိုင်း ဂျုန်းဂျုန်းဂျက်ဂျက်နဲ့ ခုတ်မောင်း နေတယ်လေ..ဒို့များတော့ မအိပ်နိုင်မဇ္ဈိမသားတွေရဲ့ အကြောင်းလေးတွေးရင်းပေါ့.. အော်..မြတ်စွာဘုရား ရှင်ရယ်...... မဇ္ဈိမသားတွေကိုပြန်ပြီး တရားဟောလှည့်ပါဦးဆိုပြီး…တမ်းတမိပါရဲ့လား..

- - - - - - - - - - - - - - - - - - -
ထူးဆန်းတဲ့ညောင်ပင်လေ.........


ရောက်ပြီဆိုပါတော့လေ..အလို.ကာလက္တားမြို့ဟာလဲ ဘူတာပေါင်းများစွာ ရှိတယ်ဆိုတဲ့နေရာပေါ့.ဒီမြို့ရဲ့ ဗဟုသုတတွေကတော့ မြေအောက်ရထားများလူမျိုးပေါင်းစုံနေထိုင်မှုများ ဂေါ်ရခါးဘန်ဂါလီ တွေပိုပြီး တွေ့ရတယ်..မြန်မာဆန်ဆန်လူတွေလဲတွေ့တယ်ပေါ့။ မြေအောက်ရထားဆိုတာ ခုမှစီးဘူးတွေ့ဘူးတော့ အသစ်ဆန်းလေးတွေကိုဖြစ်လို့..ပေါ့..ဟော..အရှေ့တောင်အာရှမှာ အကြီးဆုံးညောင်ပင်တဲ့..နာမည်ကိုက.. ညောင်ပင်ကြီးတဲ့.ဒီညောင်ပင်ကြီး.ရဲ့သက်တန်းကတော့.အနှစ်(၂၅၀)ကျော်လောက်ခန့်မှန်းထားကြတယ်လေ..ဧရိယာအကျယ်ဝန်းကတော့.၂၄.၅- မီတာ ပင်စည်မှကြနေတဲ့ အမြစ်တွေကတော့၂၈၈၀- ရှိတယ်. ၁၉၅၂- ခုနှစ်မှာ..ဒီအမြစ်နွယ်တွေကို ရှင်းလင်းခဲ့တယ်လို့ ဆိုထားတယ်ပေါ့… ယ္ခု.တော့ဒီညောင်ပင်ကိုအကြောင်းပြုပြီး မဇ္ဈိမသားတွေရဲ့ လက်ထဲ.ဒေါ်လာတွေ အမြောက်အမြား နိုင်ငံခြားသားတွေဆီက ၀င်ကြေးတွေ ယူလေ့ရှိတယ်။ နောက်..SCIENCECITY..ဒီမှာလဲ အားကြစရာကောင်းလှပါဘိ။ တိုးတက်လိုက်တာ ဂျပန်နိုင်ငံမှ.. အကူညီပေး ထားတယ်လို့ သိလိုက်ရတယ်လေ...စက်မှုဆိုင်ရာ နည်းပညာများစတဲ့ ဗဟုသုတတွေ နောက် ဗီဒီယိုဆန်ဆန် 3G.ဆန်ဆန် ၀င်ကြည့်ပြန်တော့လဲ မိမိတကယ်ပဲ ကာလကတ္တားမြို့ပေါ်ရောက်နေသရောင်……
- -- - - - - - - - - - - - - - - - - - -
ဒါကတော့ သူတို့ဓလေ့..ဖိနပ်ကိုခေါင်းပေါ်ရောက်အောင်ထား ထားကြတယ်.....


ကားတွေလူတွေသွားလာလှုပ်ရှားနေတာတွေလဲ မြင်တွေ့ပြီး ထူးဆန်းတာလေးတွေတွေ့ခွင့်ရလိုက်တယ်လေ။ ဒီ.လိုနဲ့ကာလကတ္တားရွှေမြို့တော်ကြီးကနေ ပြန်ခဲ့ပြီး..အခုခေါ် ပတ္တနား..ဘုရားလက်ထပ်တော်ကတော့ ပါတလိပုတ်ပေါ့.. အဲဒီပါတလိပုတ်မှာတညအိပ်ပြီး ဆရာတော်ရဲ့.သြ၀ါဒလေးတခွန်း.ကျောင်းသားတွေဆိုတော့ မဇ္ဈိမသားတွေကိုသီးခံဘို့ ကိုယ့်ရည်ရွယ်ချက်မပြောက်ဘို့ သူတို့က အင်မတန်ရိုင်းကြတယ်လေတဲ့ သြစတေလျမှာသူတို့ရှိတယ်။ ငွေရှာခြင်းထက် လူမှုရေးသင်တန်းတတ်တာလို့ ဆရာတော်မိန်တယ်.… ဆရာတော်ဟာ သြစတေလျ မှာသတင်းသုံးနေကြောင်းသိခွင့်ရလိုက်တယ်ပေါ့။

ဆရာတော်စကားအတိုင်း မဇ္ဈိမသားတွေကို သီးခံပဲနေထိုင်ရပါတယ်…ဆိုတာ သိစေခြင်လိုက်တာ ရွှေမြန်မာ တို့ရယ်. အဲဒီမှမိမိပညာသင်ရာဗာရာဏသီသို့ပြန်ခဲ့ရတယ်ပေါ့။ အဲဒီနေ့မှာ မဇ္ဈိမသားတို့ရဲ့ ဘာသာရေး ပွဲရှိတော့ ရထားလက်မှတ်ကအဆင်မပြေခဲ့ရရာ general. လက်မှတ်ဖြင့်ပြန်ခဲ့ရတယ်. မတ်တတ်ရပ်ခါ ရှက်ယောင်သန်းနေသော အားကိုးရှာနေသောမျက်နှာငယ်လေးနဲ့လိုက်ပါခဲ့ရတယ်ပေါ့ တဘူတာဝင် နေရာမရ တဘူတာဝင်နေရာကားမရ။ တကယ်လို့များ အမိမြန်မာပြည်မှာ ဆိုလျှင်ဖြင့်နေရာပေးမဲ့သူတွေအများသား ခုတော့ မျက်နှာငယ်လေးနဲ့ ဟိုငေးဒီငေးနဲ့ပဲပေါ့ ဟော..ဆင်းပြီ အပေါ်ထပ်က ဒါနဲ့ ဒို့များလဲ ညောင်းနေပြီလေ ရပ်နေရတာမရှက်နိုင်ပေါင် အတင်းတိုးဝှေ့ပြီးနေရာယူမိတယ်လေ…..လား…လား ကိုရွှေကုလားက လွတ်နေတဲ့ နေရာလေးတောင် စေတနာနည်းလိုက်တာ ပြန်ပြောလိုက်ပါရဲ့မြန်မာလို လွတ်နေတဲ့နေရာလေးတောင် မပေးခြင်ဘူးလား… ဒါ့ကြောင့် မင်းတို့ဆိုပြီးသူငယ်ချင်းကရယ်လိုက်တာလေ မပြောပါနဲ့ ရီခြင်းကတော့ ဒို့များပြောတဲ့စကားကို နားမလည်သိအတွက်ပါ။

ဟော…ရှေးဘူတာရောက်တော့ဗိုလ်ဆန်ဆန်သားသား နားနားဝတ်ပြီး တတ်လာတယ်။ ဒို့တွေ့တော့ အပြုံးလေးနဲ့နှုတ်ဆက်လို့.ဟာ သူမြန်မာလားဆိုတဲ့ အတွေးလေးတောင် မရဲတရဲတွေးမိတယ်လေ. မဖြစ်နိုင်ဘူး….. သူက နှုတ်ခမ်းမွှေးကားကားကြီးနဲ့ဆိုပြီး.သူကမေးတယ်လေ မမြင်လဲမမြင်ဘူးတဲ့ မျက်နှာထားတွေနဲ့ အထူးဆန်းဖြစ်ကာ Where are you from.? အမေးရှိလို့အဖြေလေးက I am from Myanmar.ပေါ့ ဖြေပြီးမကြာလိုက်ပါ..ဟာ အဲလိုမပြောရဘူးတဲ့ ..သူတို့ဆင်းရဲသားတွေစီးတဲ့ ရထားကို နိုင်ငံခြားသားတွေမစီးရဘူးဗျ၊ တကယ်လို့သူတို့ကမင်းတို့ဒီရထားပေါ်ကဆင်းလို့ နှင်ချရင်ဘယ်လိုလုပ်မလဲ တဲ့..ဗျာ ဟာ လို့ အာမေတိတ်လေးသာသုံးပြီး ငြိမ်ငြိမ်လေးပဲလိုက်ခဲ့ရတယ်ပေါ့.

တကယ်တော့ဒီgeneralလက်မှတ်ဖြင့် နိုင်ငံခြားသားများစီးခွင့်မပြုဘူးတဲ့လေ. မိမိလဲအတွေ့ကြုံ ဗဟုသုတ မရှိတော့စိတ်အားငယ်ပြီး ရသမျှဘုရားစာတွေရွတ်ရင်း မရောက်သေးဘူးလား ဗာရာဏသီရွှေမြို့ တော်ကြီး ရယ်လို့ ရင်ထဲမှ ဆုတောင်းနေခဲ့ရတယ်လေ တကယ်တော့ ဘူတာတွေဝင်မယ်လို့ ဥသြဆွဲလေတိုင်း ရင်ထဲမှာပျော်ရွှင်မိခဲ့ ငါတို့ကိုဘယ်တော့လာနှင်ချလေမလဲဆိုတဲ့ အတွေးကြီးသာ စိုးမိုးအနိုင်ယူနေတော့ ဘာကိုမှမသိတော့ရသမျှဘုရားစာတွေလဲကုန်လုခမန်း.ဟော…ဘော်…..ဘီ…..ဘူရောက်ခဲ့ပါပြီ.. ဗာရာဏသီ ရွှေမြို့တော်ကြီးရယ်……..

မှတ်ချက်…ဒီလိုပြောလိုက်လို့ ဒို့ မြန်မာဘုန်းကြီးတွေ ရထားပေါ်မှ နှင်ချ မောင်းချတဲ့ ပါးစပ်ရာဇ၀င်ဆိုတာ ရှိခဲ့တယ်လေ။ သူငယ်ချင်းပြော သောစကားသည် ဂရုဏာဖြင့်ပြောတာဖြစ်ပါသည်..သြော်……….မဇ္ဈိမ သားတို့ရယ်…

သြော်.....ဘ၀ရဲ့တဆစ်ချိုးအမှတ်တရလေးတွေပါ

No comments:

Post a Comment